Scholarships

မဝင်းရွှေရည်စုအနေနဲ့ Pandemic ကာလအတွင်း Australian National University (ANU) ရဲ့ Foundation Program (Pathway) ကို အွန်လိုင်းကတဆင့် တက်ရောက်သင်ကြားခဲ့ပါတယ်။ အခုအခါမှာတော့ ANU တက္ကသိုလ်တည်ရှိရာ Canberra မြို့မှာ On-Campus ဖြင့် ကိုယ်တိုင်သွားရောက်သင်ကြားခွင့်ကိုလည်း ရရှိထားပြီ ဖြစ်ပါတယ်။

မဝင်းရွှေရည်စု၏ Australian National University (ANU)ကျောင်းဝင်ခွင့်၊ ပညာသင်ဆုများ ရရှိခဲ့သည့် အတွေအကြုံများနှင့် ပါတ်သက်၍ ❝ANU မှ Global Diversity Scholarship အပြင်  School Application process, CoE နှင့် Visa application process ကိစ္စအဝဝတို့ကို အကောင်းဆုံးဆောင်ရွက်ပေးတဲ့ CROWN Education နဲ့ မမကျော့ကိုလည်းကျေးဇူးအထူးတင်ပါတယ်ရှင်❞  CROWN Education သို့ မျှဝေပေးခဲ့ပါတယ်။

Group of Eight အဖွဲ့ဝင်ဖြစ်ပြီး QS World University Rankings အရ အဆင့် (27) နေရာနှင့် QS World University Rankings (Australia Rank)အရ အဆင့် (1) နေရာတို့တွင် အသီးသီးရပ်တည်လျက်ရှိသည့် သြစတြေးလျထိပ်တန်းတက္ကသိုလ် Australian National University (ANU) တွင် တစ်နှစ်စာ ပညာသင်ဆုပမာဏ AUD 18,750 နှင့်အတူ Foundation Program + Bachelor of Art History and Curatorship ပရိုဂရမ်ကို ANU Global Diversity Scholarshipဖြင့် တက်ရောက်သင်ကြားခွင့်ရရှိထားတဲ့ ကျောင်းသူ မဝင်းရွှေရည်စိုးအတွက် အထူးဝမ်းမြောက်ဂုဏ်ယူမိပါတယ်။

ရှေ့ဆက်ရမယ့်ပညာရေးမှာလည်း အစစအရာရာ အဆင်ပြေချောမွေ့ဖို့ CROWN EDUCATION မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Book Appointment >