ACT - GAC Program

“ တော်ရုံရူးသွပ်မှုမျိုးနဲ့ဆိုArchitectureဘာသာရပ်ကိုသင်ဖို့ မလွယ်ပါဘူး”

ညီမအနေနဲ့ ဆယ်တန်းပြီးပြီးချင်း ကိုယ့်ကိုယ်ကိုယ် ဘာလုပ်ချင်မှန်းမသိဘူး၊ ရည်ရွယ်ချက် ပျောက်နေခဲ့တယ်။ ညီမအနေနဲ့ နိုင်ငံခြားမှာ ပညာသင်ကြားချင်တာရယ် နိုင်ငံတကာမှာ စာသင်ကြားတဲ့ စနစ်ကို ကျွမ်းကျင်ချင်တာနဲ့ ပြည်တွင်းမှာ ဒီအတိုင်းအချိန်မကုန်ချင်တာ ကြောင့် GAC Grade 12 program ကို အရင်joinခဲ့တယ်။GAC Program တက်ခဲ့တဲ့တစ်နှစ်အတွင်း Business ဘာသာရပ် ရဲ့ Tasteကိုမကြိုက်ဘူး၊ ကိုယ်ဝါသနာပါတာ Engineering ဘာသာရပ်ဆိုတာ ကွဲကွဲပြားပြား သိလာတယ်။

.Engineeringမှာ ရွေးချယ်စရာ ဘာသာရပ်ခွဲတွေအများကြီး ရှိပါတယ်။ ညီမက ငယ်ငယ်ကတည်းက ပုံဆွဲရတာဝါသနာပါတာ ရယ်(ကာတွန်းပုံလေးဆွဲတတ်ရုံနဲ့ Archiသင်မယ်မျိုးကိုပြောတာ မဟုတ်ပါဘူးနော်)၊ နောက်ပြီး ညီမတို့အရွယ်မှာ အမှတ်မှားတတ်တာလေးတစ်ခုက Civilဘာသာရပ်ကိုပဲအရမ်းမြင့်တယ်ထင်ကြတယ်၊ Architectureကို ဘာသာရပ်တစ်ခု အဖြစ်မမြင်ဘဲ ပုံလေးပဲ ဆွဲရတာ၊ ဘာမှလုပ်ရတာမဟုတ်ဘူး လွယ်လွယ်လေးပါဆိုတဲ့ မှတ်ချက်တချို့ကြောင့် Professional Career အဖြစ်လုပ်ဖို့ရွေးချယ်ခဲ့ တာပါ။ Archiဘာသာရပ်ကို အထူးပြုလေ့လာနိုင်ဖို့ CROWN Educationမှာပဲ ဆရာနဲ့အတူ Designတွေရေးဆွဲလေ့လာခွင့် ရပြီး ကိုယ်ပိုင် Portfolioတွေကို စိတ်ကြိုက်ဖန်တီးနိုင်လာခဲ့ပါတယ်။

.Architectureဘာသာရပ်ကိုရွေးချယ်ခဲ့တဲ့အပေါ် မိဘတွေရဲ့အမြင်-

အိမ်က ညီမကိုCivilဘာသာရပ်ကိုပဲယူစေချင်တယ်။ Architectureက ဘာသာရပ်မဟုတ်ဘူး Civilသင်ရင် Archiဆိုတာသူ့ဘာသာအလိုလိုပါလာမယ် အိမ်ဒီဇိုင်းဆွဲလို့ရတယ် ဆိုပြီးအကြံပေးတယ်။ ကံကောင်းတာတစ်ခုက ညီမမိဘတွေက တခြားမိဘတွေနဲ့မတူဘဲတော်တော်လေး flexibleဖြစ်တယ်။ ဒါကိုပဲမဖြစ်မနေလုပ်ရမယ်ဆိုပြီး အတင်းအကြပ် တိုက်တွန်းတာမျိုး မလုပ်ဘဲ ညီမတကယ်ဝါသနာပါတာကိုလုပ်ဖို့ တတ်နိုင်သလောက် ပံ့ပိုးပေးပါတယ်။

.ယူကေမှာကျောင်းတက်ဖို့ ရွေးချယ်ခဲ့တာက-

Architectureသင်ကြားမှုအပိုင်းမှာ ယူအက်စ်နဲ့ သြစတြေးလျလည်းကောင်းပါတယ်။ ဒါပေမယ့် ညီမတစ်ဦးတည်းအမြင်နဲ့ဆိုရင် ယူကေက ဗိသုကာလက်ရာတွေက ခေတ်အဆက်ဆက်ကတည်းက ထုနဲ့ထည်နဲ့ရှိတယ်၊ ကျော်ကြားတယ်။ ငယ်ငယ်ကတည်းက ယူကေကိုပဲသွားချင်တာကြောင့် ညီမ GAC Programပြီးတော့ ရလာတဲ့ GPAရမှတ်အပြင် IELTSရမှတ်နဲ့ပါ တက္ကသိုလ်ရွေးချယ်မှု တွေလုပ်ခဲ့ပါတယ်။ နောက်ပြီး ကျောင်းတွေထဲမှာ UWE Bristolက Architecture ဘာသာရပ်အနေနဲ့ Rankingမြင့်တာကြောင့် ညီမကိုယ်ပိုင် Portfolioတွေနဲ့အတူ ရွေးချယ်လျှောက်ထားခဲ့ပါတယ်။

.Architecture ဘာသာရပ်ကိုသင်ချင်တဲ့သူတွေအတွက် အကြံပြုလိုတာ –

ပြည်ပတက္ကသိုလ်တွေမှာ Architectureဘာသာရပ်နဲ့ပတ်သက်ပြီး ဒီဇိုင်းအခြေခံကို အစကနေပြန်သင်တာမျိုးမရှိတဲ့အတွက် Architecture ဘာသာရပ်ကို သင်မယ့်သူတွေအနေနဲ့ ပုံတစ်ပုံ မြင်တာနဲ့လက်တန်းချဆွဲတတ်လောက်အောင် လေ့ကျင့်မှုတွေ သေချာ လုပ်သွားသင့်ပါတယ်။

အင်္ဂလိပ်စာကိုလည်းတော်တော်လေး ပြင်ဆင်သွား ဖို့လိုပါတယ်။ Computerအသုံးပြုပြီးဆွဲရတဲ့ Auto CAD, SketchUpတို့လို Softwareတွေသုံးပြီးဆွဲတတ်အောင် ကြိုးစားဖို့ လိုပါတယ်။ Architectureဘာသာရပ်သင်ရင် အလုပ်အကိုင် ရှားပါးတယ်လို့ မထင်စေချင်ပါဘူး တကယ်တတ်ကျွမ်းထားသူတွေအတွက် အခွင့်အရေးကောင်း၊ နေရာကောင်းတွေရလာမှာအသေအချာပါပဲလို့ ပြောချင်ပါတယ်ရှင့်။

Phone Ma Ma Waddy Thein

University of The West of England, Bristol (UWE Bristol)

BSc (Hons) Architecture

Book Appointment >