ACT - GAC Program

Perfect Student Award ဆုရ ကျောင်းသား မောင်မာန်ဟိန်းခန့်အနေနဲ့ CROWN Education ၏ Higher Secondary Schoolဖြစ်တဲ့ Royal Academic Instituteမှာ GAC Grade 12 program တက်ရောက်သင်ကြားခဲ့ပြီးနောက်

🇺🇸 အမေရိကန် ပြည်ထောင်စုရှိ State University of New York, Oswego (SUNY Oswego)မှ 50% Destination Oswego Scholarship + 1,500 USD

🇦🇺 သြစတြေးလျနိုင်ငံရှိ Western Sydney University မှ 20% Multi Years, Western Sydney International Scholarship

🇦🇺 Griffith University (Queensland) ရှိ 25 % International Student Academic Excellence Scholarship

🇸🇬 စင်ကာပူနိုင်ငံရှိ James Cook University Singaporeတွင် 100% Merit Scholarship on ONE academic year စသည့် ပညာသင်ဆုများကို ချီးမြှင့်ခြင်းခံရသည့်အတွက် CROWN EDUCATION & ROYAL ACADEMIC INSTITUTE မိသားစုမှ အထူး ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။

မောင်မာန်ဟိန်းခန့်အနေနဲ့ ပညာသင်ဆု အများဆုံးပေးနိုင်သော တက္ကသိုလ်ကို ဦးစားပေး မရွေးချယ်ဘဲ အမေရိကန်ပြည်ထောင်စုရှိ အထင်ကရ State University of New York System အောက်ရှိ SUNY Oswegoတွင် စာသင်နှစ်တစ်နှစ်တာကင်းလွတ်ခွင့်အပြင် Bachelor Degree ရသည်အထိ 50% scholarship + 1,500 USD ဖြင့် Business Administration & Management ဘာသာရပ်ကို တက်ရောက်သင်ကြားဖို့ ရွေးချယ်ခဲ့ပါတယ်။ ဒါ့အပြင် GAC Grade 12 programမှ သူရဲ့ အတွေ့အကြုံတွေကိုလည်း အောက်ပါအတိုင်း မျှဝေပြောကြားထားပါတယ်။

အမှန်အတိုင်းပြောရရင် ဒီကို စရောက်တုန်းက ကျွန်တော့်ပညာရေးအတွက် Royal Academic Institute (RAI)ဘက်ကနေ ဘာတွေကူညီပေးနိုင်တယ်၊ ဘယ်လိုအရာတွေကို ပြင်ဆင်ပေးမယ်ဆိုတာ မသိခဲ့ပါဘူး။ ဒါပေမယ့် နိုင်ငံခြားမှာကျောင်းဆက်တက်ဖို့ လိုအပ်တာတွေကို GAC Grade 12 Programက ကူညီပေးနိုင်မယ်လို့ ယုံကြည်ခဲ့တာကြောင့် RAIမှာ တက်ဖို့ရွေးချယ်ခဲ့ပါတယ်။

GACတက်ရတဲ့အချိန်တော်တော်များများက ပျော်ဖို့ကောင်းလိမ့်မယ်လို့ တကယ်ကို မထင်ခဲ့ပါဘူး။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဒီပရိုဂရမ်က မြန်မာကျောင်းသားတွေအတွက် နိုင်ငံခြားတက္ကသိုလ်တွေမှာ အဆင်ပြေပြေဆက်ပြီးသင်ယူနိုင်ဖို့ တကယ်ပြင်ဆင်ပေးခဲ့တယ်ဆိုတာကို ပိုပြီးသိလာခဲ့တယ်။

GAC Grade 12 program ကပေးတဲ့ CGPA 4.0အပြင် Perfect Student Award ရခဲ့သလို GACရမှတ်နဲ့ ကျောင်းတွေ လျှောက်တဲ့အခါမှာလည်း USA-Singapore-Australia တက္ကသိုလ်တွေရဲ့ ပညာသင်ဆုတွေပါ ရခဲ့ပါတယ်။

GAC programသင်ကြားပို့ချပေးတဲ့ဆရာ၊ဆရာမတွေက အရမ်းကိုစေတနာကောင်း၊ဂရုစိုက်ပြီး supportive ဖြစ်တာကြောင့် စာသင်ကြားရေးအပြင် တခြားအရာတွေအတွက်ပါ အများကြီးအထောက်အကူဖြစ်စေခဲ့သလို အတန်းဖော်ကောင်း၊ သူငယ်ချင်းကောင်းတွေနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်၊

Royal Academic Instituteကို ဘာမှမသိဘဲရောက်လာခဲ့တဲ့ ကျွန်တော့်အတွက် အခုတော့ သူငယ်ချင်းကောင်းတွေရခဲ့တဲ့အပြင် နိုင်ငံခြားမှာ ဆက်လက်သင်ယူဖို့ လိုအပ်တာတွေကိုပါ ပြင်ဆင်နိုင်ခဲ့လို့ ကျွန်တော့်ရဲ့ရွေးချယ်မှုနဲ့ ပတ်သက်ပြီး အားရကျေနပ်ပါတယ်။

ရှေ့ဆက်ရမယ့်ပညာရေးမှာလည်း အစစအရာရာ အဆင်ပြေချောမွေ့ဖို့ CROWN EDUCATION & ROYAL ACADEMIC INSTITUTE မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Global Assessment Certificate (ACT-GAC, Grade 12 Program) တက်ရောက်ပြင်ဆင်ခြင်းဖြင့် –

မြန်မာဆယ်တန်း စနစ်ဟောင်း (သို့မဟုတ်) iGCSE / Grade 11 ပြီးမြောက်ထားတဲ့ ကျောင်းသူ၊ကျောင်းသားများအနေဖြင့် GAC Grade 12 Program တက်ရောက်ထားပါက ကနေဒါ-ယူကေ-သြစတြေးလျ-စင်ကာပူနိုင်ငံရှိ တက္ကသိုလ်များတွင် Foundation ပြန်တက်ရန် မလိုအပ်ဘဲ တက္ကသိုလ်ပထမနှစ်မှ စတင်တက်ရောက်နိုင်ခြင်း၊

အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်ကြီးများတွင် ဘာသာရပ်ကင်းလွတ်ခွင့်နှင့်အတူ ပညာသင်ဆုများ လျှောက်ထားနိုင်သည့်အတွက် အချိန်နှင့်ငွေကြေးကုန်ကျမှု သက်သာစေနိုင်ခြင်း၊

Global Assessment Certificate (ACT-GAC, Grade 12 Program) ကို CROWN Education တွင် (၁)နှစ် တက်ရောက်ပြင်ဆင်ခြင်းဖြင့် နိုင်ငံတကာရှိ Rankingမြင့် တက္ကသိုလ်များတွင် အခက်အခဲမရှိ ဆက်လက်သင်ယူနိုင်ခြင်း၊

မြန်မာဆယ်တန်း(စနစ်ဟောင်း)နှင့် iGCSE resultများတွင် ရမှတ်လိုအပ်ချက်ရှိသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့်လည်း GAC Grade 12 Program တစ်နှစ်တက်ရောက် သင်ယူပြီး GPA ရမှတ်ကောင်းများရရှိအောင် ပြင်ဆင်ကာ နိုင်ငံတကာတွင် ပညာသင်ဆုများဖြင့် ဆက်လက်သင်ကြားနိုင်ခြင်း၊

ACT နှင့် IELTS ရမှတ်ကောင်းများရရှိအောင် သင်ကြားပေးနေပြီး နိုင်ငံတကာ ဆယ့်နှစ်တန်းနှင့် ညီမျှသည့်အတွက် တက္ကသိုလ်ရွေးချယ်ရာတွင် အကန့်အသတ်မရှိဘဲ စိတ်ကြိုက်လျှောက်ထားနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မှာဖြစ်ပါတယ်။

အခုလိုကာလမှာ သင်ကြားမှု၊ သင်ယူမှုတွေ ရပ်တန့်မနေစေဖို့ GAC-Grade 12 Program သင်ယူလိုတဲ့ ကျောင်းသားတွေအနေနဲ့ မြန်မာဆယ်တန်း(သို့) iGCSE စာမေးပွဲ အောင်စာရင်းများ၊ အမှတ်စာရင်းများ မရှိထားသော်လည်း ဝင်ခွင့်စာမေးပွဲကို ကြိုတင်လာရောက် ဖြေဆိုထားနိုင်ပါတယ်။

ကလေးရဲ့ ဝါသနာနဲ့ အားသာချက် / အားနည်းချက်ပေါ် မူတည်ပြီး ဆက်လက်တက်ရောက်ရမယ့် နိုင်ငံနဲ့ ဘာသာရပ်ကို မိဘများနဲ့အတူ အသေးစိတ် တိုင်ပင်ဆွေးနွေး ပေးသွားမှာဖြစ်ပါတယ်။

နိုင်ငံတကာသို့ သွားရောက်သင်ကြားမည့် ကျောင်းသူ၊ ကျောင်းသားများ စနစ်တကျ ပြင်ဆင်စောင့်ဆိုင်းရင်း တိကျသေချာသော ပညာရေးလမ်းကြောင်း ရွေးချယ်ခြင်း၊ ဘာသာရပ်ရွေးချယ်ခြင်း၊ Scholarship အတွက် ပြင်ဆင်ခြင်းများ ပြုလုပ်ချင်တယ် ဆိုရင် GAC Grade 12 program မှာ တစ်နှစ်အတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချ ပြင်ဆင်နိုင်ပါပြီ။

2022 အတွက် အသစ်ဖွင့်လှစ်မည့် GAC Grade 12 programနှင့်ပတ်သက်၍ https://crown.edu.mm/gac/ လင့်ခ်တွင် အသေးစိတ်ဝင်ရောက်ဖတ်ရှုနိုင်သလို CROWN Education & Royal Academic Institute ရုံးဖုန်းနံပါတ်များဖြစ်သည့် 09 88-111-08-11, 09 88-111-01-22, 09 88-111-01-33, 09 88-111-01-44 သို့လည်း Monday – Saturday ရုံးချိန် (9am-4pm) အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Book Appointment >