Scholarships & News

❑ Bachelor Program အပြီး Ph.D Program တိုက်ရိုက် တက်ဖို့ကို University of Huddersfieldမှာပဲဘာကြောင့် ရွေးချယ်ဖြစ်ခဲ့တာလဲ?

အစတုန်းကတော့ ညီမအနေနဲ့ Ph.Dဆက်တက်ဖို့အစီအစဉ်မရှိခဲ့ ပါဘူး… Bachelor Program ပြီးတော့ First Class (Hons:) ရခဲ့ပါတယ်။ အဲ့အတွက် Researchပိုင်းနဲ့ ပတ်သက်ပြီး Master Programအတွက်ရော Ph.D Programအတွက်ပါ Scholarship လျှောက်ထားခွင့်ရခဲ့ပါတယ်… အိမ်နဲ့ပြန်တိုင်ပင် ကြည့်တဲ့အခါ နည်းနည်းတော့ခက်ခဲနိုင်တယ်၊ဒါပေမယ့် Challenges အနေနဲ့ ကြိုးစားကြည့်ဖို့ အကြံပြုတာကြောင့် Ph.D Programကို University of Huddersfield (UOH) မှာပဲတက်ဖို့ ရွေးချယ်ခဲ့တာပါ။

❑ Master Programကိုကျော်လွန်လာတဲ့ကျောင်းသူတစ်ယောက် အနေနဲ့ Ph.Dအတန်းတက်တဲ့အချိန်မှာရော သူများနဲ့မတူဘဲ ကွဲပြား တာမျိုး ပိုအားစိုက်ခဲ့ရတာမျိုးရှိလား?

ညီမအနေနဲ့ ဘွဲ့ဆိုတာထက် ကိုယ်ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံနဲ့ပဲ ပိုသက်ဆိုင်မယ်လို့ ထင်ပါတယ်… ဘာကြောင့်လဲဆိုတော့ သင်ကြားမှု အပိုင်းမှာ သင်ရတာခြင်းအတူတူပဲ ဒါပေမယ့် Master Program ဆိုရင် Undergraduate Programထက် knowledge ပိုင်း မှာ နည်းနည်းမြင့်သွားတယ်… အလုပ်အတွေ့အကြုံရှိထားတဲ့သူတွေ ဆိုရင်တော့ တခြားကျောင်းသားတွေထက် Time Management လုပ်ရတာပိုလွယ်ကူနိုင်တယ်ပေါ့နော်… ပြီးတော့ အရင်ကထက်စာရင် Master Programကိုကျော်ပြီး Ph.Dကိုတိုက်ရိုက်သွားတဲ့သူ များလာတယ်ဆိုတော့ စာသင်ကြားမှုအပိုင်းမှာGAPက အဲ့လောက်ကြီး ထိကွာမယ်လို့တော့မထင်ပါဘူးရှင့်

❑ Bachelor Programမှာ First Class Honours ရတဲ့ သူတိုင်း Ph.D Programတက်မယ်ဆိုရင် စာသင်စရိတ် ကင်းလွတ်ခွင့်ရလား? ကျောင်းသားအပေါ်မှာရောမူတည်လား?

ဟုတ်ကဲ့ ပညာသင်ဆုလျှောက်တာကတော့ အကုန်လုံးလျှောက်လို့ ရသလို ကျောင်းသားတော်တော် များများရကြပါတယ်။ ကျောင်းရဲ့ Criteria အနေနဲ့က Researchပိုင်းနဲ့ပတ်သက်ရင် နည်းနည်း အားနည်းနေသေးတာဆိုတော့ ကျောင်းနဲ့ပတ်သက်ပြီး Research လုပ်ချင်တဲ့ကျောင်းသားတွေဆိုရင် ဘာသာရပ်အလိုက် Project ချပေးပါတယ်။

ညီမရခဲ့တဲ့ Vice Chancellor Scholarship ဆိုရင် Tution Fees အပြည့်အဝလွတ်ကင်းခွင့်ရပါတယ်။ Proposalမှာ ရွေးချယ် ခံရတဲ့ကျောင်းသားတွေဆိုရင် Projectအလိုက် Tuition Fees လည်း သက်သာခွင့်ရတယ်… တစ်လအတွင်း သူတို့သတ်မှတ်ပေးထား တဲ့ ပမာဏနဲ့Living Costကိုပါ Cover လုပ်ပေးတာရှိပါတယ်။

❑ ညီမလေးအခုလုပ်နေတဲ့ Ph.D Thesisရဲ့အကြောင်းအရာလေး ကိုလည်း ပြောပြပေးပါဦး…

ညီမက Marketingနယ်ပယ်ကလာတာဆိုတော့ Country of Original,Brand Originနဲ့ပတ်သက်ပြီး မြန်မာက စားသုံးသူတွေ ရဲ့ အမြင်၊ Productတစ်ခုရဲ့ Brandအပေါ်မှာ ဘယ်လိုအချက်တွေ နဲ့ ဆုံးဖြတ်တတ်ကြတယ်ဆိုတဲ့အပေါ် ဘယ်လောက်အတိုင်းအတာထိ impactရှိနိုင်တယ်ဆိုတာကို အဓိကထားလေ့လာနေပါတယ်။

❑ ညီမလေးအခု လုပ်နေတဲ့ Thesis Area နဲ့ပတ်သက်ပြီး Supervisorရှာရတာခက်ခဲလား? Ph.D Program တက်ရတဲ့ ကြာမြင့်ချိန်ကရော…

မခက်ခဲဘူးရှင့်….အခု Supervisorလုပ်ပေးတဲ့ဆရာက ညီမတို့ Ph.Dမတက်ခင်ကတည်းက Final Yearမှာ သင်ကြားခဲ့ရဖူးတဲ့ ဆရာပဲဆိုတော့ အဆင်ပြေပါတယ်။ Ph.D Programက ပုံမှန်ဆိုရင် အနည်းဆုံး၃နှစ်ကနေ အများဆုံး ၄နှစ်တက်ရပါတယ်။

❑ မြန်မာနိုင်ငံကနေနောက်ထပ်လာသင်ကြမယ့် ကျောင်းသား၊ကျောင်းသူတွေအတွက် အကြံပြုစကားက …

ပုံမှန်အားဖြင့် UOHမှာ တစ်နှစ်တစ်နှစ်ကို မြန်မာကျောင်းသား ၃၀ လောက် ရှိကြတဲ့အပြင် ကျောင်းဘက်ကတော်တော်လေး Support လုပ်ပါတယ်။ ပြီးတော့ ကျောင်းမှာက အသင်းအဖွဲ့တွေနဲ့ activity တွေ အများကြီးရှိတာကြောင့် ကျောင်းတက်ရတာတော်တော်လေး ပျော်ဖို့ကောင်းသလို ယူကေမှာကျောင်းတက်မယ်ဆိုရင် UOHကို apply လုပ်ဖို့ recommend ပေးပါတယ်ရှင့်…

❑ University of Huddersfield မှာ မြန်မာကျောင်းသား၊ကျောင်းသူတွေအနေနဲ့ Bachelor Program, Master Programတွေကိုရွေးချယ်လျှောက်ထားနိုင်သလို ပညာအရည်အချင်း အလိုက်ချီးမြှင့်ပေးနေတဲ့ ပညာသင်ဆုဆိုင်ရာ အကြောင်းအရာတွေကို CROWN Education Office အမှတ် ၂၇၅ ၊ ၃ လွှာ ၊ ကမ္ဘောဇတာဝါ ၊ မြေနီကုန်း ကုန်းကျော်တံတားအနီး စမ်းချောင်းမြို့နယ် ✆ ဝ၁ ၅၂၇ ၈၃၈ ၊ ဝ၉ ၄၄ ၅၅ ၆၆ ၇ဝ၁၊ ဝ၉ ၄၄ ၅၅ ၆၆ ၇ဝ၂ သို့ရုံးချိန်အတွင်းလေး ဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းကောင်းပါး လိုက်ပါတယ်နော်။

Book Appointment >