News

သြစတြေးလျနိုင်ငံမှာ ပညာသင်ယူဖို့ရည်ရွယ်ထားပေမယ့် သြစတြေးလျရဲ့ ဘယ်နေရာ၊ ဘယ်မြို့ ဘယ်ဒေသမှာ ‌တက်ရောက်သင်ယူနိုင်ဖို့ အတွက် မဆုံးဖြတ်ရသေးဘူး၊ ပညာသင်ယူဖို့ကတဆင့် ပြောင်းရွေ့နေထိုင်ဖို့ရည်ရွယ်ထားတဲ့ ကျောင်းသားတွေအတွက် ဆိုရင်တော့ သြစတြေးလျက Regional Universities အကြောင်းတွေနဲ့ ပတ်သက်ပြီး ဗဟုသုတအနေနဲ့ မျှဝေပေးချင်ပါတယ်။

သြစတြေးလျနိုင်ငံရဲ့ Sydney၊ Melbourne ၊ Brisbane မြို့တွေကလွဲပြီး ကျန်တဲ့ သြစတြေးလျရဲ့ နေရာဒေသတွေမှာ တည်ရှိနေတဲ့ တက္ကသိုလ်များကို “Regional Universities” ခေါ်ဆိုလေ့ရှိပါတယ်။ မြို့ကြီးပြကြီးတွေနဲ့နှိုင်းယှဉ်ရင် သိုက်မြိုက်စည်ကား‌မှု အများကြီးမရှိနိုင်ပေမယ့် Regional အခေါ်အဝေါ် နဲ့အညီ သက်တောင့် သက်သာ အေးအေး ဆေးဆေး သင်ယူနိုင်တဲ့ အစဉ်အလာရှိတဲ့ တက္ကသိုလ်ကျောင်းတွေရှိရာ နေရာတစ်ခုလို့လည်း ဖြစ်ပါတယ်။
.
သြစတြေးလျရဲ့ Regional Universities ထူးခြားချက်များ။
.
✔️Regional University တွေကိုရွေးချယ်တက်ရောက်ခြင်းဖြင့် သြစတြေးလျနိုင်ငံတွင် အမြဲနေထိုင်ခွင့်ရရှိဖို့ (Permanent Visa) လျှောက်ထားရာတွင် တဖက်တလမ်း အထောက်အကူပြုခြင်း၊
✔️တခြားသော မြို့ပြကြီးတွေထက် နေထိုင်ကုန်ကျစရိတ် သက်သာလေ့ရှိခြင်း၊
✔️သြစတြေးလျရဲ့ Regional Universities တွေမှာ တက်ရောက်သင်ကြားတဲ့ နိုင်ငံတကာ ကျောင်းသူ ကျောင်းသားများအနေနဲ့ (၃) နှစ် အထိ Graduate ဗီဇာ ရရှိနိုင်ခြင်း၊
✔️တချို့သော ဘာသာရပ်များကို သြစတြေးလျရဲ့ Regional Universities များတွင်သာ သင်ယူနိုင်ခြင်း (ဥပမာ-ရေကြောင်းဘာသာရပ်များ)
✔️နိုင်ငံတကာ ကျောင်းသားများအတွက် သြစတေးလျအစိုးရ ကိုယ်တိုင်ကြေငြာထားတဲ့ “Destination Australia” ပညာသင်ဆုများ အခွင့်အလမ်းများပါရှိခြင်း။
.

အထက်ပါအကြောင်းအရာများကြောင့် သြစတြေးလျမှာ ပညာသင်ယူပြီး ပြောင်းရွေ့ နေထိုင်ချင်တဲ့ နိုင်ငံတကာ ‌ကျောင်းသားများတွေကြား နာမည်ကြီးပြီး အများဆုံး ရွေးချယ်စဉ်းစားကြတာ ဖြစ်ပါတယ်။ နေထိုင်ကုန်ကျစရိတ်၊ လူနေမှုပတ်ဝန်းကျင်၊ တက္ကသိုလ်ဂုဏ်သတင်းကောင်းမွန်မှု၊ အလုပ် အကိုင် အခွင့်အလမ်း စတဲ့ အချက် အလက်တွေ အပေါ်မူတည်ပြီး သြစတေးလျနိုင်ငံရဲ့ Top Regional မြို့ဒေသများကိုဖော်ပြရရင်တော့
👉Perth
👉Gold Coast
👉Adelaide
👉Canberra
👉Hobart
👉Wollongong
👉Newcastle
👉Darwin
👉Cairns
👉Geelong မြို့များမှာရှိတဲ့ တက္ကသိုလ်ကျောင်းများကို ရွေးချယ်စဉ်းစားနိုင်ပါတယ်။
.
တဖက်တွင်လည်း သြစတြေးလျနိုင်ငံရဲ့ Regional Universities များရွေးချယ်တဲ့အခါ အားသာချက်များရှိသလို အားနည်းချက်များလည်း ရှိပါတယ်။ အထူးသဖြင့် အများသုံးသယ်ယူပို့ဆောင်‌မှုတွေဖြစ်တဲ့ ဘတ်စ်ကားများ အကန့်အသတ်ဖြင့်ထားရှိသွားလာနိုင်ခြင်း၊ ဖျော်ဖြေရေး ကဏ္ဍတွေမှာ မြို့ကြီးတွေထက် ရွေးချယ်မှု နည်းခြင်း၊ ကျောင်းသားအနည်းစု(Small Class)ကို အလေးထားသင်ကြားတာကြောင့် ကျောင်းအဆောက်အအုံ Facilities အပိုင်းဆိုင်ရာတွင် မြို့ကြီးတွေမှာရှိတဲ့ တက္ကသိုလ်ကျောင်းတွေလို မစုံလင်နိုင်ပါ။
.
အချုပ်အရပြောရရင် သြစတြေးလျနိုင်ငံမှာ ပညာသင်ယူမယ့် မြန်မာကျောင်းသူ ကျောင်းသားများအနေနဲ့ မြို့ပြကြီးတွေနဲ့ သတ်မှတ်ထားတဲ့ Regional University တည်ရှိရာနေရာတွေကို ရွေးချယ်မှုတွေနဲ့ပက်သက်ပြီး နှစ်ဖက်စလုံးတွင် အကျိုးအပြစ်များ ကိုသတိပြုချိန်ဆရန် လိုအပ်ပြီး မိဘထောက်ပံ့ပေးနိုင်တဲ့ ငွေကြေးပမာဏအခြေအနေ၊ သင်ယူချင်တဲ့ဘာသာရပ်၊ သွားရောက်သင်ယူတဲ့အခါ မိမိသင်ကြားချင်တဲ့ နေထိုင်မှုပုံစံနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် ပတ်ဝန်းကျင်အနေအထား၊ အလုပ်အကိုင်ခွင့်အလမ်း စတာတွေကို အလေးပေးစဉ်းစားဆုံးဖြတ်ပြီးမှသာ ရွေးချယ်နိုင်ဖို့ အကြံပြုလိုပါတယ်။
.
▣ CROWN Education အနေဖြင့် CROWN နှင့် ချိတ်ဆက်ထားသည့် အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ ယူကေ၊ ဆွစ်ဇာလန်၊ ဟန်ဂေရီ၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ထိုင်း စသည့်နိုင်ငံများရှိ တက္ကသိုလ်ကျောင်းများကိုလည်း (အခမဲ့) ကူညီလျှောက်ထားပေးလျက်ရှိပါသည်။ ပညာရေးဆွေးနွေးလျှောက်ထားမှုများအတွက် b.link/CrownMeet မှတဆင့် Premium Consulting Appointment ရယူပြီး One to One အကြံပေးဆွေးနွေးမှုများ ရယူနိုင်ပါတယ်။

Book Appointment >