ACT - GAC Program

ကျွန်တော့်နာမည် ဇွဲမင်းစိုးပါ။ IGCSEကို ၂၀၁၇ မေလမှာ ဖြေခဲ့ပြီး 4A* 2A 1Bရခဲ့ပါတယ်။ iGCSEပြီးပြီးချင်း တက္ကသိုလ်ရွေးချယ်မှု တွေမလုပ်ခင် အရင်ဆုံး Short Term Programလေးတွေ လိုက်တက်နေရင်းက GAC Programတက်နေတဲ့ သူငယ်ချင်း တစ်ယောက်ဆီကသိရလို့ CROWN Educationမှာအရင်ဆုံး လာစုံစမ်းခဲ့ပါတယ်။

.ကျနော့်အနေနဲ့GCE ‘O’ levelရမှတ်နဲ့ ပြည်ပတက္ကသိုလ်တွေ သွားမယ်ဆိုရင် Ranking မြင့်တဲ့ကျောင်းတွေကို စိတ်ကြိုက် လျှောက်ထားနိုင်မှု နည်းတာရယ်၊ A level နဲ့ IBပြင်မယ်ဆိုရင် တက္ကသိုလ်ရွေးချယ်တဲ့အခါ Optionပိုများပေမယ့် အချိန်(၂)နှစ် ထပ်မပေးချင်တာရယ်၊ (၁)နှစ်တည်းနဲ့ Grade 12နဲ့ညီမျှတဲ့ Global Assessment Certificate (GAC Program)ကိုပဲ သင်ယူဖို့ ရွေးချယ်ခဲ့ပါတယ်။

.IGCSEတုန်းက Reportsတွေအများကြီးမလုပ်ခဲ့ရဘူး။ GAC Programတက်တဲ့အခါကျတော့ နိုင်ငံတကာတက္ကသိုလ်တွေရဲ့ သင်ကြားရေးမှာ လက်တွေ့အသုံးတည့်တဲ့ သင်ကြားမှုပုံစံအတိုင်း သင်ကြားခွင့်ရခဲ့သလို Assignments, Assessments တွေလည်း တော်တော်လေးလုပ်ခဲ့ရပါတယ်။ GAC Program တက်ရောက်ခဲ့တဲ့ တစ်နှစ်အတွင်းမှာ GPA (3.6)ရရှိခဲ့တာကြောင့် Simon Fraser Universityရဲ့ UTP Stage 1 ကိုကင်းလွတ်ခွင့်ရပြီး Engineering Scienceဘာသာရပ်ကို တက္ကသိုလ်တိုက်ရိုက် UTP Stage 2 ကနေ တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။ အရင်ဆုံး ယူအက်စ်နဲ့ သြစတြေးလျက တက္ကသိုလ်တွေကိုလည်း လျှောက်ထားခဲ့ပါသေးတယ်။ ဒါပေမယ့် လုံခြုံစိတ်ချရမှု၊ စာသင်စရိတ် သင့်တင့်မျှတမှုအပြင် ကျောင်းအပြီး ဆက်လက်နေထိုင် အလုပ်လုပ်ခွင့်ရှိတဲ့အချက်တွေကြောင့် ကနေဒါနိုင်ငံမှာ ပညာသင်ကြားဖို့ပဲ ရွေးချယ်ခဲ့ပါတယ်။

.

Zwe Min Soe

Simon Fraser University

Engineering Science

Book Appointment >