ACT - GAC Program

သမီးက မွန်ပြည်နယ်၊ သံဖြူဇရပ်၊ ပငကျေးရွာကပါ။ ၁၀တန်းကို မော်လမြိုင် အထက (၆)ကနေ ၂၀၁၁ ခုနှစ်မှာ အောင်မြင်ခဲ့ပါတယ်။ ၂၀၁၃ခုနှစ်က ရွာမှာ ပညာသင်ဆုရွေးချယ်မယ့် အစီအစဥ်နဲ့ပတ်သက်ပြီး လက်ကမ်းစာစောင်‌ဝေတယ်။ အဲ့ဒီကနေ သိပြီး မိမိရဲ့အရည်အချင်းကို စာတင်ခိုင်းပါတယ်။ နောက်တော့ အင်္ဂလိပ်စာ ၁နာရီခွဲ ဖြေခိုင်းတယ်။ မွန်စာ ၁နာရီလောက် စစ်ဆေးတယ်။ ပညာသင်ဆုတင်တာ ၁၅ယောက်မှာ ၁၁ယောက်လောက် ၀င်ဖြေခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီကနေ ၄ယောက်က နာမည်စာရင်းထုတ်ပြန်ပြီး နောက်တစ်နေ့မှာ ကိုယ်ကျေးရွာနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့အမြင်တွေကို ပညာသင်ဆုရွေးချယ်ရေးအဖွဲ့လူကြီးတွေက အင်တာဗျူးလုပ်ပါတယ်။ အဲ့မှာ ကိုယ့်အမြင်ကို ဒီလိုပြောပြခဲ့တယ်။ ရွာမှာက ဟိုတုန်းကဆို (၈)တန်း၊ (၉)တန်းပြီးတာနဲ့ ထိုင်းသွား အလုပ်လုပ်ကြပြီ။ အခုနောက်ပိုင်းတွေဆို (၇)တန်း၊ (၈)တန်းပြီးတာနဲ့ကို သွားနေကြပြီ။ တချို့ဆို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကြကုန်တယ်။

ဒါမျိုးတွေနည်းသွား၊ လျော့ကျသွားအောင် တတ်သိ နားလည်တဲ့လူကြီးတွေက သူတို့ကိုအသိပညာပေးနိုင်ဖို့၊ အသိပညာပေးနိုင်တဲ့ လူကြီးတွေပိုရှိလာဖို့နဲ့ အသိပညာပေးတဲ့နည်းလမ်းကောင်းတွေ ပိုလုပ်ဖို့လိုလာတာ မြင်မိတယ်။ ကိုယ်သာ ဒီလိုနိုင်ငံတကာက တက္ကသိုလ်တွေမှာ ပညာသင်ခွင့်ရရင် ဒီပညာတွေကို နောက်လူငယ်တွေအတွက် လမ်းပြပေးချင်တယ်။ အထူးသဖြင့် ကလေးတွေကို သူတို့တွေရဲ့ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်အယူအဆတွေနဲ့ ကိုယ်ဝါသနာပါတာတွေကို ဖန်တီးတီထွင်နိုင်ဖို့ လမ်းပြဦးအောင်ပေးချင်တယ်။

သူတို့ဝါသနာပါတာတွေကို ဖော်ထုတ်ပေးပြီး သူတို့လေးတွေသာ တကယ်ဝါသနာပါတာကို လုပ်ခွင့်ရမယ်ဆိုရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာကို သိစေချင်တယ်။ ဒီလိုနဲ့ CROWN Educationမှာ Global Assessment Certificate – GAC Grade 12 programကို လေ့လာသင်ကြားခွင့်ရခဲ့ပါတယ်။

GAC programရဲ့ စနစ်က အလွတ်ကျက်ရတဲ့ စနစ်မဟုတ်ဘူး၊ ဆရာ၊ ဆရာမတွေနဲ့ လွတ်လွတ်လပ်လပ် ပြောဆိုဆွေးနွေးခွင့်တွေရတယ်။ စာတွေကို ကိုယ်ပိုင်အတွေးအခေါ်နဲ့ တင်ပြရတာမျိုးတွေ၊ ကိုယ့်ရဲ့ တင်ပြချက်က သူများနဲ့မတူအောင် ကိုယ့်ရဲ့စိတ်ကူးနဲ့ လေ့လာလုပ်ကိုင်ရတာမျိုးတွေဆိုတော့ တစ်ဖက်ကကြည့်ရင် သူများစာကို ကူးချလို့မရတော့ဘူး။ ကိုယ့်အားကိုယ်ကိုးချင်စိတ်ကို ပိုဖြစ်စေပြီး ကိုယ်ကိုယ်တိုင်လည်း ယုံကြည်မှုတွေ ရှိလာစေတယ်။ အရင်ကဆို လူရှေ့ထွက်ပြီး စကားပြောရတာတွေ မလုပ်ရဲခဲ့တာတွေက အခုဆိုမဖြစ်တော့ဘူး။

ပြီးတော့ ဆရာတွေနဲ့ ထိတွေ့ရတဲ့အချိန်က ပိုများတော့ ကိုယ့်မှာ ဘာအားသာချက်ရှိတယ်၊ အားနည်းချက်ရှိတယ်ဆိုတာကို ဆရာတွေက သိမြင်ပြီး ကိုယ့်လိုအပ်ချက်ကို ဖြည့်ဆည်းသင်ကြားပေးနိုင်တယ်။ IELTSလည်း အခမဲ့ သင်ကြားပေးပါတယ်။

.

Mi Nyi Nyie Mon

Swansea University

BSc (Hons) Business Management

Book Appointment >