ACT - GAC Program

Admin: အရင်ဆုံး Onlineကနေ သင်ဖို့ ဘာကြောင့် ရွေးဖြစ်သွားတာလဲ။

APM: On Campus သွားတက်ဖို့က အဆင်မပြေလို Onlineကနေပဲ အရင်တက်ထားတာပါ။ အဓိကကတော့ Covid -19 Pandemic ကြောင့်ပါပဲ။

Admin: Onlineကနေ သင်ယူရတဲ့အခါ အကျိုးကျေးဇူးတွေနဲ့ အခက်အခဲတွေရောရှိလား။

APM: အကျိုးကျေးဇူးတွေကတော့ ပုံမှန်ဒီအတိုင်းသွားတက်မယ်ဆိုရင် International Student တစ်ယောက်အနေနဲ့ နိုင်ငံခြားမှာ သူငယ်ချင်းအသစ်တွေများများရဖို့၊ ပြောရဲဆိုရဲဖြစ်ဖို့၊ လိုက်လျောညီထွေဖြစ်ဖို့ နည်းနည်းခက်မယ်လို့ထင်တယ်ခင်ဗျ။ အခုလို Onlineက တက်ရတဲ့အခါ Learning Platform ကနေပဲဖြစ်ဖြစ်၊ Zoom class တွေထဲမှာ Breakout Room Activitiesတွေ လုပ်ရတာကြောင့်ပဲဖြစ်ဖြစ်၊ တစ်ယောက်နဲ့တစ်ယောက်အပြင်မှာ မျက်နှာချင်းဆိုင်မတွေ့ရပေမယ့် သူငယ်ချင်းတွေဖြစ်လာကြတယ်။

အဲ့တော့ On Campusအနေနဲ့ ကျွန်တော်သွားတက်လို့ရတဲ့အခါ သူငယ်ချင်းတွေရှိပြီးသားဖြစ်သလို ပြောဆိုဆက်သွယ်ရတာကလည်း တက္ကသိုလ်ကိုချက်ခြင်းရောက်သွားတာထက် အလွယ်တကူအသားတကျ ဖြစ်မယ်လို့ခံစားရပါတယ်။ နောက်တစ်ချက်က စာတွေအားလုံးကို Recorded လုပ်ပေးထားပြီး Online Learning Platform ပေါ်ပြန်တင်ထားပေးတဲ့အတွက် ကိုယ်နားမလည်လိုက်တဲ့ စာတွေရှိရင် အချိန်မရွေး နားမလည်မခြင်းပြန်ကြည့်လို့ရတာကတော့ တော်တော်လေးအဆင်ပြေပါတယ်။

အခက်အခဲတွေကတော့ ကိုယ်က Online Learning တစ်ခါမှမတက်ဖူးတော့ Learning Platform နဲ့အသားကျဖို့၊ ရင်းနှီးလာဖို့ အချိန်ယူရတာပါ။ နောက်ပြီး Online Learning က များသောအားဖြင့် ကိုယ်ပိုင်စာလေ့လာချိန်တွေများတော့ ပုံမှန်ထက်တော့ စာပိုလုပ်ရတယ်။ ဥပမာ-ကျွန်တော့်တက်နေတဲ့ Business Management က Accountingဘာသာရပ်ဆိုရင် ပုံမှန် Face to Face သင်ရတဲ့အခါတွေမှာ တစ်ရက်ကို အချိန်(၄)နာရီပေးပြီး သင်ရပါတယ်။

အခု Online Learning မှာတော့ ဆရာ၊ဆရာမတွေနဲ့ အွန်လိုင်းကနေတိုက်ရိုက်သင်ရတဲ့အချိန်က (၁)နာရီလောက်ပဲရှိပြီး ကျန်တဲ့အချိန်တွေမှာ Recorded Mini Lectures တွေ နဲ့ Assessments တွေလုပ်ရတဲ့အချိန်များတော့ နည်းနည်းပိုခက်ပါတယ်ခင်ဗျ။

အဲ့ဒါကတော့ ကျွန်တော်တိုတက်နေတဲ့ တက္ကသိုလ်က ဆရာ၊ဆရာမတွေ ကိုယ်တိုင်ပြောပြပေးတာပါ။ တကယ်လို ကိုယ့်အနေနဲ့ကလည်း Time Management Skillsမကောင်းဘူး။ Independent Learningနဲ့ Self-Studyကို တစ်ချိန်လုံး မမှီခိုချင်ဘူးဆိုရင်တော့ Online Learningက တော်တော်ကို ပျင်းဖို့ကောင်းပါလိမ့်မယ်ခင်ဗျာ။

Admin: Onlineကနေ သင်ရတာကိုရော ဘယ်လောက်ထိ စိတ်ကျေနပ်မှုရှိလဲ…ဆက်ပြီးတော့ရော ဘာတွေလေ့လာဖို့ အစီအစဉ်ချထားလဲ။

APM: ကျွန်တော့်အနေနဲ့ကတော့ အကုန်လုံးကိုချုံပြီး ပြောရရင် Online Learningနဲ့ သင်ရတာကိုလည်း ကြိုက်ပေမယ့် ရာနှုန်းပြည့်တော့မဟုတ်ဘူးပေါ့။ တကယ်လို့သာ 1st Semester ကိုပဲ Online ကတက်ရပြီး 2nd Semesterရောက်တဲ့အခါ Campusမှာ Face-to-Face တက်နိုင်မယ်လို့ မျှော်လင့်ထားတဲ့အတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေကိုလည်း လုပ်ထားပါတယ်။ အခု 2020 December – Christmas မတိုင်ခင်ပဲဖြစ်ဖြစ်၊ 2021 Januaryမှာပဲဖြစ်ဖြစ် သွားနိုင်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ။

မောင်အောင်ပိုင်မိုးအနေဖြင့် ယခုအခါ Covid-19 outbreakအလွန် UKကျောင်းသားဗီဇာများ ပြန်လည်ခွင့်ပြုခဲ့သည့်အချိန်တွင် University of Sussex၏ တက္ကသိုလ်ဒုတိယနှစ်ကို အဆင်ပြေပြေသွားရောက်သင်ကြားခွင့်ရရှိခဲ့ပြီးဖြစ်သလို ရှေ့ဆက်လျှောက်လှမ်းရမည့် ပညာရေးလမ်းကြောင်းတွင် အစစအရာရာအဆင်ပြေနိုင်စေရန်အတွက်လည်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Aung Paing Moe

International Year One in Business and Management

University of Sussex

Global Assessment Certificate (ACT-GAC, Grade 12 Program) တက်ရောက်ပြင်ဆင်ခြင်းဖြင့် –

မြန်မာဆယ်တန်း စနစ်ဟောင်း (သို့မဟုတ်) iGCSE / Grade 11 ပြီးမြောက်ထားတဲ့  ကျောင်းသူ၊ကျောင်းသားများအနေဖြင့် GAC Grade 12 Program တက်ရောက်ထားပါက ကနေဒါ-ယူကေ-သြစတြေးလျ-စင်ကာပူနိုင်ငံရှိ တက္ကသိုလ်များတွင် Foundation ပြန်တက်ရန် မလိုအပ်ဘဲ တက္ကသိုလ်ပထမနှစ်မှ စတင်တက်ရောက်နိုင်ခြင်း၊

အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်ကြီးများတွင် ဘာသာရပ်ကင်းလွတ်ခွင့်နှင့်အတူ ပညာသင်ဆုများ လျှောက်ထားနိုင်သည့်အတွက် အချိန်နှင့်ငွေကြေးကုန်ကျမှု သက်သာစေနိုင်ခြင်း၊

Global Assessment Certificate (ACT-GAC, Grade 12 Program) ကို CROWN Education တွင် (၁)နှစ် တက်ရောက်ပြင်ဆင်ခြင်းဖြင့်  နိုင်ငံတကာရှိ  Rankingမြင့် တက္ကသိုလ်များတွင် အခက်အခဲမရှိ ဆက်လက်သင်ယူနိုင်ခြင်း၊

မြန်မာဆယ်တန်း(စနစ်ဟောင်း)နှင့် iGCSE resultများတွင် ရမှတ်လိုအပ်ချက်ရှိသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့်လည်း GAC Grade 12 Program တစ်နှစ်တက်ရောက် သင်ယူပြီး GPA ရမှတ်ကောင်းများရရှိအောင် ပြင်ဆင်ကာ နိုင်ငံတကာတွင် ပညာသင်ဆုများဖြင့် ဆက်လက်သင်ကြားနိုင်ခြင်း၊

ACT နှင့် IELTS ရမှတ်ကောင်းများရရှိအောင် သင်ကြားပေးနေပြီး  နိုင်ငံတကာ ဆယ့်နှစ်တန်းနှင့် ညီမျှသည့်အတွက် တက္ကသိုလ်ရွေးချယ်ရာတွင် အကန့်အသတ်မရှိဘဲ  စိတ်ကြိုက်လျှောက်ထားနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို  ရရှိနိုင်မှာဖြစ်ပါတယ်။

အခုလိုကာလမှာ သင်ကြားမှု၊  သင်ယူမှုတွေ ရပ်တန့်မနေစေဖို့  GAC-Grade 12 Program သင်ယူလိုတဲ့ ကျောင်းသားတွေအနေနဲ့ မြန်မာဆယ်တန်း(သို့) iGCSE စာမေးပွဲ အောင်စာရင်းများ၊ အမှတ်စာရင်းများ မရှိထားသော်လည်း ဝင်ခွင့်စာမေးပွဲကို ကြိုတင်လာရောက် ဖြေဆိုထားနိုင်ပါတယ်။

ကလေးရဲ့ ဝါသနာနဲ့ အားသာချက် / အားနည်းချက်ပေါ် မူတည်ပြီး ဆက်လက်တက်ရောက်ရမယ့် နိုင်ငံနဲ့ ဘာသာရပ်ကို မိဘများနဲ့အတူ အသေးစိတ် တိုင်ပင်ဆွေးနွေး ပေးသွားမှာဖြစ်ပါတယ်။

 နိုင်ငံတကာသို့ သွားရောက်သင်ကြားမည့် ကျောင်းသူ၊ ကျောင်းသားများ စနစ်တကျ ပြင်ဆင်စောင့်ဆိုင်းရင်း တိကျသေချာသော ပညာရေးလမ်းကြောင်း ရွေးချယ်ခြင်း၊  ဘာသာရပ်ရွေးချယ်ခြင်း၊ Scholarship အတွက် ပြင်ဆင်ခြင်းများ ပြုလုပ်ချင်တယ် ဆိုရင် GAC Grade 12 program မှာ တစ်နှစ်အတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချ ပြင်ဆင်နိုင်ပါပြီ။

2022 အတွက် အသစ်ဖွင့်လှစ်မည့် GAC Grade 12 programနှင့်ပတ်သက်၍ https://crown.edu.mm/gac/ လင့်ခ်တွင် အသေးစိတ်ဝင်ရောက်ဖတ်ရှုနိုင်သလို CROWN Education & Royal Academic Institute ရုံးဖုန်းနံပါတ်များဖြစ်သည့် 09 88-111-08-11, 09 88-111-01-22, 09 88-111-01-33, 09 88-111-01-44 သို့လည်း Monday – Saturday ရုံးချိန် (9am-4pm) အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Book Appointment >