University

  • အမေရိကန်ပြည်ထောင်စုတွင်အမှန်တကယ်ပညာသင်ကြားမည့်ကျောင်းသူကျောင်းသားများအတွက် ကောလိပ်၊တက္ကသိုလ်များသို့လျောက်ထားရာတွင် CROWN Education မှ ဝန်ဆောင်ခ၊ အေဂျင်စီအခကြေးငွေတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိ(လုံးဝ)မရှိပါ။
  • CROWN Education နှင့်ချိတ်ဆက်ထားသောကောလိပ်တက္ကသိုလ်များကိုဝန်ဆောင်ခ/အခကြေးငွေပေးစရာမလိုပဲ ကျောင်းလျောက်ခြင်း (I-20) နှင့် ဗီဇာလျောက်ထားပေးခြင်းများဆောင်ရွက်ပေးပါသည်။ အပြင်မှလျောက်ထားလာသောကျောင်းများအတွက်ဗီဇာကိစ္စသီးသန့်ဆောင်ရွက်မပေးပါ။
  • CROWN Education / Royal Academic Institute တွင်တက်ရောက်သော( ACT-GAC/ OSSD/GED )ကျောင်းသူကျောင်းသားများအတွက်သာ၊ GPA ရမှတ်များပေါ်မူတည်၍ CROWN နှင့်ချိတ်ဆက်မထားသော ကောလိပ်တက္ကသိုလ်များကိုလျောက်ထားပေးပါသည်။

မြန်မာ (၉)တန်းအောင်/iGCSE မဖြေရသေသောကျောင်းသူကျောင်းသားများ

CROWN Education ၏သင်ကြားရေးစင်တာဖြစ်သော Royal Academic Institute သည် အမေရိကန်ပြည်ထောင်စုကောလိပ်နှင့်တက္ကသိုလ်များမှလက်ခံသည့်  SAT နှင့် တစ်ထပ်တည်းတူညီသည့် ACT (American College Test ) Official Center အပြင် GED Exam Center ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် American High School Dipmoma လက်မှတ်ဖြစ်သော GED နှင့် USA Grade 12 ဖြစ်သော ACT-GAC လက်မှတ်များပြင်ဆင်ပြီး အမေရိကန်တက္ကသိုလ်ကောလိပ်၊ တက္ကသိုလ်များကို လျောက်ထားပေးပါသည်။

အမေရိကန်ကျောင်းသားဗီဇာလိုအပ်ချက်

(၁) သက်တမ်းအနည်းဆုံး (၆)လရှိ Passport
(၂) မြန်မာ ဆယ်တန်း အောင်လက်မှတ်နှင့်အမှတ်စာရင်း(သို့) iGCSE Certificate

[Post Graduate လျောက်ထားသူများအတွက်- နှစ်စဉ်အလိုက်တက္ကသိုလ်အမှတ်စာရင်းများ၊ ဘွဲ့လက်မှတ်၊ ကျောင်းပြီးဆုံးသည့်ခုနှစ်မှ ကျောင်းလျောက်ထားသည့်ခုနှစ်အတွင်း Year Gap နှင့်ပတ်သက်၍ တစ်ခုခုသင်ယူ (သို့) အလုပ်လုပ်နေကြောင်းထောက်ခံချက်များတင်ပြရန်လိုသည်။]

(၃) IELTS သို့မဟုတ် TOEFL iBT သို့မဟုတ် Duolingo Test ရလဒ်များ

[ CROWN Education အနေဖြင့် ESL အင်္ဂလိပ်စာပရိုဂရမ်များလျောက်ထားခြင်းကို ဝန်ဆောင်မှုမပေးသေးပါ။]

(၄) Bank Statement မိဘနာမည်ဖြင့်တင်ပြရန်

[ Community College အတွက် သိန်း ၄၅၀ ခန့်နှင့် တက္ကသိုလ်/Master/MBA ပရိုဂရမ်များအတွက် သိန်း ၆၀၀-၈၀၀ ခန့်အထိပြရန်လိုအပ်ပါသည်။]

CROWN Education အနေ ဖြင့် USA ဘက်မှ Sponsor များ၊ ဦးလေးနှင့် အမျိုးတော်စပ်သူများ၏ Bank Statement များနှင့် ကျောင်း/ဗီဇာလျောက်ထားခြင်းများကို လောလောဆယ်လက်ခံပေးနိုင်ခြင်းမရှိသေးပါ။

(၅) Community College များသို့လျောက်ထားရာတွင် အသက်ကန့်သတ်ချက်မရှိသော်လည်းဗီဇာရရှိမှုအဆင်ပြေစေရန် ဘွဲ့ရပြီးအသက်အရွယ်တစ်ခုသို့ရောက်နေပါက Master Program များလျောက်ထားသင့်ကြောင့်လေးစားဖြင့်အကြံပြုပါသည်။
(၆) Community College များတွင် ပညာသင်ဆုပေးခဲပါသည်။ Community College များတွင် GPA/အမှတ် ကောင်းအောင်လုပ်ပြီး University Transfer တွင်ပညာသင်ဆုကြိုးစားကြည့်နိုင်ပါသည်။
Book Appointment >