ACT - GAC Program

ညီမ မြန်မာအစိုးရကျောင်းက ပြီးပြီးချင်း နိုင်ငံခြားမှာ ကျောင်းတက်ဖို့ ဘာတွေပြင်ဆင်လို့ရမလဲ လေ့လာတော့ ဒီ GAC Grade 12 programကို တွေ့ပြီး တက်ဖြစ်ခဲ့ပါတယ်။ အဓိကတက်ဖို့ ရွေးချယ်ဖြစ်ခဲ့တာကတော့ ညီမမှာလိုအပ်နေတဲ့ Languageပိုင်း အားနည်းတာတွေ၊ Academically ပြင်ဖို့ လိုအပ်နေတာတွေကို GACမှာ သင်ကြားပေးတာ တွေ့ခဲ့လို့ပါ။

GACကြောင့်မလို့ report တွေဘယ်လိုရေးရတယ်၊ referencing၊ citation တွေဘယ်လိုလုပ်ရတယ်၊ academic writingတွေကို ဘယ်လိုပြင်ဆင်ရလဲဆိုတာ သိလာခဲ့ရပါတယ်။ Research skillsတွေလည်း တိုးတက်လာတယ်။ GACမှာ အခက်အခဲကတော့ deadlineတွေ အမီလုပ်ရတာပါပဲ၊ ဒါပေမယ့် အဲ့ဒီအခက်အခဲတွေကို ဆရာ၊ဆရာမတွေရဲ့ စနစ်တကျလေ့ကျင့်ပေးမှုတွေအတိုင်း လုပ်ခဲ့တဲ့အတွက် အခု Universityရောက်တဲ့အခါ အဆင်ပြေပြေနဲ့ အလုပ်တွေပြီးအောင် လုပ်တတ်လာပါတယ်။

GAC programမှာလည်း GPAကောင်းခဲ့တော့ အခု တက္ကသိုလ်လျှောက်တဲ့အခါ Foundation Yearတစ်နှစ်လုံးလွတ်တဲ့အပြင် International Year Oneကနေ တက်ခွင့်ရခဲ့ပါတယ်။ ညီမကတော့ Architectureဘာသာရပ်ကို တက်မှာဖြစ်တဲ့အတွက် GACအပြင် portfolio ပြင်ဆင်နိုင်ဖို့ Drawing classကို CROWNက ချိတ်ဆက်ကူညီပေးခဲ့ပါတယ်။

UKမှာ Foundationပြန်တက်စရာမလိုဘဲ ကင်းလွတ်ခွင့်ရတဲ့အတွက် တစ်နှစ်စာကျောင်းလခအပြင် နေထိုင်စားသောက်စရိတ်တွေအတွက်ပါ အများကြီးသက်သာခဲ့ပါတယ်။ နိုင်ငံခြားမသွားခင် GAC ကို ရွေးချယ်တက်ရောက်ဖြစ်ခဲ့တဲ့အတွက်လည်း ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ပတ်သင်ပြီး အရမ်းကျေနပ်မိပါတယ်။

.

Myint Myat Win Myint

University of Huddersfield

BA (Hons) Architecture

Book Appointment >