News

သြစတြေးလျတက္ကသိုလ်များမှ ပေးအပ်သော ဘွဲ့ဒီဂရီများသည် သြစတြေးလျနိုင်ငံအတွင်းမှာသာမက ကမ္ဘာတစ်ဝှမ်း အသိအမှတ်ပြုလက်ခံလျက်ရှိပြီး သြစတြေးလျ Group of Eight တက္ကသိုလ်များသည်လည်း ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် (၁ဝဝ) စာရင်းတွင် ပါဝင်လျက်ရှိပါတယ်။

ကမ္ဘာကျော်သဘာဝအံ့ဖွယ်နေရာများ၊ လှပသောကမ်းခြေများ၊ လုံခြုံစိတ်ချရမှုနဲ့အတူ ဖွံဖြိုးတိုးတက်ပြီး အစစအရာရာ တည်ငြိမ်တဲ့ နိုင်ငံတစ်ခုဖြစ်တာကြောင့် နိုင်ငံတကာ ကျောင်းသားများအတွက် ပညာသင်ယူသွားရောက်မှု အများဆုံးနိုင်ငံများထဲက တခုအပါအဝင်လည်း ဖြစ်ပါတယ်။

သြစတြေးလျ ပညာရေးစိတ်ဝင်စားသူတွေအတွက် အခုပို့စ်ကတဆင့် ❝သြစတြေးလျသို့ ပညာသွားရောက်သင်ယူရာတွင် အမေးများသော မေးခွန်းများ❞ ကို သိရှိနိုင်ရန် ဖြေကြားပေးလိုက်ပါတယ်။

(1) သြစတြေးလျနိုင်ငံမှာ ဘယ်ဘာသာရပ်တွေကို ရွေးချယ်သင်ယူမှု အများဆုံးလဲ။

သြစတြေးလျတက္ကသိုလ်များသည် Medicine၊ Natural Arts နှင့် Liberal Arts နှင့် Engineering စတဲ့ ပရိုဂရမ်များစွာအထိ သင်ကြားတက်ရောက်နိုင်ပြီး Engineering, Technology, Medicine,  Ecology, Accounting, Finance  ဘာသာရပ်နယ်ပယ်များသည် သြစတြေးလျနိုင်ငံရဲ့ ထင်ရှားတဲ့ဘာသာရပ်များဖြစ်ကြပါတယ်။

အဆိုပါ ဘာသာရပ်နယ်ပယ်များအတွက် သြစတြေးလျနိုင်ငံကို ရွေးချယ်စဉ်းစားနိုင်ပြီး နှစ်စဉ် အဓိက Intake တွေဖြစ်တဲ့ February နဲ့ July Intake များတွင် လျှောက်ထားနိုင်ပါတယ်။

(2) သြစတြေးလျနိုင်ငံမှာ ပညာသင်သွားရောက်ဖို့ (၁) နှစ်စာကုန်ကျငွေ ဘယ်လောက်ရှိမလဲ။

သြစတြေးလျနိုင်ငံရှိ ranking ကောင်းမွန်သည့်တက္ကသိုလ်များတွင် Self-funded ဖြင့် ပညာသင်ယူကြမယ့် မြန်မာကျောင်းသူ၊ကျောင်းသားတွေအတွက် (၁)နှစ်စာ ကျောင်းလခအပါအဝင် နေထိုင်စရိတ်အပြီးအစီး မြန်မာကျပ်‌ငွေ သိန်း၇၃ဝ မှ သိန်း ၉၉ဝ အထိ ခန့်မှန်းကုန်ကျနိုင်ပါတယ်။

(3) သြစတြေးလျနိုင်ငံကို ပညာသင်သွားဖို့သေချာပြီဆိုရင် ဘာတွေ ပြင်ဆင်ထားရမလဲ။

သြစတြေးလျနိုင်ငံမှာ အဆင့်မြင့်ဘာသာရပ်များ  သင်ယူနိုင်ရန်အတွက် အင်္ဂလိပ်ကျွမ်းကျင်မှုလက်မှတ်တွေ ဖြစ်တဲ့ IELTS/PTE/TOEFL တို့မှာ အဓိကအပါအဝင်ဖြစ်ပြီး ပညာရေးမှတ်တမ်းစာရွက်စာတမ်းများ (Academic documents)၊ အမှတ်စာရင်းများ (Transcripts)၊ Motivation Letter၊  Letters of recommendation၊ CV ၊ မိဘ Bank Statement နဲ့ အနည်းဆုံး (၆) လ အထက်သက်တမ်းရှိသော Passport  တို့ကို ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ (လိုအပ်ပါက ကျောင်းရွေးချယ်မှုများ၊ ဘာသာရပ်ရွေးချယ်မှုများအတွက် သက်ဆိုင်ရာ ပညာရေးအတိုင်ပင်ခံများနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။)

(4) သြစတြေးလျနိုင်ငံမှာ  Undergraduate တက်ရောက်ဖို့  ဘယ်လိုပညာရေးလမ်းကြောင်းတွေရှိလဲ။

▣ မြန်မာကျောင်းသူကျောင်းသားများအနေဖြင့် အထက်တန်းနဲ့ ညီမျှသော မြန်မာဆယ်တန်းပညာရေး (သို့မဟုတ်) IGCSE (သို့မဟုတ်) GED ဖြေဆိုအောင်မြင်ပြီးသော်လည်း သြစတြေးလျ တက္ကသိုလ်များသို့လျှောက်ထားကြသည့်အခါ Foundation Year မှ စတင်တက်ရောက်ကြရမှာ ဖြစ်ပါတယ်။ 

သြစတြေးလျ တက္ကသိုလ်များသို့ တိုက်ရိုက်တက်ရောက်လိုပါက Grade 12 Program ( ACT-GAC/ OSSD) များကို မြန်မာနိုင်ငံတွင် ပြင်ဆင်တက်ရောက်ပြီး ကျောင်းသားထူးချွန်မှုအလိုက် Ranking မြင့်  သြစတြေးလျ တက္ကသိုလ်ကျောင်းများတွင် Foundation Year မလိုဘဲ တက္ကသိုလ်ပထမနှစ်မှ စတင်ကာ တိုက်ရိုက်တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

ဘွဲ့ဒီဂရီရရှိရန် သြစတြေးလျရှိ တက္ကသိုလ်များတွင် အချိန်ပြည့် (၃) နှစ်တက်ရောက်သင်ကြားရမှာဖြစ်ပြီး Foundation Year ကင်းလွတ်ခွင့်မရရှိထားပါက စုစုပေါင်း (၄) နှစ် ကြာမြင့်မှာ ဖြစ်ပါတယ်။ ဘွဲ့ဒီဂရီများလျှောက်ထားရာမှာလည်း Arts, Commerce, Law, Science ဘာသာရပ်များသည် Dual Degree (သို့) Combined Degree အဖြစ်အများဆုံးတွဲဖက်ယူလေ့ရှိတဲ့  ဘာသာရပ်များဖြစ်ကြပါတယ်။

သြစတြေးလျနိုင်ငံရှိ တက္ကသိုလ်များသို့ ကျောင်းဝင်ခွင့်တိုက်ရိုက်မရရှိသော ကျောင်းသူ ကျောင်းသားများအနေဖြင့်လည်း University Pathway Program များမှတဆင့် လျှောက်ထားနိုင်ကြပါတယ်။ တက္ကသိုလ်နှင့် ပရိုဂရမ်တစ်ခုစီ ကိုယ်ပိုင် ဝင်ခွင့်သတ်မှတ်ချက်များအတွက် လိုအပ်ပါက သက်ဆိုင်ရာ ပညာရေးအတိုင်ပင်ခံများနဲ့ ဆွေးနွေးအကြံပေးမှု ရယူနိုင်ပါတယ်။

(5) သြစတြေးလျနိုင်ငံမှာ ဘွဲ့လွန်ဒီဂရီများ တက်ရောက်ဖို့ ဘာတွေလိုအပ်လဲ။

ဘွဲ့လွန်တက်ရောက်သင်ကြားကြမယ့် ကျောင်းသားများအတွက် Pre-Master (သို့) Master Degree Program ရွေးချယ်တက်ရောက်နိုင်သလို သြစတြေးလျတက္ကသိုလ်များမှ Master Program များမတက်ရောက်ခင် တက်ရောက်သင်ကြားပေးသော Graduate Certificate ၊ Graduate Diploma Program များလည်းရှိပါတယ်။ (၆) လ မှ (၁) နှစ်ထိ ကြာမြင့်နိုင်ပါတယ်။ သို့သော် ‌နိုင်ငံတကာကျောင်းသူ ကျောင်းသားအများစုအနေဖြင့် Pre-Master / Master ပရိုဂရမ်များကိုသာ ပိုမိုရွေးချယ်လေ့ရှိကြပါတယ်။

သြစတြေးလျတွင် ပညာသင်ကြားခြင်း၏ အခြားအားသာချက်တစ်ခုမှာ အစိုးရအသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ Bachelor (သို့) Master (သို့) PhD ဘွဲ့ ရရှိပြီးပါက (ဩစတြေးလျတွင် အနည်း ဆုံး (၂) နှစ် သင်ကြားထားခြင်းဖြစ်ရမည်) သြစတြေးလျနိုင်ငံတွင် ဆက်လက်နေထိုင်ခွင့် အနည်းဆုံး (၂) နှစ်ကို လျှောက်ထားနိုင်မယ့်အချက်ပဲ ဖြစ်ပါတယ်။)

(6) ကျောင်းတက်နေရင်း အချိန်ပိုင်းအလုပ်လုပ်ခွင့်ရှိလား။

သြစတြေးလျနိုင်ငံရဲ့ ကျောင်းသားဗီဇာအရ တစ်ပါတ်ကို နာရီ (၂ဝ) အချိန်ပိုင်း အလုပ်လုပ်ကိုင်ခွင့် တရားဝင်ခွင့်ပြုပေးထားပါတယ်။ ကျောင်းအားလပ်ရက်တွေနဲ့ တရားဝင်အလုပ်သင်လုပ်ကိုင်ခွင့်ရရှိထားတဲ့ကျောင်းသားတွေအတွက် အချိန်ကန့်သတ်ချက်မရှိပါ။

(7) နိုင်ငံတကာ ကျောင်းသူ ကျောင်းသားတွေအတွက် ပညာသင်ဆု အခွင့်အရေးနဲ့ ပက်သက်ပြီး ဘယ်လိုရှိလဲ။ ဘယ်လို ပညာသင်ဆုတွေ လျှောက်ထားနိုင်မလဲ။

သြစတြေးလျနိုင်ငံမှာ တက်ရောက် ပညာသင်ယူမယ့်ကျောင်းသား အများစုအနေနဲ့ ကျောင်းလခ၊ နေထိုင်စရိတ်အပြင် အထွေထွေကုန်ကျစရိတ်အားလုံးအတွက် ကုန်ကျခံရမှုရှိသော်လည်း  သြစတြေးလျ Public နဲ့ တခြားသော Private Universities များမှ ပညာသင်စရိတ်နဲ့ နေထိုင်စရိတ်အတွက် ပေးအပ်ချီးမြှင့်သော ပညာသင်ဆုများလည်းရှိပါတယ်။ ပညာသင်ဆု အမျိုးအစားများအနက်မှ “The Destination Australia Program (DAP)” , “The Australian Government Research Training Program” များကိုလည်း လျှောက်ထားနိုင်ပါတယ်။

“The Destination Australia Program (DAP)” ပညာသင်ဆုကတော့ သြစတြေးလျအစိုးရမှ ပြည်တွင်းနဲ့ နိုင်ငံတကာကျောင်းသားများအတွက် ရည်ရွယ်ပြီးပေးအပ်ချီးမြှင့်တဲ့ ပညာသင်ဆုဖြစ်ပြီး ဘွဲ့ကြို၊ ဘွဲ့လွန်နဲ့ ပါရဂူ ပရိုဂရမ်များ အားလုံးအတွက် အကျုံးဝင်ပါတယ်။

“The Australian Government Research Training Program (RTP)” ဆိုတာကတော့  ဘွဲ့လွန်နဲ့ ပါရဂူ ပရိုဂရမ်များအတွက် လျှောက်ထားနိုင်ပြီး RTP ပညာသင်ဆုရရှိတဲ့ ကျောင်းသားများကို ကျောင်းစရိတ်၊ နေထိုင်စရိတ် နဲ့ ကျန်းမာရေး အာမခံများ ထောက်ပံ့မှု ပါဝင်ပါတယ်။ ကျောင်းသားများအနေနဲ့ အထက်ပါ ပညာသင်ဆုများကို ‌သက်ဆိုင်ရာကျောင်းများသို့ တိုက်ရိုက်လျှောက်ထားရမှာဖြစ်ပြီး အသေးစိတ်ကို သြစတြေးလျအစိုးရ ဝက်ဘ်ဆိုဒ်များတွင် သွားရောက်လေ့လာနိုင်ပါသည်။ (ပညာသင်ဆုများအတွက် နိုင်ငံတကာမှ ကျောင်းသူ ကျောင်းသားများ နှစ်စဉ်ဝင်ရောက်လျှောက်ထားမှုများခြင်း၊ အပြိုင်အဆိုင်လျှောက်ထားမှု များပြားလေ့ရှိခြင်းတို့ကြောင့် သြစတြေးလျပညာသင်ဆုများကို အပြည့်အဝ အားမကိုးသင့်ပါ။)

သြစတြေးလျနိုင်ငံတွင် ပညာသွားရောက်သင်ကြားရန် ရည်ရွယ်ထားသော မြန်မာကျောင်းသူ ကျောင်းသားများအနေဖြင့် မိမိတို့ တစ်ဉီးချင်းစီအလိုက် ကိုက်ညီသောပညာ‌ရေးလမ်းကြောင်း၊ ဘာသာရပ်၊ တက္ကသိုလ်များကို ရွေးချယ်ဆုံးဖြတ်နိုင်ရန် CROWN Education မှ ပညာရေးဆွေးနွေးမှုများကို အခကြေး‌ငွေ ကောက်ခံခြင်းမရှိဘဲ https://crown.edu.mm/appointment/ မှလည်း ဆွေးနွေးမှုများ ရယူနိုင်ပါတယ်။

Book Appointment >