ACT - GAC Program

” မြန်မာနိုင်ငံမှာ အစိုးရအထက်တန်းကျောင်းပြီးတော့ ညီမဖေဖေက ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့အရွယ် အသက် (၁၈)နှစ် ပြည့်ပြီးတဲ့အထိစောင့်ပြီးမှ နိုင်ငံခြားမှာပညာသင်စေချင် ခဲ့ပါတယ်။ အဲ့ဒါကြောင့် CROWN Education မှာ GAC Grade 12 Program ကို တစ်နှစ်တက်ခဲ့ပါတယ်။ ဒီ GAC Grade 12 Program ဟာ တက္ကသိုလ်ပညာရေး မသွားခင် Gap Year တက်ရတယ်ဆိုတာထက် အများကြီး ပိုခဲ့တဲ့အပြင် ပညာသင်ကြားခဲ့ရတဲ့ တစ်နှစ်ဆိုတဲ့အချိန်ကလည်း ညီမအတွက်တော့ တကယ့်ကို အကျိုးများတဲ့အပြင် စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

GAC Grade 12 Programကို CGPA (3.6)၊ IELTS (8.0)ရမှတ်တွေနဲ့ အောင်မြင်ခဲ့ပြီး ကယ်လီဖိုးနီးယား ပြည်နယ် Silicon Valley နားက College of San Mateo မှာ ညီမစိတ်ဝင်စားတဲ့ Computer Science ဘာသာရပ် သင်ကြားဖို့ ရွေးချယ်ခဲ့ပါတယ်။ ညီမအနေနဲ့ College of San Mateoက တစ်ဆင့် အမေရိကန် ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်ပြီး University Acceptance Rate (၁၇)% သာ ရှိတဲ့ UC Berkeley မှာ ကျန်ရှိတဲ့ တက္ကသိုလ်ပညာရေး (၂)နှစ်ကို ဆက်လက် သင်ကြားခွင့်ရခဲ့တာကြောင့် တော်တော်လေးကို ဝမ်းသာမိပါတယ်ရှင့်”

College of San Mateo မှာ တက်ရောက်နေစဉ်အတွင်း
မဆုလဒ်ဘုန်း၏ ထူးခြားသည့် အောင်မြင်မှုများ
■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■

ပထမနှစ်မှာတင် အမေရိကန်မှာ ခေတ်စားတဲ့ comic စာအုပ် အကြောင်းကို Analysis Essay အနေနဲ့ စာလုံးရေ ၃ဝဝဝ(၁ဝ မျက်နှာ) ရေးခဲ့ပြီး ကျောင်းမှ ဆရာက သူမဧ။်Essay ကို ကျောင်းစာစောင်အဖွဲ့ဆီကိုပို့ဖို့ recommend လုပ်ခြင်း ခံခဲ့ရပါတယ်။

ပထမနှစ်မှာ အမေရိကန်ရဲ့ အလွှာ အသီးသီးမှာ ရှိတဲ့ Honors Society ဆိုတဲ့ နှစ်ပေါင်းရာချီ သက်တမ်းရှိတဲ့ အသင်းကြီးမှာ အသင်းဝင်ဖြစ်ခဲ့ပါတယ်။ ကျောင်းရဲ့ အတော်ဆုံးကျောင်းသား (၁ဝ)% ကိုသာ လက်ခံတဲ့ အသင်းကြီးဖြစ်ပြီး အသင်းကြီးရဲ့ နှစ်ပတ်လည် Honors Symposium မှာ သူမဧ။် စာတမ်းကို ဖတ်ကြားဖို့ ရွေးချယ်ခံခဲ့ရပါတယ်။

သူမ၏ ပထမဆုံး ဘာသာရပ်ဆိုင်ရာ research ” Wireless Security” ကို ကျောင်းမှာ ပြုလုပ်တဲ့ Google, Facebook, Apple စတဲ့ ကုမ္ပဏီကြီးတွေက Senior Engineer တွေ လာရောက် ဟောပြောတဲ့ပွဲမှာ Panelist Speaker တယောက်အနေနဲ့ ပါဝင်ပြီး စာတန်းဖတ်ခွင့်ရခဲ့ပါတယ်။

ဒုတိယမြောက် Literature စာတန်းကို Honors Society ဧ။် တစ်နှစ်တစ်ကြိမ်ပြုလုပ်သော Honors Symposium Conference, Stanford University မှာ Presentationပြုလုပ်ဖို့ ရွေးချယ်ခံခဲ့ရပါတယ်။ ဒီလိုပွဲမျိုးမှာ ရွေးချယ်ခံရဖို့အတွက် California Bay Area တစ်ခုလုံးက အသင်းဝင် ကောလိပ်ကျောင်းသားတွေရဲ့ စာတမ်း (၂၆ဝ)ကျော်ထဲက ရွေးချယ်ခံရခြင်း ဖြစ်ပါတယ်။

ကောလိပ် (၂) နှစ်ရဲ့ semester (၄) ခုလုံးမှာ GPA 4.0 ( A , A+, 93 & above)တွေရရှိခဲ့ပြီး ကျောင်းအားလပ်ချိန် တွေမှာတော့ ကျောင်းရဲ့ Library မှာ Tutor အဖြစ်နှင့် Computer Lab မှာ Teaching Assistant အဖြစ် အချိန်ပိုင်း ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။

Ma Su Latt Phone
University of California
(UC Berkeley)

Book Appointment >