News

ယူကေနိုင်ငံရှိ Russell Group အဖွဲ့ဝင်တက္ကသိုလ်များ၊ ကနေဒါနိုင်ငံရှိ U15 အဖွဲ့ဝင်တက္ကသိုလ်များကဲ့သို့ ကမ္ဘာမှာ ဂုဏ်သတင်းနာမည်ကျော်ဇောပြီး Research Quality၊ World Class Teaching Quality၊ Reputation အပိုင်းတွေမှာ စနစ်တကျ စိစစ်အကဲဖြတ် ဖွဲ့စည်းထားတဲ့ သြစတြေးလျမှ Intensive Research Australian Universities (၈)ကျောင်း – Group of Eight (Go8) Australian Universities နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
.
Group of Eight (Go8) Australian Universities တွေက သြစတြေးနိုင်ငံရှိ ခမ်းနားကြီးကျယ် တက္ကသိုလ်များ ဖြစ်ရုံတင်သာမက ကမ္ဘာအဆင့်မီ အကောင်းမွန်ဆုံး၊ ရှေးအကျဆုံးနှင့် ဂုဏ်သတင်းအစဉ်အလာ ကြီးမားသော တက္ကသိုလ်များဖြစ်ကြပါတယ်။
.
1999 ခုနှစ်တွင် သြစတြေးလျနိုင်ငံ၏ မြို့တော် Canberra တွင် စတင်တည်ထောင်ခဲ့ပြီး ရေရှည်တည်တံ့ ကောင်းမွန်သော အဆင့်မြင့်ပညာရေး၊ သုတေသနမူဝါဒပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုစေရန်နဲ့ နိုင်ငံတကာ သုသေသနလုပ်ငန်များ ချိတ်ဆက် ပူးပေါင်းလုပ်ဆောင်နိုင်ရန်အတွက် ရည်ရွယ်ဖွဲ့စည်းထားတာဖြစ်ပါတယ်။
.
The Group of Eight (Go8) Australian Universities များတွင် ထိပ်တန်းတက္ကသိုလ်များဖြစ်သည့်_
🏫University of Melbourne,
🏫Australian National University
🏫University of Sydney
🏫University of Queensland
🏫University of Western Australia
🏫University of Adelaide
🏫Monash University နှင့်
🏫UNSW Sydney တို့ပါဝင်ကြပြီး အစိုးရတက္ကသိုလ်ကျောင်းများ ဖြစ်ကြပါတယ်။
.
Group of Eight -Australian Universities (Go8) က ဘာကြောင့်နာမည်ကျော်ကြားတာလဲ။
👉Group of Eight (Australian Universities) တွင် ပါဝင်သော တက္ကသိုလ်များဟာ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များ (Elite Universities)ဖြစ်ခြင်း။ တနည်းအားဖြင့် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များကို သြစတြေးလျနိုင်ငံတွင် တက်ရောက်သင်ယူနိုင်ခြင်း။
.
👉စာသင်ကြားပို့ချမှုအပိုင်းမှာလည်း သက်ဆိုင်ရာနယ်ပယ်မှ ကျွမ်းကျင် Lecturers များမှ research-oriented curricula သင်ရိုးများဖြင့် ထိတွေ့ခွင့်ရရှိနိုင်ခြင်း။
.
👉အဆိုပါတက္ကသိုလ်ကျောင်းများရှိ Student Staff များထားရှိမှုနည်းတာကြောင့် Lecturers များမှ တိုက်ရိုက်သင်ကြားမှုအကူအညီများရရှိနိုင်ခြင်း။
.
👉သြစတြေးလျရဲ့၇၀% နဲ့အထက် သုသေသနလုပ်ငန်းများဟာ အဆိုပါတက္ကသိုလ်များမှ ရရှိထားခြင်း။
.
👉သြစတြေးလျနိုင်ငံရဲ့ အလုပ်အကိုင်ရရှိမှု ပျှမ်းမျှ ၅၀ ရာခိုင်နှုန်းမှာ Go8 တက္ကသိုလ်များမှ ဖြစ်ခြင်း။ ( ၅၀% မှာ Science graduates များဖြစ်ကြပြီး ၄၀% မှာ Engineering graduates များအသီးသီး ဖြစ်ကြပါတယ်။)
.
Group of Eight- Australian Universities ၏ နိုင်ငံတကာ ကျောင်းဝင်ခွင့် ဘယ်လိုရှိနိုင်မလဲ။
.
နိုင်ငံတကာမှ​ကျောင်းသူ ကျောင်းသားများအတွက် အဆိုပါတက္ကသိုလ်ကျောင်းများရဲ့ ကျောင်းဝင်ခွင့်ရရှိဖို့အတွက် အပြိုင်အဆိုင်များလေ့ရှိပြီး Entry Requirements များကို အကြမ်းအားဖြင့် International Grade 12 လက်မှတ်များဖြစ်သည့် GCE A Level, International Baccalaureate Diploma Program (IBDP), OSSD နှင့် ပညာရေးစာရွက်စာတမ်းများ၊ IELTS Overall score 6.5 နှင့်ညီမျှသော TOEFL, PTE များပြင်ဆင်လျှောက်ထားနိုင်ပါတယ်။ Master’s Degree များအတွက် လုပ်သက်အတွေ့အကြုံ (၂) နှစ်ရရှိထားရန်လိုအပ်ပြီး GMAT Exam, IELTS Scores များနှင့်အတူ လျှောက်ထားနိုင်ပါတယ်။ (ကျောင်းထားမှုဆိုင်ရာအသေးစိတ်လိုအပ်ချက်များကို အဆိုပါတက္ကသိုလ်ကျောင်းများရဲ့Official Website များတွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။)
.
 CROWN Education အနေဖြင့် မိမိတို့ နှင့်ချိတ်ဆက်ထားသော ကနေဒါနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ တက္ကသိုလ်ကျောင်းများကို အခမဲ့ ကူညီလျှောက်ထားပေးလျက်ရှိပြီး ကနေဒါနိုင်ငံ ပညာရေးဆွေးနွေးမှုများအတွက် b.link/CrownMeet မှတဆင့် APPOINTMENT ရယူနိုင်ပါတယ်။

Book Appointment >