News

Community College ဆိုတာကတော့ “Public Higher Education Institutions” များဖြစ်ကြပြီး အမေရိကန်ပြည်ထောင်စုတွင် အများအပြားတွေ့ရှိရကြလေ့ရှိကြပါတယ်။​ Community College များဟာ ၂ နှစ် Full Time အချိန်ပြည့်တက်ရောက်သင်ကြားရသော College များဖြစ်ပြီး Bachelor’s Degree ရရှိရန်အတွက် ကျောင်းသူ ကျောင်းသားများအနေဖြင့် ကျန်ရှိသော (၂) နှစ်ကို Four Year Institution များသို့ ပြောင်းရွေ့ဆက်လက်သင်ယူရပါတယ်။

Community College များတွင် အကြမ်းအားဖြင့် ယေဘူယျ General Educational Course များဖြစ်သည့် English, Mathematics, Natural Science, Social Science, Humanities အစရှိသည့် ဘာသာရပ်များကို သင်ယူလေ့လာနိုင်ပြီး Associate of Arts (AA), Associate of Science (AS), Associate of Applied Science (AAS) စသည့် 2 Years Assoicate Degree များရရှိနိုင်ပါတယ်။ ထို့အပြင် 2 Years Associate Degree များဟာ 4 Years College/ University သို့ Transfer Program များပြောင်းရွေ့သင်ယူနိုင်ရန် နိုင်ငံတကာ ကျောင်းသူ ကျောင်းသားများအတွက် ပညာရေးလိုအပ်ချက်များကို ပြင်ဆင်ဖြည့်ဆည်းနိုင်ရန် အဓိက သင်ကြားပို့ချပေးတာ ဖြစ်ပါတယ်။

Community College အားသာချက်များကို ဖော်ပြရရင်_
🚩Community College များ၏ ကျောင်းလခများဟာ 4 Year Universities ထက်သက်သာမှုရှိခြင်း၊
🚩4 Year Universities မပြောင်းရွေ့သင်ကြားမီ ပညာရေးလိုအပ်ချက်များကို ကုန်ကျစရိတ်သက်သာစွာဖြင့် သင့်ယူနိုင်ခြင်း၊
🚩Small Class Size များဖြင့် သင်ကြားခြင်းကြောင့် ဆရာ/ ဆရာမများထံမှ တစ်ဦးချင်း အာရုံစိုက်မှု၊ ပညာရေးဆိုင်ရာ ပံ့ပိုးကူညီမှုများရရှိနိုင်ခြင်း တို့ကြောင့် 4 Year University များသို့ တိုက်ရိုက်မလျှောက်ထားလိုသူများ အများဆုံးရွေးချယ်လေ့ရှိကြသော ပညာရေးလမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။
(မှတ်ချက်အနေဖြင့် ကျောင်းသူ ကျောင်းသားများနှင့် မိဘများအနေဖြင့် Community College များသို့ တိုက်ရိုက်လျှောက်ထားခြင်းနှင့် ပက်သက်၍ ယခုအခါ Community College သို့လျှောက်ထားမှုများပြားခြင်း၊ Student Visa ကိုအသုံးပြု၍ အမေရိကန်ပြည်ထောင်စုအတွင်းဝင်ရောက်ပြီး အမှန်တကယ်ကျောင်းတက်မှုမရှိခြင်း တို့ကြောင့် ဗီဇာစီစစ်တင်းကြပ်နေသည်ကို သတိပြုသင့်ပါတယ်။)

CROWN Education အနေဖြင့် ချိတ်ဆက်ထားသော အောက်ဖော်ပြပါ Community College များကို ကူညီလျှောက်ထားပေးလျက်ရှိပါတယ်။
.
🇺🇲De Anza College
🇺🇲Orange Coast College,
🇺🇲College of San Mateo
🇺🇲Skyline College
🇺🇲San Jose City College
🇺🇲Los Angeles City College
🇺🇲Santa Monica College
🇺🇲Seattle Colleges
🇺🇲Cañada College
🇺🇲Foothill College
🇺🇲Lane Community College

အမေရိကန်ပြည်ထောင်စုရှိ Community College များ၏ ကျောင်းဝင်ခွင့်လိုအပ်ချက်များ၊ ဘာသာရပ်ရွေးချယ်လျှောက်ထားမှုများနှင့်ပါတ်သက်၍​ အသေးစိတ်သိရှိလိုသော ကျောင်းသူ ကျောင်းသားများနှင့် မိဘများအနေဖြင့် b.link/CrownMeet မှာ Education Counselor နှင့် FREE (သို့)​ PREMIEUM Consulting Appoitment ရယူမေးမြန်းနိုင်ပါတယ်။
.
CROWN Education အနေနဲ့ CROWN Education နဲ့ချိတ်ဆက်ထားတဲ့ အမေရိကန်ပြည်ထောင်စုရှိ ကောလိပ်၊ တက္ကသိုလ်များကို ကူညီဝန်ဆောင်မှုပေးသလို ယူကေ၊သြစတြေးလျ၊ ကနေဒါ၊ အီတလီ၊ ဟန်ဂေရီ၊ အမေရိကန်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဂျပန် စသည့်နိုင်ငံများရှိ တက္ကသိုလ်ကျောင်းများကိုလည်း လျှောက်ထားပေးလျက်ရှိပါတယ်။

Book Appointment >