News

▣ မြန်မာနိုင်ငံမှ အချို့သော ကျောင်းသူ၊ကျောင်းသားများအနေဖြင့် တက္ကသိုလ်ကျောင်းများ၌ ဘာသာရပ်ရွေးချယ် သင်ယူလျှောက်ထားရာတွင် မိမိစိတ်ဝင်စားမှု နယ်ပယ်နှစ်ခုကို တပြိုင်နက်တည်း လေ့လာသင်ယူလိုပြီး ထိုနယ်ပယ်နှစ်ခုတွင် Professional Career ဖြင့်အသက်မွေးဝမ်းကြောင်းပြုလိုသူများဖြစ်ပါက Double Degree (သို့မဟုတ်) Double Major တက်ရောက်သင်ကြားနိုင်ပါတယ်။
.
Dual Degree Vs Double Major အဓိက ကွာခြားချက် (၃)ချက်ကို ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ရပါတယ်။
.
(၁) လေ့လာသင်ကြားရသည့် နယ်ပယ်
.
Dual Degree
Dual Degree Program တွင် ကျောင်းသားများအနေဖြင့် မတူညီသော နယ်ပယ်အသီးသီးတွင် သီးခြားဒီဂရီနှစ်ခုကို သင်ယူလေ့လာကြရတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကျောင်းသားတစ်ယောက်နေဖြင့် Bachelor of Science in Engineering and Bachelor of Arts in Psychology ဘွဲ့ ရရှိနိုင်ပြီး အဆိုပါ ဘွဲ့ ဒီဂရီများဟာဆိုရင် အများအားဖြင့် တစ်ခုနှင့် တစ်ခု ဆက်စပ်မှုမရှိနိုင်သလို (သို့) အနည်းငယ်မျှသာ ဆက်နွယ်နိုင်ပါတယ်။

Double Major
Double Major Program များကို ဆက်စပ်မှုရှိသော နယ်ပယ်နှစ်ခုတွင် မတူညီသော ဒီဂရီနှစ်ခုကို သင်ယူကြတာဖြစ်ပါတယ်။ အဆိုပါ ဒီဂရီနှစ်ခုဟာဆိုရင် နယ်ပယ်တစ်ခုတွင် အတိုင်းအတာတစ်ခုအထိ တူညီနေနိုင်ပါတယ်။ ဥပမာအားဖြင့် ကျောင်းသူ ကျောင်းသားများအနေဖြင့် Bachelor of Business Administation နှင့် Bachelor of Business Economics နှစ်ခုကို တပြိုင်နက်လေ့လာသင်ယူတာမျိုးဖြစ်ပါတယ်။
.
(၂) သင်ရိုးညွှန်းတမ်း
.
Dual Degree
Dual Degree များတွင် ဒီဂရီတစ်ခုစီအတွက် သင်ရိုးညွှန်းတမ်းများဟာ ပုံမှန်အားဖြင့် သီးခြားကွဲပြားလေ့ရှိကြပါတယ်။ ဘွဲ့တစ်ခုအတွက် စာသင်ကြားမှုလိုအပ်ချက်များမှာဆိုရင် အခြားဘွဲ့တစ်ခုနဲ့ထပ်တူထပ်မျှ (သို့) ပေါင်းစပ်ဖို့ မလိုအပ်ဘဲ သီးခြားနယ်ပယ်နှစ်ခုမှာ ကျွမ်းကျင်မှုရရှိဖို့အတွက်သာ သင်ရိုးညွှန်းတမ်းများ ရေးဆွဲသင်ကြားပေးတာ ဖြစ်ပါတယ်။။
.
Double Major
Double Major Program များမှာ ပညာရပ်နှစ်ခုလုံးမှ အသိပညာနဲ့ ကျွမ်းကျင်မှုများ ပေါင်းစပ်ပြီး သင်ရိုးညွှန်းတမ်းတစ်ခုအနေဖြင့် ရေးဆွဲသင်ယူရတာ ဖြစ်ပါတယ်။

(၃) ဘွဲ့ရရှိရန် ကြာမြင့်ချိန်
Dual Degree
Dual Degree Program များပြီးမြောက်ရန် ပုံမှန်ဘွဲ့ဒီဂရီရရှိသည့် အချိန်ထပ် အနည်းငယ် ပိုမိုကြာမြင့်လေ့ရှိကြပါတယ်။
.
Double Major
Double Major Program များကိုတော့ ဒီဂရီတစ်ခု၏ ပုံမှန်သတ်မှတ်ထားသည့်အချိန်အတွင်း ပြီးစီးလေ့ရှိကြပြီး ကျောင်းသူ ကျောင်းသားများအနေဖြင့် နယ်ပယ်နှစ်ခုလုံးမှ ပညာရပ်များကို ပုံမှန်ဒီဂရီကဲ့သို့ပင် သတ်မှတ်အချိန်တစ်ခုအတွင်းမှာ ဒီဂရီနှစ်ခုကို ရရှိနိုင်ပါတယ်။
.
▣ အချုပ်အားဖြင့် Dual Degree နှင့် Double Major အကြား အဓိက ခြားနားချက်မှာ Dual Degree ဆိုတာကတော့ မတူညီတဲ့ ပညာရပ်ဆိုင်ရာ ပရိုဂရမ်နှစ်ခုကို သင်ကြားမှုတစ်ခုတည်းမှာ ပေါင်းစပ်ထားတာဖြစ်ပြီး Double Major မှာတော့ နယ်ပယ်နှစ်ခုမှ ဒီဂရီနှစ်ခုကို အချိန်တစ်ခုတည်းမှာပဲ သီးခြားစီရရှိနိုင်တာ ဖြစ်ပါတယ်။
.
▣ အဆိုပါ Dual Degree နှင့် Double Major Degree Program လေ့လာသင်ယူလိုသူများအနေဖြင့် CROWN Education နှင့် ချိတ်ဆက်ထားသော စင်ကာပူနိုင်ငံရှိ Private Universityများ၊ ယူကေ၊ ကနေဒါနိုင်ငံ၊ သြစတြေးလျ၊ အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်ကျောင်းများနှင့် ထိုင်းနိုင်ငံရှိတက္ကသိုလ်များတွင် တက်ရောက်သင်ကြားနိုင်ပါတယ်။
.
▣ CROWN Education အနေဖြင့် CROWN နှင့် ချိတ်ဆက်ထားသည့် အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ ယူကေ၊ ဆွစ်ဇာလန်၊ ဟန်ဂေရီ၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ထိုင်း စသည့်နိုင်ငံများရှိ တက္ကသိုလ်ကျောင်းများကိုလည်း (အခမဲ့) ကူညီလျှောက်ထားပေးလျက်ရှိပါသည်။ ပညာရေးဆွေးနွေးလျှောက်ထားမှုများအတွက် b.link/CrownMeet မှတဆင့် Premium Consulting Appointment ရယူပြီး One to One အကြံပေးဆွေးနွေးမှုများ ရယူနိုင်ပါသည်။ 

Book Appointment >