ACT - GAC Program

မောင်လေး မိုးစည်သူ မောင်မောင်လေးအနေဖြင့် American Grade 12 ကို Royal Academic Institute တွင် တက်ရောက်ခဲ့တဲ့ Batch (24) ကျောင်းသားတစ်ဦးဖြစ်ပါတယ်။ Royal Academic Institute ရဲ့ (၉)နှစ်တာ GAC သင်ကြားရေး သက်တမ်းအတွင်းမှာ GAC Level အားလုံးမှာ စုစုပေါင်း အမှတ် ၁၀၀ အပြည့်ရရှိထားတဲ့အပြင် တစ်ကမ္ဘာလုံးက GAC သင်ကြားရေးစင်တာတွေထဲမှာလည်း ရှားရှားပါးပါး ဘာသာရပ် (၆) ခုတွင် အများဆုံး ရရှိခဲ့တဲ့ ထူးချွန်တဲ့ ကျောင်းသားတစ်ဦးဖြစ်ပါတယ်။ 

မောင်လေး မိုးစည်သူ မောင်မောင်လေးအနေဖြင့် ACT Test Score တွေမှာလည်း  ထူးချွန်တဲ့ အမှတ်တွေနဲ့ အမှတ်ပြည့်နီးပါးရရှိထားတာဖြစ်ပြီး ACT Test ဖြေဆိုရာတွင်လည်း Composition ရမှတ် 33 out of 36 ရမှတ်ဖြင့်

🎉

Math ဘာသာရပ်တွင် 32 out of 36 ရမှတ်ဖြင့် လည်းကောင်း၊

🎉

Science ဘာသာရပ်တွင် 31 out of 36  ရမှတ်ဖြင့် လည်းကောင်း၊

🎉

English ဘာသာရပ်တွင် 35 out of 36  ရမှတ်ဖြင့် လည်းကောင်း၊

🎉

Reading တွင် 34 out of 36 ရမှတ်ဖြင့်လည်းကောင်း၊  

🎉

Writing တွင် 10 out of 12 ဖြင့် ထူးခြားအောင်မြင်ခဲ့တဲ့ကျောင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။  အဆိုပါ ရမှတ်များဟာဆိုရင် တချိန်က တက္ကသိုလ်ဝင်ခွင့်များအတွက် Standardized Test ဖြေဆိုခဲ့ကြတဲ့ အမေရိကန်ပြည်ထောင်စု သမ္မတဟောင်း Barack Obama (ACT-Composite Score 30), ကမ္ဘာကျော်ပုဂ္ဂိုလ် Steve Jobs (ACT-Composite Score 32) များကဲ့သို့ ACT Test Score ထူးထူးချွန်ချွန် ရရှိခဲ့တဲ့ မောင်လေး မိုးစည်သူမောင်မောင်လေးအတွက် CROWN Education မှ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ American Grade 12 အောင်မြင်ပြီး ACT ဝင်ခွင့် Test Score များနှင့်အတူ ယခုလက်ရှိတွင် အမေရိကန်ပြည်ထောင်စုရှိ De Anza College မှာ Biology ဘာသာရပ်ဖြင့် ပထမနှစ်သို့ တိုက်ရိုက် တက်ရောက်သင်ကြားလျက်ရှိပါတယ်။   

ACT Test ကို အမေရိကန်ပြည်ထောင်စုမှ ကောလိပ်နှင့်တက္ကသိုလ်များအားလုံးနှင့် နိုင်ငံတကာမှာ ကောလိပ်နှင့် တက္ကသိုလ်ပေါင်း (၂၀၀) ကျော်မှာ လက်ခံအသိအမှတ်ပြုလက်ခံလျက်ရှိပါတယ်။ အမေရိကန်ပြည်ထောင်စု Ivy League တက္ကသိုလ်ကြီးများအတပါအဝင် ပြည်နယ်အသီးသီးရှိ Ranking မြင့် တက္ကသိုလ်ကြီးများသို့ ဝင်ခွင့်များ၊ အမေရိကန်စုတလွှာတက္ကသိုလ်များနဲ့ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များသို့ ကျောင်းဝင်ခွင့်လျှောက်ထားရာတွင် ပညာသင်ဆုများ လျှောက်ထားရာတွင် ACT ရမှတ်နှင့်အတူ လျှောက်ထားဖို့လိုအပ်ပါတယ်။

ဘယ်သူတွေ ACT Test ကို ဖြေဆိုထားသင့်လဲ

👉

နိုင်ငံတကာ ကောလိပ်နှင့် တက္ကသိုလ်ကျောင်းဝင်ခွင့်များအတွက် အခက်အခဲမရှိ ပြင်ဆင်လိုခြင်း၊ 

👉

ACT Test တွင် ရမှတ်ကောင်းများဖြင့်  USA, Canada, UK, Australia, Singapore, Japan, Thailand နိုင်ငံရှိ ကောလိပ်၊ တက္ကသိုလ်များ ကို ပိုမိုရွေးချယ်လျှောက်ထားလိုခြင်း၊

👉

International Grade 12 ဖြေဆိုအောင်မြင်ထားသည့် ကျောင်းသူ ကျောင်းသားများအနေဖြင့် ကျောင်းဝင်ခွင့်နှင့်အတူ ပညာသင်ဆုကို မျှော်မှန်းလျှောက်ထားလိုခြင်း၊

👉

ACT Test မှတဆင့် မိမိ စိတ်ဝင်စားမှု အားသာချက်နဲ့ ကိုက်ညီသည့် Potential Career Path ပညာရေးလမ်းကြောင်းကို သိရှိလိုတဲ့ ကျောင်းသူ ကျောင်းသားများအနေဖြင့်   ACT Test ကို ပြင်ဆင်ဖြေဆိုထားသင့်ပါတယ်။ . ▣ Royal Academic Institute တွင် ACT Preparation အတန်းများအတွက် In-Person အတန်းများဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။ တက်ရောက်လိုသော ကျောင်းသူ ကျောင်းသားများအနေဖြင့် ဝင်ခွင့် Test အနေဖြင့် ACT Entrance Test ကို ဖြေဆိုအောင်မြင်ဖို့ လိုအပ်ပါတယ်။  . ACT Preparation အတန်းသစ်များအတွက်  အသေးစိတ် စုံစမ်းမေးမြန်းလိုပါက  

📞

+95(9)88-111-01-22  

📞

+95(9)88-111-02-88  ဖုန်းနံပါတ်များသို့ Monday-Saturday (Office Hours: 9:00 am – 4:00 pm )အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ .

Royal Academic Institute (Yangon Campus) Important Dates:    

  🗓️ACT Preparation Class (In-Person Class) – April  2023  

 ⏳SAT & SUN  

 📍Duration 15 Weeks

Book Appointment >