Scholarships

ဂျပန်နိုင်ငံရှိ RITSUMEIKAN ASIA PACIFIC UNIVERSITY တွင် တက္ကသိုလ် (၄)နှစ်စာ အတွက် 100% APU TUITION REDUCTION SCHOLARSHIP ချီးမြှင့်ခြင်းခံရသည့် မသွဲ့နှင်းဇင် အတွက် CROWN Education မိသားစုမှ အထူးဂုဏ်ယူဝမ်းမြောက်မိပါတယ်။ရှေ့ဆက်ရမယ့်ပညာရေးမှာလည်း အစစအရာရာ အဆင်ပြေချောမွေ့ဖို့ CROWN EDUCATION မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

APUမှာ ဘယ်လိုဘာသာရပ်တွေကို သင်ယူနိုင်မလဲ။
ဂျပန်နိုင်ငံပညာရေး စိတ်ဝင်စားကြသည့် ကျောင်းသူ ကျောင်းသားများအတွက် APU တွင် EJU, JLPT ရမှတ်များ သီးသန့်ရှိထားရန်မလိုဘဲ ယနေ့ခေတ်နှင့်လိုက်လျောညီထွေမှုရှိသည့် –

College of International Management (BBA)
•Accounting and Finance,
•Economics and Innovation
•Marketing
•Strategic Management and Organization

College of Asia Pacific Studies (B.Soc.Sc)
•Culture, Society and Media
•Environment and Development
•Hospitality & Tourism
•International Relation and Pace Studies

College of Sustainability and Tourism (ST) ပရိုဂရမ်များအတွက် အင်္ဂလိပ်ဘာသာစကားဖြင့် (English-medium) သင်ကြားနိုင်ပါသည်။ (စာသင်ကြားရေးအတွက် ဂျပန်စာ ကျွမ်းကျင်မှုရှိထားရန် သီးသန့်မလိုအပ်ပါ)

APUမှာ တက်ရောက်မယ့်ကျောင်းသူ၊ကျောင်းသားတွေအတွက် ကျောင်းလခ (tuition fees) ဘယ်လောက်ကုန်ကျမလဲ။ ကျောင်းဝင်ခွင့်က ဘယ်အချိန်တွေရှိလဲ။
•တက္ကသိုလ် ပထမနှစ်အတွက် – 1,300,000 JYP
•တက္ကသိုလ် ဒုတိယနှစ်အတွက် – 1,500,000 JYP
•တက္ကသိုလ် တတိယနှစ်အတွက် – 1,500,000 JYP
•တက္ကသိုလ် နောက်ဆုံးနှစ်အတွက် – 1,500,000 JYP ကျောင်းလခအသီးသီး ကုန်ကျမည်ဖြစ်ပါသည်။

APU ကျောင်းဝင်ခွင့်အနေဖြင့် online applicationများကို နှစ်စဉ် April, September intakeအတွက် လက်ခံပေးလျက်ရှိပြီး deadline မတိုင်ခင် (၆)လခန့်အလို နောက်ဆုံးထား လျှောက်ထားရန် လိုအပ်ပါသည်။

APU ကျောင်းဝင်ခွင့်ရဖို့ ဘာတွေလိုအပ်လဲ။ ဘယ်လိုပညာသင်ဆုတွေရှိလဲ။
မြန်မာဆယ်တန်း သို့မဟုတ် GED ဖြေဆိုအောင်မြင်ထားသည့် ကျောင်းသူ၊ကျောင်းသားများအနေဖြင့် (GED ဖြင့် လျှောက်ထားသည့် ကျောင်းသူ၊ကျောင်းသားများအနေဖြင့် လိုအပ်ပါက ၁၂တန်း ပညာရေးရမှတ် တင်ပြရပါမည်) တက္ကသိုလ်ပထမနှစ်ကို တိုက်ရိုက်တက်ရောက်ခွင့်ရရှိမည် ဖြစ်ပါသည်။

ပညာရေးဆိုင်ရာ ထူးချွန်မှတ်တမ်းကောင်းများရှိသည့် ကျောင်းသူ၊ကျောင်းသားများအနေဖြင့် –
•30% Tuition Reduction Scholarship (ကျောင်းလခ ၃ဝ% သက်သာခွင့်)
•50% Tuition Reduction Scholarship (ကျောင်းလခ ၅ဝ% သက်သာခွင့်)
•65% Tuition Reduction Scholarship (ကျောင်းလခ ၆၅% သက်သာခွင့်)
•80% Tuition Reduction Scholarship (ကျောင်းလခ ၈ဝ% သက်သာခွင့်)
•100% Tuition Reduction Scholarship (ကျောင်းလခ ၁ဝဝ% သက်သာခွင့်) လျှောက်ထားနိုင်ပြီး မိမိတို့ရရှိတဲ့ ပညာသင်ဆုအလိုက် ကျောင်းလခသက်သာခွင့်ရရှိမည်ဖြစ်ပါသည်။

APU’s Tuition Reduction Scholarships လျှောက်ထားဖို့ ဘာတွေပြင်ဆင်ထားရမလဲ။
၁။ Academic Transcripts
-မြန်မာအစိုးရဆယ်တန်းအောင်လက်မှတ်+အမှတ်စာရင်း (သို့မဟုတ်)
-GED လက်မှတ် + အမှတ်စာရင်း (သို့မဟုတ်)
-GCSE O level + GCE A level (သို့မဟုတ်)
-Grade 12နှင့် ညီမျှသည့် Certification ရှိထားသူများ
၂။ APU သို့ ပေးသွင်းရမည့် Application Fees – 5,500 JYP
၃။ အနည်းဆုံး ၁နှစ်အထက် သက်တမ်းကျန်ရှိသည့် Passport Copy
၄။ IELTS overall 6.0 and above (or) TOEFL iBT 75 and above (or) Duolingo English Test Score 105 and above
၅။ Application Essays
၆။ Letter of Recommendation (also including language schools)
၇။ Bank Statement မိဘနာမည်ဖြင့် တင်ပြရန် [သိန်း ၇ဝဝ-၈ဝဝ ခန့်အထိပြရန်လိုအပ်ပါသည်။]
အစရှိသည့်စာရွက်စာတမ်းများကို နှစ်စဉ် April, September intakeအတွက် သတ်မှတ်ထားသည့် application deadline မတိုင်ခင် (၆)လခန့်အလို https://crown.edu.mm/apply မှတဆင့် ပေးပို့လျှောက်ထားနိုင်ပါသည်။

Ritsumeikan Asia Pacific University (APU) တွင် တက်ရောက်သင်ယူနိုင်မည့် English-Medium Bachelor Degree Programများနှင့်အတူ 2023 April, September intakeများအတွက် အသေးစိတ်ထပ်မံသိရှိလိုပါက – CROWN Education၏ ရုံးဖုန်းနံပါတ်များဖြစ်သည့် 09 88-111-01-22/33/44 သို့ Monday-Saturday ရုံးချိန် (9am-4pm) အတွင်း ဆက်သွယ်စုံစမ်းလျှောက်ထားနိုင်ပါသည်။

Book Appointment >