Scholarships & News

၂ဝ၁၉ ခုနှစ်အတွက် UWE Bristolရဲ့ (၅ဝ%)ပညာသင်ဆုရရှိထားသူတွေထဲကတစ်ဦးအပါအဝင်ဖြစ်သူ ညီမငယ် မအိအိန္ဒြာဆွေရဲ့ အတွေ့အကြုံတွေကို အများသိရှိနိုင်ဖို့မျှဝေပေးလိုက်ပါတယ်….

အရင်ဆုံး ညီမလေးအနေနဲ့ဘာကြောင့် ပြည်ပပညာရေးကိုရွေးချယ်ခဲ့တာလဲ…ဘာတွေပြင်ဆင်ခဲ့လဲ…

အိန္ဒြာ ပြည်ပမှာ ကျောင်းသွားတက်ချင်ရတဲ့ ရည်ရွယ်ချက်တွေထဲက တစ်ခုက Watch and Learn လုပ်ချင်တာ။ Developed ဖြစ်ပီးသား နိုင်ငံတွေမှာ ပညာရေးက ဘယ်လို စီးပွားရေးက ဘယ်လို အုပ်ချုပ်သူတွေက ဘယ်လို ပြည်သူတွေကကော ဘယ်လို ဆိုတာတွေကို လေ့လာချင်တာ။ ကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေကို အတုခိုးချင်တာ ကိုယ့်နိုင်ငံမှာ ပြန်ပြီး အသုံးချချင်တယ်ပေါ့နော်။ ညီမအနေနဲ့ ပြည်ပသင်ကြားရေးမသွားခင် 4-Skills Englishနဲ့ Academic Writing ကိုအဓိကထားပြီး လေ့လာခဲ့တယ်။ UK မှာက များသောအားဖြင့် ဘွဲ့ရထားတာ ရယ် အလုပ်လုပ်သက် (၂) နှစ်ရယ် Academic IELTS Band (6.5) ရတယ်ဆိုရင် MBA တက်လို့ရတယ်ဆိုတော့ IELTS ဖြေခဲ့ပါတယ်။

ရွေးချယ်သင်ကြားနိုင်တဲ့ နိုင်ငံအများကြီးထဲကမှ ယူကေမှာပညာသင်ကြားဖို့ဘာကြောင့်ရွေးချယ်ခဲ့တာလဲ…

Higher Education (MBA course) အတွက် ပညာဆက်လက်သင်ကြားဖို့ စဉ်းစားတဲ့အခါ ပညာရေးအဆင့်အတန်းမြင့်မားတဲ့ နိုင်ငံတွေကို ယှဉ်ကြည့်တော့ ယူကေ က Australia နဲ့ U.Sထက် ကျောင်းစရိတ်က သိသိသာသာ ပိုသက်သာတယ် ။ ဂုဏ်သိက္ခာကြီးမားတဲ့ နိုင်ငံတွေထဲကတစ်ခုဖြစ်သလို အေးအေးချမ်းချမ်းနဲ့ အရာရာကို တိုးတက်ဖွင့်ဖြိုးအောင် လုပ်ဆောင်နိုင်နေတဲ့ နိုင်ငံဖြစ်တယ်။ ပြီးတော့ ကမ္ဘာ့အကောင်းဆုံးကျောင်းတွေလည်း ရှိနေတော့ ကိုယ်တိုင်သွားပြီး စူးစမ်းလေ့လာနိုင်တယ်။ အဲ့လိုနဲ့ယူကေ ပညာရေးကို ရွေးချယ်ဖြစ်သွားတာပါ။

UWE Bristolရဲ့ MBA Programလျှောက်ထားတဲ့အခါ ဘယ်လိုအချက်တွေနဲ့ ရွေးချယ်ခဲ့လဲ…

MBA Program တက်ဖို့ကျောင်းရှာတဲ့အခါ ကျောင်းက နာမည်ရှိတဲ့ ကျောင်းကောင်းကောင်းဖြစ်ရမယ်၊ကိုယ့်ကိုတစ်ကယ် ပညာပေးမဲ့ ကျောင်းဖြစ်ရမယ်၊ နေရာကောင်းရမယ်၊ ဈေးသက်သာရမယ် ဆိုပြီး ရှာဖြစ်တယ်။ UK မှာ MBA တက်မယ်ဆို တက္ကသိုလ် ကို (၄) နှစ် နဲ့ ပြီးထားတဲ့ (ဘွဲ့) ပညာရေးကိုပဲ ကျောင်းအများစုက လက်ခံကြတယ်လို့သိရတယ်။ အဲ့ဒီမှာ အိန္ဒြာ က တက္ကသိုလ် ကို (၃) နှစ် နဲ့ ပြီးထားတော့ အဲ့ ဘွဲ့နဲ့ ကျောင်းလျှောက်တဲ့ အခါ မှာ နည်းနည်း ဒုက္ခရောက်တယ်။ ကိုယ်လိုချင်တာနဲ့အကုန်ကိုက်နေတဲ့ ကျောင်းကျပြန်တော့ (၃) နှစ်ဘွဲ့နဲ့ဆိုရင် MBA မတက်ခင် ABE level 5 အရင်တက်ရမယ်ဖြစ်ပြန်တယ်။ (၃) နှစ်ဘွဲ့ကို လက်ခံတဲ့ ကျောင်းကျပြန်တော့လည်း UKVI (UK IELTS) တောင်းတဲ့ ကျောင်းဖြစ်နေပြန်နဲ့ ကျောင်းရွေးရတာက အကြပ်ရိုက်ခဲ့ရတယ်။

ကံကောင်းချင်တော့ ရှားရှားပါးပါး The University of West of England (UWE Bristol) က UKVI မဟုတ်လည်း Academic IELTS ကိုလက်ခံတယ်။ (၃) နှစ်နဲ့ ပြီးထားတဲ့ ဘွဲ့ကိုလည်း လက်ခံတယ်။ 50% Scholarship လည်းပေးနေတယ်။ကျောင်းကလည်း နာမည်ရှိတဲ့ ကျောင်းကောင်းဖြစ်တယ်… အိန္ဒြာလိုချင်တဲ့ အချက်တွေနဲ့လည်း အဲ့ကျောင်းက ကိုက်ညီတယ်ဆိုပြီး ဆရာဦးအောင်ကျော်ဆန်းက ပြောလာတော့ အစွမ်းကုန်ကြိုးစားပြီး CROWN Education Centre ရဲ့ပံ့ပိုးမှု အကူအညီနဲ့လျှောက်ဖြစ်သွားတာပါ။

ယူကေမှာ ပညာသင်ချင်တဲ့ မောင်လေး၊ညီမလေးတွေအတွက် အကြံပေးချင်တာက…

ယူကေမှာ ပညာသင်ချင်တဲ့ မောင်လေး ညီမလေးတွေကို အကြံပြုချင်တာက IELTS ဖြေမယ်ဆိုရင် UKVI ကို အဓိကဖြေထားစေချင်တယ်။ ရိုးရိုး IELTS နဲ့ လျှောက်လို့ရတယ် ဆိုပေမဲ့လည်း UKVI ရှိထား ရင် ကျောင်းရွေးရတာ နယ်ပယ်မကျဉ်းတော့ဘူးပေါ့နော်။

Book Appointment >