Scholarships

မောင်နေလင်းသာအနေနဲ့ CROWN Education ရဲ့ Higher Secondary School ဖြစ်တဲ့ Royal Academic Institute မှာ General Educational Development (GED) တက်ရောက်သင်ကြားခဲ့ပါတယ်။ အခုအခါ ထိုင်းအစိုးရတက္ကသိုလ် Mahanakorn University Of Technology International College ( MUTIC ) တွင် BEng Mechanical Engineering ဘာသာရပ်အတွက် တက်ရောက်သင်ကြားခွင့်ရရှိထားတာ ဖြစ်ပါတယ်။

ရှေ့ဆက်ရမယ့်ပညာရေးမှာလည်း အစစအရာရာ အဆင်ပြေချောမွေ့ဖို့ CROWN EDUCATION & ROYAL ACADEMIC INSTITUTE မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Royal Academic Institute တွင် General Educational Development (GED) ကို အသက် (၁၆)နှစ်ပြည့်ပြီး ပညာရေးတစ်ပိုင်းတစ်စဖြစ်နေသူမည်သူမဆို၊ အထူးသဖြင့် ထိုင်းနိုင်ငံရှိ တက္ကသိုလ်များ လျှောက်ထားချင်သူများ၊ ဂျပန် ပုဂ္ဂလိကတက္ကသိုလ်များတွင် တက်ရောက်သင်ကြားလိုသူများ (ကျောင်းသူ ကျောင်းသားများအနေဖြင့် အသက် ၁၈ နှစ် ပြည့်ထားရန် လိုအပ်ပါတယ်)၊ အမေရိကန်ပြည်ထောင်စု ကောလိပ်တက္ကသိုလ်တက်ရောက်လိုသူများ၊ စင်ကာပူ ပုဂ္ဂလိကကျောင်းလျှောက်ထားလိုသူများ GED လက်မှတ်ကိုပြင်ဆင်နိုင်ပြီး အချိန်အားဖြင့် (၄)လခွဲ ကြာမြင့်ပါတယ်။ GED Test များဖြေဆိုအောင်မြင်ပါက အဆိုပါလက်မှတ်ဖြင့် ပြည်ပတွင် ဆက်လက်ပညာသင်ယူနိုင်ပါတယ်။

Royal Academic Institute (RAI) တွင် GED တက်ရောက်သင်ကြားလိုသူများအနေဖြင့် RAI မှ စစ်ဆေးသော Royal Test ကို ဖြေဆိုအောင်မြင်ရန် လိုအပ်ပါတယ်။ Royal Test ဖြေဆိုအောင်မြင်ပါက ကျောင်းသူ ကျောင်းသားများအနေဖြင့် GED Online (သို့) In-Person အတန်းများကို နီးစပ်ရာ ရန်ကုန်နှင့် မန္တလေးမြို့ရှိ Royal Academic Instiitute တွင် တက်ရောက်သင်ယူနိုင်ပါတယ်။

2023 ခုနှစ် အတွက် အသစ်ဖွင့်လှစ်မည့် GED Program များနှင့်ပတ်သက်ပြီး https://crown.edu.mm/ged လင့်ခ်တွင် အသေးစိတ်ဝင်ရောက်ဖတ်ရှုနိုင်သလို Royal Academic Institute (Yangon Campus) အတွက် 09 88-111-01-55, 09 88-111-01-66 ဖုန်းနံပါတ်များသို့ လည်းကောင်း၊ Mandalay Campus အတွက်  09 975 700 800, 09 975 800 800 ဖုန်းနံပါတ်များသို့ Monday – Saturday ရုံးချိန် (9am-4pm) အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Book Appointment >