ဆွစ်ဇာလန်နိုင်ငံ၏ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်များသည် နှစ်စဉ် နိုင်ငံတကာ ကျောင်းသား ထောင်ပေါင်းများစွာကို ဆွဲဆောင်လျက်ရှိသည်။ ဆွစ်ဇာလန်တွင် ကျောင်းစရိတ် အလုံးစုံ ကြီးမြင့်နိုင်သော်လည်း၊ ကျောင်းသူ ကျောင်းသားများရဲ့ အလုပ်အတွေ့အကြုံ သင်ယူနိုင်ဖို့အတွက် အလုပ်သင်များထားရှိပေးထားခြင်း၊ ဘွဲ့ရရှိပြီးပါကလည်း အလုပ်ရရှိနိုင်ဖို့ အခွင့်အ‌ရေးများခြင်းတို့ ပါဝင်ပါသည်။ နှစ်စဉ် February , June Intake များအတွက် ဆွစ်ဇာလန်နိုင်ငံရှိ တက္ကသိုလ်များသို့ လျှောက်ထားနိုင်ပြီး ဘာသာရပ်များ၊ ဗီဇာလျှောက်ထားမှုများ၊ ကျောင်းဝင်ခွင့်လိုအပ်ချက်များပြည့်စုံနိုင်စေဖို့ လိုအပ်ပါက သက်ဆိုင်ရာ ပညာရေးတာဝန်ခံများနဲ့ ဆွေးနွေးအကြံပေးမှု ရယူသင့်ပါသည်။

IGCSE/ မြန်မာဆယ်တန်းဖြေဆိုအောင်မြင်ထားသော ကျောင်းသူ ကျောင်းသားများ

လျှောက်ထားသော ကျောင်းသူ ကျောင်းသားများအနေနဲ့ မြန်မာဆယ်တန်း (သို့) IGCSE ဖြေဆိုအောင်မြင်ပြီးသော အမှတ်စာရင်းများနှင့်အတူ သက်ဆိုင်ရာ တက္ကသိုလ်ကျောင်းများမှ တောင်းခံတတ်သည့် Motivation Letter, IELTS/TOEFL, Curriculum Vitae များပြင်ဆင်ပြီးလျှောက်ထားနိုင်ပါသည်။  ဆွစ်ဇာလန်နိုင်ငံတွင် ဘွဲ့ကြိုဒီဂရီအတွက် စာသင်နှစ် (၃) နှစ် သို့မဟုတ် (၄) နှစ် အထိ သင်ယူတက်ရောက်ရန်လိုအပ်ပါသည်။

ဘွဲ့လွန်အတွက် ကျောင်းလျှောက်ထားခြင်း။

ဘွဲ့လွန်ဒီပလိုမာနှင့် မာစတာပရိုဂရမ်များအတွက် လုပ်သက်အတွေ့အကြုံရှိထားရန်လိုအပ်ပြီး ပြီးစီးထားသည့်ပညာရေးနောက်ခံနှင့် ဘာသာရပ်အပေါ်မူတည်ကာ အပြောင်းအလဲရှိနိုင်ပါသည်။ အဆိုပါ ပရိုဂရမ်များအတွက် ပျမ်းမျှ အချိန် (၁) နှစ်ခန့်သာ တက်ရောက်သင်ကြားရန် လိုအပ်ပါသည်။

ကုန်ကျစရိတ်နှင့် ပညာသင်ဆုများ

ဆွစ်ဇာလန်နိုင်ငံတွင် သွားရောက်ပညာသင်ယူမယ့် ကျောင်းးသူ၊ကျောင်းသားများအနေဖြင့် ‌(၁) နှစ်လျှင် ကျောင်းလခနှင့် နေထိုင်စားသောက်စရိတ် CHF 27,350 မှ 36,500 ထိ ခန့်မှန်းခြေကုန်ကျနိုင်ပါသည်။  ဆွစ်ဇာလန်တက္ကသိုလ်များမှပေးအပ်ချီးမြှင့်သော ပညာသင်ဆုများအနက်မှ Ph.D. တက်ရောက်လိုတဲ့ကျောင်းးသူ ကျောင်းသားများအတွက် Partial Funding အဖြစ် Swiss Government Excellence Scholarship,  EPFL Excellence Fellowship, Institute for Peace and Dialogue Summer Programs, STAR Scholarship, Friedrich Naumann Foundation Scholarship. Fully Funded အဖြစ် Swiss Federal Institute of Technology Lausanne Fully Funded Scholarship, University of Geneva Excellence Faculty of Science Masters Fellowship, SIT STAR Scholarshipများအား စနစ်တကျပြင်ဆင်လျှောက်ထားနိုင်ပါသည်။ 

အလုပ်လုပ်ကိုင်ခွင့်

နိုင်ငံအသီးသီးမှ ဆွစ်ဇာလန်သို့လာရောက် ပညာသင်ကြားကြသော ကျောင်းသားများကို တက္ကသိုလ်ကျောင်းများမှ အချိန်ပိုင်းအလုပ်များ ကျောင်း Campus အတွင်း ထားရှိပေးလေ့ရှိတဲ့အပြင် ဆွစ်ဇာလန်အစိုးရမှာ တရားဝင် တပတ်ကို (၁၅) နာရီ အများဆုံး အချိန်ပိုင်းလုပ်ပိုင်ခွင့်ပေးထားပါသည်။ ဆွစ်ဇာလန်နိုင်ငံမှာ Hospitality and Tourism ဘာသာရပ်များကို သင်ယူရာတွင် အထူးအားသာချက်မှာ ပညာသင်ကာလ (၆) လပြီးဆုံးတိုင်း လုပ်ခလစာနဲ့အတူ အလုပ်သင် internship ကာလ (၄) လ မှ (၆) လအထိ ရရှိတာဖြစ်ပါသည်။ ဆွစ်ဇာလန်နိုင်ငံ တက္ကသိုလ်များဟာ စာသင်ကာလအပြီး ကျောင်းသားများ အလုပ်သင်လုပ်ကိုင်နိုင်ရန် အလုပ်အတွေ့အကြုံရရှိဖို့ အတွက် ဉီးစား‌ပေးဆောင်ရွက်ပေးတာ ဖြစ်ပါသည်။ ဘွဲ့ရရှိပြီး ကျောင်းသားများအနေနဲ့ ဆွစ်ဇာလန်နိုင်ငံအပြင် သက်ဆိုင်ရာကျောင်းနှင့် ချိတ်ဆက်ထားသည့် အမေရိကန်၊ ဥရောပနိုင်ငံ၊ အာရှနိုင်ငံများရှိ ဟော်တယ်နဲ့ခရီးသွားကုမ္ပဏီများတွင် အလုပ်အကိုင်ရရှိဖို့အတွက် ဖုန်း၊  Skype အင်တာဗျူးများ ပြင်ဆင်ပေးခြင်း ၊ အလုပ်အကိုင်ရှာဖွေရပေးခြင်းနဲ့  ဗီဇာလျှောက်လွှာများအတွက် ကူညီပေးခြင်းများ ပါဝင်ပါသည်။

CROWN Education မှလျှောက်ထားပေးမည့် တက္ကသိုလ်ကြီးများ

CROWN Education အနေဖြင့် ဖော်ပြထားသော တက္ကသိုလ်များအတွက် ကျောင်းဝင်ခွင့်နှင့်၊ ကျောင်းသားဗီဇာ လျှောက်ထားပေးခြင်းကို အခမဲ့ကူညီ ပေးလျက်ရှိပါသည်။  

Book Appointment >