ACT - GAC Program

IGCSEပြီးတဲ့အခါ ကျွန်တော်တက်မယ့် တက္ကသိုလ်တွေကိုရှာရင်းနဲ့ ရန်ကုန်က ကျောင်းတွေ၊ agencyတွေ တော်တော်များများ ရောက်ခဲ့တယ်ခင်ဗျ။ တစ်ရက်မှာတော့ CROWN Educationမှာ စုံစမ်းမယ်ဆိုပြီး ရောက်လာခဲ့ပါတယ်။ ဒီမှာ Foundation programတက်ပြီးမှ  နိုင်ငံခြားမှာဆက်တက်မယ်ဆိုရင် ကျွန်တော့်နောက်ပိုင်းပညာရေးလမ်းကြောင်းပိုကောင်းနိုင်တယ်ဆိုတဲ့အကြောင်းကို အဖေ့ကိုပြောပြတဲ့အခါ အဖေကလည်း ဒီမှာပဲ Foundationပြင်သင့်တယ်လို့ အကြံပေးခဲ့ပါတယ်။

.

GACတက်ရင်း အရင်ကမသိခဲ့တဲ့အရာတွေ အများကြီးသင်ယူခွင့်ရခဲ့ပါတယ်။ အထူးသဖြင့် သင်္ချာဘာသာရပ်မှာ ဆိုရင် အရင်ကသင်ထားရတာတွေအပြင် အခြားနည်းလမ်းသစ်တွေပါရှိတာကို တွေ့ခဲ့ရပါတယ်။ ကျွန်တော့်အတွက် Foundationမှာ ပထမအရေးအကြီးဆုံးအချက်ကတော့ Time managementဖြစ်ပြီး Knowledgeကတော့ ဒုတိယဖြစ်ပါတယ်။

.

Time managementကို ကောင်းကောင်းလုပ်နိုင်ပြီး deadlineအမီ ပြင်ဆင်နိုင်မှသာ ကျွန်တော်တို့ချမှတ်ထားတဲ့ အနာဂတ်အောင်မြင်မှုလမ်းကြောင်းအပေါ်ရောက်အောင် လုပ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ ရိုးရိုးသားသားပြောရရင် GAC programက ဒီလောက်အထိ အကူအညီရလိမ့်မယ်လို့ မထင်ခဲ့မိတာဗျ။ အတန်းထဲမှာ ပျော်ရတာတစ်ပိုင်း၊ သင်ခန်းစာတွေလုပ်ရတာ တစ်ပိုင်းပေါ့။ နှစ်ခုစလုံးကို လုပ်နိုင်မယ်ဆိုရင်တော့ သူငယ်ချင်းတို့လည်း အောင်မြင်တဲ့အနာဂတ်တွေရှိလာမှာပါ။

.

Kyaw Min Khant

Centennial College, Canada

Diploma in Motive Power Technician (Automotive) -Technical

Book Appointment >