Study in Thailand
မြန်မာကျောင်းသူ၊ကျောင်းသားတွေအနေနဲ့ နိုင်ငံခြားမှာ ပညာဆက်လက်သင်ယူဖို့ ရွေးချယ်ကြသည့်အသည့်အခါ ကျောင်း၊ ဘာသာရပ် စုံလင်စွာရွေးချယ်နိုင်ခြင်း၊ အမေရိကန်၊ ယူကေ၊ ကနေဒါ၊ သြစတြေးလျနိုင်ငံများတွင် သွားရောက်သင်ကြားခြင်းထက် ကုန်ကျစရိတ်သက်သာခြင်း၊ မြန်မာနိုင်ငံနှင့် နီးခြင်း၊ နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့ဒီဂရီများကို ဗီဇာအခက်အခဲမရှိ အချိန်မီ လျှောက်ထားသင်ယူနိုင်ခြင်း စသည့် အချက်တွေကြောင့် ၂ဝ၂၂ ခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် ပညာသင်ကြားဖို့ ပိုမိုစိတ်ဝင်စား ရွေးချယ်လာကြပါတယ်။
ကျောင်းစာသင်ကြားရေးအပိုင်းမှာ English ဘာသာစကားနဲ့ သင်ယူရမှာဖြစ်တာကြောင့် 4 Skills English (Intermediateနဲ့အထက်) အဓိကထား ပြင်ဆင်သွားဖို့လိုအပ်ပါတယ်။ ထိုင်းဘာသာစကားကိုတော့ Optional အဖြစ် သင်ယူထားနိုင်ပါတယ်။
IGCSE/ မြန်မာဆယ်တန်း မဖြေဆိုရသေးသော ကျောင်းသူ ကျောင်းသားများ
မြန်မာဆယ်တန်းမဖြေဆိုရသေးဘူးများ၊ နိုင်ငံတကာပညာရေးလမ်းကြောင်းတက်ရောက်နေသူများအနေဖြင့် GED ကို (၄)လသို့မဟုတ်(၆)လခန့် အချိန်ယူပြင်ဆင်ဖြေဆိုပြီး လျှောက်ထားနိုင်ပါတယ်။
ပညာသင်ဆုဖြင့် ထိုင်းနိုင်ငံတွင်ကျောင်းတက်ရောက်လိုပါက Royal Academic Institute တွင် ဖွင့်လှစ်ထားသည့် RAI Grade 12 Program – Triple Award Program (Grade 12+ ACT + GED) ပရိုဂရမ်မှတဆင့် တက်ရောက်လျှောက်ထားနိုင်ပါတယ်။ ထိုင်းနိုင်ငံတွင် ဘွဲ့ကြိုဒီဂရီ ရရှိဖို့ အချိန် (၄) နှစ်တက်ရောက်ရမှာ ဖြစ်ပြီး မြန်မာနိုင်ငံက ကျောင်းသားတော်တော်များများအနေနဲ့ ထိုင်းနိုင်ငံကျောင်းတွေရှိ Exchange Program ကို သိရှိကြတာများပါတယ်။ အချို့သော Private University တွေမှာ Exchange Program အပြင် Transfer Program (2+2 Program) များဖြင့် တက်ရောက်နိုင်တဲ့ ကျောင်းများလည်း ရှိလာပါတယ်။ ထိုင်းနိုင်ငံတွင် (၂) နှစ် တက်ရောက်သင်ကြားပြီးနောက် အဆိုပါတက္ကသိုလ်များနှင့် MOU လက်မှတ်ရေးထိုးထားတဲ့ အနောက်နိုင်ငံရှိတက္ကသိုလ်များတွင် ကျန် (၂) နှစ်ကို ဆက်လက်တက်ရောက်နိုင်မယ့် အခွင့်အရေးအချို့လည်း ရှိလာပါတယ် (ဘာသာရပ်၊ တက္ကသိုလ် အပေါ် မူတည်ပြီး ကန့်သတ်ချက်များ ရှိတတ်ပါတယ်)
IGCSE/ မြန်မာဆယ်တန်းဖြေဆိုအောင်မြင်ထားသော ကျောင်းသူ ကျောင်းသားများ
သတိပြုရန်မှာ ထိုင်းအစိုးရတက္ကသိုလ်များ၏ ဝင်ခွင့်အတွက် IGCSE ကိုလက်မခံပါ။ ထိုင်းနိုင်ငံရှိ အစိုးရနှင့်ပုဂ္ဂလိက တက္ကသိုလ်များအားလုံးတွင် ကျောင်းဝင်ခွင့်အတွက် GED Test ကို လက်ခံကြပါတယ်။ ထိုင်းပုဂ္ဂလိကတက္ကသိုလ်အချို့မှာတော့ IGCSE ကျောင်းသားများအတွက် ဖေါင်ဒေးရှင်း ၃လ-၆လခန့် တက်ရောက်သင်ကြားပြီးမှ အဆိုပါတက္ကသိုလ်တွင် ပထမနှစ်သို့ ဆက်လက်တက်ရောက်နိုင်တာမျိုးလည်းရှိပါတယ်။
ဘွဲ့လွန်ဒီဂရီအတွက် ကျောင်းလျှောက်ထားခြင်း။
ထိုင်းနိုင်ငံတွင် ဘွဲ့လွန်ဒီဂရီများတက်ရောက်သင်ကြားရန်အတွက် စာတွေ့နှင့် စာတန်းပြုစုရမည့်အချိန်ကို အကြမ်းဖျဉ်းအားဖြင့် အချိန် (၁) နှစ် မှ (၂) နှစ်အထိ ကြာမြင့်နိုင်ပြီး လျှောက်ထားမည့် တက္ကသိုလ်နှင့် ဘာသာရပ်အပေါ်မူတည်ကာ လုပ်ငန်းအတွေ့အကြုံအနည်းဆုံး (၂) နှစ်ထိ ရှိထားရန်လိုအပ်နိုင်ပါတယ်။ အချို့သောကျောင်းများတွင် ဘွဲ့လွန်ဒီဂရီရရှိနိုင်ရန်အတွက် အချိန်(၁) နှစ်သာ တက်ရောက်ရတာမျိုးလည်းရှိပါတယ်။
ထိုင်းနိုင်ငံတွင်းရှိ Public University နဲ့ Private University ကွာခြားချက်များ။
နိုင်ငံအသီးသီးမှ Public University များအနေနဲ့ Private University ထက် Ranking, Reputation ပိုမိုမြင့်မားကြသလို ကျောင်းဝင်ခွင့်လက်ခံစဉ်းစားမှု တင်းကြပ်လေ့ရှိပါသည်။ အစိုးရကျောင်းများဖြစ်တဲ့အလျောက် Academic System, Curriculum တွေမှာ ပိုမိုကောင်းမွန်ကြပြီး ရွေးချယ်သင်ယူစရာ ဘာသာရပ်/ Faculty ပိုမို စုံလင်ပါတယ်။
(Royal Academic Institute တွင် GED ပြင်ဆင်ဖြေဆိုအောင်မြင်ပြီးသော ကျောင်းသူ ကျောင်းသားများကို ထိုင်းနိုင်ငံအတွင်းရှိ CROWN နှင့်ချိတ်ဆက်ထားသော တက္ကသိုလ်ကျောင်းများအပြင် မချိတ်ဆက်ထားသော Private နှင့် Public Universities များကိုပါ ဗီဇာ+ကျောင်းဝင်ခွင့် “အခမဲ့” လျှောက်ထားပေးပါတယ်။ ထိုင်းနိုင်ငံမှ နာမည်ကြီး Public University များဖြစ်တဲ့ Chulalongkorn University, Thammasat University, Mahidol University နဲ့ Engineering ဘာသာရပ်များသင်ကြားပို့ချမှုမှာ နာမည်ကြီးသည့် King Mongkut’s University of Technology Thonburi (KMUTT) Kasetsart University (KU) ကျောင်းတွေမှာ တက်ရောက်ခွင့်ရဖို့အတွက် လျှောက်ထားမည့် ဘာသာရပ်အပေါ်မူတည်ကာ လိုအပ်ပါက SAT/ACT တို့ကိုပါ ဖြည့်စွက်ပြင်ဆင်ပေးလျက်ရှိပါတယ်။)
ကုန်ကျစရိတ်နှင့် ပညာသင်ဆုများ
ထိုင်းနိုင်ငံမှာ ပညာသင်ကြားတဲ့အခါ (၄)နှစ်စာ တက္ကသိုလ်ကျောင်းလခအတွက် Baht 500,000 ခန့်ကနေ Baht 1,200,000 ခန့် ကုန်ကျမှာ ဖြစ်ပြီး (Semester အလိုက် ကျောင်းလခပေးသွင်းနိုင်ပါတယ်)၊ နေထိုင်စားသောက်စရိတ်အနေနဲ့ (၁)နှစ်လျှင် Baht 180,000 ခန့်ပျမ်းမျှ ကုန်ကျနိုင်ပါတယ်။ သက်ဆိုင်ရာ Intake အလိုက် လျှောက်ထားသော နိုင်ငံတကာ ကျောင်းသူ၊ ကျောင်းသားများထဲမှ Academic Qualifications ထူးချွန်ကောင်းမွန်သည့် ကျောင်းသူ၊ကျောင်းသားများကို Child Dream Scholarship, Prospect Burma Scholarship, Asean Maybank Scholarship စတဲ့ ပညာသင်ဆု လျှောက်ထားနိုင်သည့် အခွင့်အရေးများလည်းရှိပါတယ်။
ထိုင်းနိုင်ငံအတွင်းက Private University တွေဖြစ်သည့် Bangkok University (BUI), Rangsit University (RSU), Dusit Thani College, UTCC အစရှိတဲ့ ကျောင်းတွေမှာလည်း ကျောင်းသူ၊ကျောင်းသားတွေရဲ့ ထူးချွန်မှုအလိုက် ကျောင်းလခအတွက် partial scholarship လျှောက်ထားခွင့် ပေးတတ်ပါတယ်။
ကျောင်းသားအနေနဲ့ ဘာကြောင့် ပညာသင်ဆု လျှောက်ထားခြင်းဖြစ်တယ်ဆိုတာကို တိကျပြည့်စုံစွာ ဖော်ပြနိုင်ဖို့လိုသလို Interview (Skype/WhatsApp), IELTS/TOEFL/PTE Score ကောင်းမွန်ခြင်း၊ Academic records တွေမှာ သတ်မှတ်ထားသော လိုအပ်ချက်တွေပြည့်မီထားခြင်းအပြင် ကျောင်းစာပြင်ပ extra-curricular activitiesတွေမှာ ဘယ်လောက်ထိ ပါဝင်ဆောင်ရွက်ဖူးတယ်ဆိုတဲ့အချက်ကလည်း ပညာသင်ဆုရရှိနိုင်ဖို့ အခွင့်အရေးများတတ်ပါတယ်။
အလုပ်လုပ်ပိုင်ခွင့်
ထိုင်းနိုင်ငံအစိုးရရဲ့ ဉပဒေအရ ထိုင်းနိုင်ငံပြင်ပမှ လာရောက်ပညာသင်ယူကြသည့် နိုင်ငံတကာ ကျောင်းသူ၊ကျောင်းသားများကို ကျောင်းတက်ရောက်နေတဲ့ ကာလအတွင်း Student Visa ကိုင်ဆောင်ပြီး Part-Time/Full-Time တရားဝင် အလုပ်လုပ်ကိုင်ခွင့်အတွက် ခွင့်မပြုပါ။ ခြွင်းချက်အနေနဲ့ တချို့သော သက်ဆိုင်ရာကျောင်းတွေမှာ ဘာသာရပ်အပေါ်မူတည်ပြီး “Unpaid Internship” နှင့်အတူ အလုပ်သင်အတွေ့အကြုံ ရယူနိုင်ပါတယ်။ ပညာသင်ယူမှုကာလ ပြီးဆုံးမှသာ တရားဝင်အလုပ်ရရှိဖို့ စတင်လျှောက်ထားနိုင်ပြီး Work Visa ဖြင့် ဆက်လက်နေထိုင်နိုင်ပါတယ်။
CROWN Education တွင်လျှောက်ထားပေးမည့် တက္ကသိုလ်များ၊
CROWN Education အနေဖြင့် ဖော်ပြထားသော တက္ကသိုလ်များအတွက် ကျောင်းဝင်ခွင့်နှင့်၊ ကျောင်းသားဗီဇာ လျှောက်ထားပေးခြင်းကို အခမဲ့ကူညီ ပေးလျက်ရှိပါသည်။