ACT - GAC Program

ကျွန်တော် O levelပြီးတော့ နိုင်ငံခြား တိုက်ရိုက်သွားမလား၊ ဒီမှာတစ်နှစ်လောက် ပြင်ပြီးမှ သွားရင်ကောင်းမလား စဥ်းစားပြီး ကိုယ့်မှာလည်း လိုအပ်တာတွေများနေသေးတယ်ထင်တာနဲ့ ဒီGAC Grade 12 progamကို တက်ဖြစ်ခဲ့ပါတယ်၊ GACတက်နေရင်းနဲ့ နိုင်ငံခြားမှာကျောင်းတက်တဲ့အခါ တကယ် မဖြစ်မနေ ရှိရမယ့် Skillsတွေ လေ့လာခဲ့ရတယ်။

Plaglarism ဘယ်လောက်အရေးကြီးလဲဆိုတာ သိလာရတယ်။ Projectsတွေ၊ Presentationတွေ အများကြီးလုပ်ရတော့ ကျွန်တော့်ရဲ့ Communication skillsလည်း တိုးတက်လာတဲ့အပြင် Time Managementကိုလည်း ကောင်းကောင်းစီမံလာနိုင်တယ်။ ဆရာ၊ဆရာမတွေအပြင် သူငယ်ချင်းကောင်းတွေအများကြီးနဲ့ အမှတ်တရတွေ အပြည့်ပျော်ခဲ့ရတယ်၊ အချင်းချင်း ရိုင်းပင်းကူညီကြတယ်။

ဒီ GAC programကို တက်ပြီးတော့မှ ကျွန်တော်ဘယ်ဘာသာကိုသင်ယူသင့်လဲ၊ သင်ယူချင်သလဲဆိုတာကို သေချာသိလာခဲ့ရတယ်။ GAC ကျောင်းသူ၊ကျောင်းသား အသစ်လေးတွေအနေနဲ့ ပျော်ပျော်ရွှင်ရွှင် ပညာသင်ကြားပါ၊ Assignmentတွေကိုလည်း အချိန်မီ ပုံမှန်လုပ်ပါ၊ များများလေ့လာပါ။ GPA အမှတ်ကောင်းကောင်းရအောင် ကြိုးစားကြပါလို့ ပြောချင်ပါတယ်။

.

Win Tint Oo

Western Sydney University

Bachelor of Engineering

 

Book Appointment >