ACT - GAC Program

Admin: ကျောင်းအများကြီးရှိတဲ့အထဲကမှ Newcastle Universityကို ရွေးဖြစ်ခဲ့တာက …

KZWK: ကျွန်တော် အစကတော့ ကနေဒါကိုသွားဖို့ စီစဉ်ထားပေမယ့် ကနေဒါနိုင်ငံက border လည်း မဖွင့်သေးဘူး၊ visaလည်း မပေးသေးဘူးဆိုတော့ အနီးဆုံးဘယ်သွားလို့ရမလဲဆိုတာ ရှာရင်း ယူကေမှာကျောင်းသွားတက်ဖို့ ရွေးချယ်ဖြစ်ခဲ့တာပါ။

Admin: Newcastle Universityတက္ကသိုလ်၊ ယူကေနဲ့ပတ်သက်ပြီး သဘောအကျဆုံးအချက်က…

KZWK: ကျွန်တော့် အမကျောင်းသွားတက်တုန်းက ယူကေအတူလိုက်သွားရင်းနဲ့ ယူကေကို သဘောကျတာရယ်၊ နောက်ပြီးတော့ တခြားမြို့တွေထက်စာရင် Newcastleမြိုက နိုင်ငံတကာကကျောင်းသူ၊သားတွေအတွက် ကုန်ကျစရိတ်သက်သာတယ်၊ ဒေသခံတွေကလည်း တော်တော်လေး ဖော်ရွေမှုရှိပြီး ခင်ဖို့ကောင်းတာရယ် Newcastle Universityအတွက် စားစရိတ်၊နေစရိတ်ကလည်း တော်တော်လေးကို သက်သာတဲ့အချက်တွေကြောင့် Newcastle Universityကို ရွေးချယ်လိုက်တာပါ။

Admin: ကျောင်းပြီးသွားတဲ့အခါ ကိုယ့်အနေနဲ့ ဘယ်အရာတွေမှာ သိသိသာသာတိုးတက်ပြောင်းလဲလာမယ်လို့ ယုံကြည်ထားလဲ….

KZWK: Bachelor Degreeရပြီးနောက်ပိုင်းမှာ ဘယ်လိုစီစဉ်ထားလဲဆိုတော့ အခု ကျောင်းတက်နေရင်းတစ်ဖက် internshipဆင်းတာ (သို့မဟုတ်) ကိုယ်ရွေးထားတဲ့မေဂျာနဲ့ ကိုက်မယ့် Part Time Jobလုပ်ဖို့ စီစဉ်ထားပါတယ်။ ဘွဲ့ရပြီးတဲ့အခါ ကျောင်းတက်တုန်းက ကိုယ် internship ဆင်းထားဖူးတဲ့ Companyတစ်ခုခုမှာပဲ (၁)နှစ်၊ (၂)နှစ်လောက် အလုပ်အတွေ့အကြုံယူရင်း၊ တစ်ဖက်မှာလည်း ကိုယ်မြင်တဲ့တွေ့တဲ့အရာထဲက အကောင်းဆုံးလေ့လာပြီး တစ်ချိန်မှာ ကိုယ်ပိုင် own businessတစ်ခုလုပ်ဖို့ အစီအစဉ်ရှိထားပါတယ်။ ဒါပေမယ့် အခုချိန်မှာ Covid ကြောင့် ဘာတွေဘယ်လိုတွေပြောင်းလဲလာနိုင်တယ်ဆိုတာကို တထစ်ချတွက်ချထားလို့မရနိုင်တော့ future planက အနည်းနဲ့အများတော့ ပြောင်းလဲနိုင်တယ်လို့မြင်ပါတယ်။

Admin: UKကျောင်းသွားမတက်ခင် ဘယ်လိုပြင်ဆင်မှုတွေလုပ်ခဲ့လဲ …

KZWK: Newcastle Universityသွားတက်ဖို့ အရင်ဆုံး ယူကေမှာရှိတဲ့သူတွေက ဘယ်လိုပြောဆိုနေထိုင်တတ်တယ်၊ သူတိုရဲ့ cultureအရ ဘယ်လိုတွေရှိတတ်တယ်ဆိုတာမျိုးတွေ လေ့လာထားသလို ကျောင်းတက်နေရင်း ငွေကြေးကိုဘယ်လိုစီမံခန့်ခွဲပြီးနေမယ်ဆိုတာတွေကိုပါ သေချာလေးစဉ်းစားထားပါတယ်။ နောက်ပြီးတော့ ယူကေရဲ့ ရာသီဥတုကတော်တော်လေးအေးတတ်တဲ့အတွက် အနွေးထည်လုံလုံလောက်လောက်ယူသွားဖို့တွေကိုလည်း ပြင်ဆင်ထားပါတယ်။ အဓိကကတော့ ယူကေမှာ တစ်ယောက်တည်းကျောင်းတက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်ထိန်းသိမ်းပြီးမှ ဘယ်လိုနေထိုင်မလဲဆိုတာကိုလည်း စဉ်းစားထားပါတယ်။

Admin: UKမှာ ကျောင်းလာတက်ချင်တဲ့ သူငယ်ချင်းတွေ၊ ဂျူနီယာတွေကို Newcastle University ကျောင်းသားတစ်ယောက်အနေနဲ့ ဘယ်လိုအကြံပေးချင်လဲ…

KZWK: ယူကေကို ကျောင်းလာတက်ကြမယ့် ကျောင်းသူ၊ကျောင်းသားတွေကို ဘာအကြံပေးချင်လဲဆိုတော့

– ကျောင်းရွေးချယ်တဲ့အချိန်ကျရင် တက္ကသိုလ်ရဲ့ Overall Rankingတစ်ခုတည်းကိုပဲမကြည့်ပါနဲ့၊ ကိုယ်သွားတက်မဲ့ မေဂျာရဲ့ Rankingကိုလည်း အဓိကထားကြည့်ပြီးမှ ရွေးချယ်စေချင်ပါတယ်။

– University Lifeဆိုတာက တချိန်လုံး စာချည်းပဲလုပ်နေတာမျိုးမဖြစ်စေချင်ပါဘူး။ တကယ်လို့ Rankingတအားမြင့်တဲ့တက္ကသိုလ်ကိုပဲရွေးပြီးတက်မယ်ဆိုရင် စာတအားလုပ်ရတော့မှာဆိုတော့ ကိုယ့်အနေနဲ့ ကျောင်းစာနဲ့ တခြား social aspectsတွေကို မျှမျှတတအချိန်ပေးနိုင်လား၊ အဆင်ပြေပြေဖြေရှင်းနိုင်လားဆိုတာလေးကိုလည်း စဉ်းစားစေချင်ပါတယ်။

ပြီးတော့ နောက်တစ်ခုက Self Controlလို့ပဲပြောရမလား၊ ဘာကိုပြောချင်လဲဆိုတော့ ကျွန်တော်တို့ အာဆီယံနိုင်ငံတွေကလာတဲ့ကျောင်းသား၊လူငယ်တွေမှာက အိမ်ကဘာလုပ်လုပ် တစ်ချိန်လုံး နောက်ကတစ်ကောက်ကောက်လိုက်ကြည့်တတ်တာဆိုတော့ ဟိုဘက်ရောက်သွားတဲ့အချိန်မှာ အနောက်ကနေ စာလုပ်တော့ဆိုပြီး လိုက်ပြောမယ့်သူမရှိဘဲ လွတ်လပ်သွားပြီး လွတ်ထွက်သွားတာမျိုး အရှေ့မှာ ကြားဖူးမြင်ဖူးပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေထဲမှာဆိုရင်လည်း Rankingတအားကောင်းတဲ့ကျောင်းတွေကို ဝင်ခွင့်ရတယ်၊ ဒါပေမယ့် သူငယ်ချင်းတွေနဲ့ ဟေးလားဝါးလားပုံစံမျိုးဖြစ်လာတော့ အမှတ်တွေကကျလာတယ်၊ နောက်ဆုံးမှာ ကျောင်းထုတ်ခံလိုက်ရတဲ့သာဓကတွေရှိခဲ့ဖူးပါတယ်။

ကျွန်တော်အခုလိုပြောလို့ နိုင်ငံခြားမှာကျောင်းသွားတက်တာ လူငယ်သဘာဝအရ မပျော်ရတော့ဘူးလားဆိုရင် မဟုတ်ပါဘူး။ ကိုယ်ပိုင်အတိုင်းအတာလေးတစ်ခုထားပြီး ထိန်းထိန်းသိမ်းသိမ်းပျော်တတ်တယ်ဆိုရင် နိုင်ငံခြားမှာပညာလာသင်တဲ့ ကိုယ့်ရဲ့ မူလစိတ်ကူးအိမ်မက်တွေလည်း အဆင်ပြေချောမွေ့မယ်လို့ ယုံကြည်ပါတယ်။

Kyaw Zin Win Khant

International Year One in Business (Marketing and Management)

Newcastle University

Global Assessment Certificate (ACT-GAC, Grade 12 Program) တက်ရောက်ပြင်ဆင်ခြင်းဖြင့် –

မြန်မာဆယ်တန်း စနစ်ဟောင်း (သို့မဟုတ်) iGCSE / Grade 11 ပြီးမြောက်ထားတဲ့  ကျောင်းသူ၊ကျောင်းသားများအနေဖြင့် GAC Grade 12 Program တက်ရောက်ထားပါက ကနေဒါ-ယူကေ-သြစတြေးလျ-စင်ကာပူနိုင်ငံရှိ တက္ကသိုလ်များတွင် Foundation ပြန်တက်ရန် မလိုအပ်ဘဲ တက္ကသိုလ်ပထမနှစ်မှ စတင်တက်ရောက်နိုင်ခြင်း၊

အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်ကြီးများတွင် ဘာသာရပ်ကင်းလွတ်ခွင့်နှင့်အတူ ပညာသင်ဆုများ လျှောက်ထားနိုင်သည့်အတွက် အချိန်နှင့်ငွေကြေးကုန်ကျမှု သက်သာစေနိုင်ခြင်း၊

Global Assessment Certificate (ACT-GAC, Grade 12 Program) ကို CROWN Education တွင် (၁)နှစ် တက်ရောက်ပြင်ဆင်ခြင်းဖြင့်  နိုင်ငံတကာရှိ  Rankingမြင့် တက္ကသိုလ်များတွင် အခက်အခဲမရှိ ဆက်လက်သင်ယူနိုင်ခြင်း၊

မြန်မာဆယ်တန်း(စနစ်ဟောင်း)နှင့် iGCSE resultများတွင် ရမှတ်လိုအပ်ချက်ရှိသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့်လည်း GAC Grade 12 Program တစ်နှစ်တက်ရောက် သင်ယူပြီး GPA ရမှတ်ကောင်းများရရှိအောင် ပြင်ဆင်ကာ နိုင်ငံတကာတွင် ပညာသင်ဆုများဖြင့် ဆက်လက်သင်ကြားနိုင်ခြင်း၊

ACT နှင့် IELTS ရမှတ်ကောင်းများရရှိအောင် သင်ကြားပေးနေပြီး  နိုင်ငံတကာ ဆယ့်နှစ်တန်းနှင့် ညီမျှသည့်အတွက် တက္ကသိုလ်ရွေးချယ်ရာတွင် အကန့်အသတ်မရှိဘဲ  စိတ်ကြိုက်လျှောက်ထားနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို  ရရှိနိုင်မှာဖြစ်ပါတယ်။

အခုလိုကာလမှာ သင်ကြားမှု၊  သင်ယူမှုတွေ ရပ်တန့်မနေစေဖို့  GAC-Grade 12 Program သင်ယူလိုတဲ့ ကျောင်းသားတွေအနေနဲ့ မြန်မာဆယ်တန်း(သို့) iGCSE စာမေးပွဲ အောင်စာရင်းများ၊ အမှတ်စာရင်းများ မရှိထားသော်လည်း ဝင်ခွင့်စာမေးပွဲကို ကြိုတင်လာရောက် ဖြေဆိုထားနိုင်ပါတယ်။

ကလေးရဲ့ ဝါသနာနဲ့ အားသာချက် / အားနည်းချက်ပေါ် မူတည်ပြီး ဆက်လက်တက်ရောက်ရမယ့် နိုင်ငံနဲ့ ဘာသာရပ်ကို မိဘများနဲ့အတူ အသေးစိတ် တိုင်ပင်ဆွေးနွေး ပေးသွားမှာဖြစ်ပါတယ်။

 နိုင်ငံတကာသို့ သွားရောက်သင်ကြားမည့် ကျောင်းသူ၊ ကျောင်းသားများ စနစ်တကျ ပြင်ဆင်စောင့်ဆိုင်းရင်း တိကျသေချာသော ပညာရေးလမ်းကြောင်း ရွေးချယ်ခြင်း၊  ဘာသာရပ်ရွေးချယ်ခြင်း၊ Scholarship အတွက် ပြင်ဆင်ခြင်းများ ပြုလုပ်ချင်တယ် ဆိုရင် GAC Grade 12 program မှာ တစ်နှစ်အတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချ ပြင်ဆင်နိုင်ပါပြီ။

2022 အတွက် အသစ်ဖွင့်လှစ်မည့် GAC Grade 12 programနှင့်ပတ်သက်၍ https://crown.edu.mm/gac/ လင့်ခ်တွင် အသေးစိတ်ဝင်ရောက်ဖတ်ရှုနိုင်သလို CROWN Education & Royal Academic Institute ရုံးဖုန်းနံပါတ်များဖြစ်သည့် 09 88-111-08-11, 09 88-111-01-22, 09 88-111-01-33, 09 88-111-01-44 သို့လည်း Monday – Saturday ရုံးချိန် (9am-4pm) အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Book Appointment >