ACT - GAC Program

“ကျွန်တော် GAC Grade 12 Program သာမတက်ခဲ့ဘူးဆိုရင် ဘာမှ ရင်းရင်းနီးနီးမရှိဘဲ ဒီမှာတော်တော် ဒုက္ခရောက်မှာ … ” အစကတော့ American College Program တက်တာ ဘယ်လို အကျိုးကျေးဇူးတွေရှိလဲ သေချာမသိခဲ့ဘူးဗျ။ UK ရောက်တော့မှ ဒီဟာလေးတွေက ငါသင်ခဲ့ဖူးတာတွေပဲ။ ဒါလေးဆို ငါအကျွမ်းဆုံး။ ဒီProject ဆိုလည်း ငါလုပ်ဖူးတယ် ဆိုပြီး ဒီရောက်တော့ ဘာမဆိုလွယ်ကူလာတယ်။

.ကျွန်တော်တို့က မြန်မာကျောင်းကလာတော့ ဘာဆိုဘာမှ သိပ်မသိဘူး။ ကျွန်တော် American College Program သာ မတက်ခဲ့ဘူးဆိုရင် ဘာမှ ရင်းရင်းနီးနီးမရှိဘဲ ဒီမှာတော်တော် ဒုက္ခရောက်မှာ။ ဟိုမှာသင်ခဲ့ရတဲ့ Math Level က UK ထက် ပိုမြင့်တော့ ဒီရောက်တော့ Math Project တို့ Assignment တို့ဆိုတာ သူများတွေ အခက်အခဲဖြစ်နေချိန်မှာ ကိုယ့်အတွက် ထမင်းစား ရေသောက်လောက်ပဲ ဖြစ်သွားတယ်။

.အရေးကြီးဆုံး နဲ့ ဒီက ကျောင်းသားတွေ ပြဿနာ အတက်ဆုံးက Plagiarism ပဲ။ မြန်မာလိုဆို ကိုယ်မသိလိုက်ဘဲ ကူးချမိသွားတာ Essay တွေ Laboratory Report တွေမှာ အဲ့ပြဿနာက စာမေးပွဲပါကျတယ်။ University record မှာလဲ နာမည်ဆိုးကျန်ခဲ့တယ်။ American College Program က အဲတာတွေ အများကြီး ကျွန်တော်တို့ကို Training ပေးခဲ့တဲ့ အတွက် Plagiarism မဖြစ်အောင် ဘယ်လိုလုပ်ရမယ် ဆိုတဲ့ ကောင်းကျိုးတစ်ခုရခဲ့တယ် “

Moe Shane Aung Gyi

University of Lincoln, UK

Mechanical Engineering

Book Appointment >