ACT - GAC Program

American College Program တက်ရောက်သည့် ကျောင်းသား၊ကျောင်းသူများကြား GPA(4.0)ဖြင့် စံချိန်တင် ရမှတ် ရရှိခဲ့သူ မဆုသစ်သဇင်သည် အမေရိကန်ပြည်ထောင်စုရှိ
(၁) University of Drexel,
(၂) Rochester Institute of Technology,
(၃) New York University,
(၄) University of Cincinnati,
(၅) University at Buffalo,
(၆) University of Minnesota, နှင့်
(၇) George Washington University အစရှိသည့် Ranking မြင့် တက္ကသိုလ်ကြီးများသို့ ကျောင်းလျှောက်ထားခဲ့ရာ တိုက်ရိုက်ကျောင်းဝင်ခွင့်ကို ပညာသင်ဆုများနှင့်အတူ ကမ်းလှမ်းခံခဲ့ရသူ ဖြစ်ပါသည်။

University of Drexel တက္ကသိုလ်ကြီးမှ တစ်နှစ်စာပညာသင်ဆု အမေရိကန်ဒေါ်လာ 37,200ဖြင့် အမြင့်ဆုံး ကမ်းလှမ်းခံခဲ့ရပြီး သူမအနေဖြင့် ပညာသင်ဆု USD 25,000 ဖြင့်ကမ်းလှမ်းလာသည့် Rochester Institute of Technology (RIT) တွင် Electrical and Electronic Engineering ဘာသာရပ်ဖြင့် တက်ရောက်ရန် ရွေးချယ်ခဲ့ပါသည်။ ၎င်းအပြင် RIT ရှိ Students Employment Office တွင် စာသင်နှစ်တစ်နှစ်စာ အချိန်ပိုင်း အလုပ်လုပ်ကိုင်ရန်ကိုပါ ကမ်းလှမ်းခံခဲ့ရပါသည်။ ပညာသင်ဆု အများဆုံးပေးနိုင်သော တက္ကသိုလ်ကို ဦးစားပေး မရွေးချယ်ဘဲ အသင့်တော်ဆုံး တက္ကသိုလ်ကိုပဲ တက်ရောက်ဖို့ ရွေးချယ်ဖြစ်ခဲ့သည့် အကြောင်း ပြောကြားခဲ့သည့်အပြင် သူမဧ။်အတွေအကြုံများကိုလည်း အောက်ပါအတိုင်း မျှဝေပြောကြားပေးခဲ့ပါသည်။

‘‘ညီမအနေနဲ့ မြန်မာအစိုးရကျောင်းကလာတာဆိုတော့ ဆယ်တန်း ပြီးပြီးချင်း ဘာမှမပြင်ဆင်ဘဲ နိုင်ငံခြားသွားဖို့ ဆိုတာ မလွယ်ကူမှန်း သိပါတယ်။ RAI က GAC Program ကိုလေ့လာဖြစ်ခဲ့ပြီး ဒီ Program ဟာ အထက်တန်းပညာရေးစနစ်ကနေ နိုင်ငံတကာ ပညာရေးစနစ်ကို ကူးပြောင်းဖို့ ကောင်းကောင်း အထောက်အပံ့ ပေးနိုင်မယ်ဆိုတာ သိလိုက်ရတယ်။ အမှတ်အနေနဲ့ GPA အများဆုံး ၄ ပေးတာမှာ ၄ ရခဲ့ပြီး ACT စုစုပေါင်း ၃၆ မှတ် မှာလည်း ညီမအနေနဲ့ ၃၂ မှတ်ရရှိခဲ့ပါတယ်။

‘‘GAC ကြောင့် Research Essay ကောင်းကောင်းရေးတတ် လာသလို Presentation တွေကိုလဲ ထိထိရောက်ရောက် လုပ်တတ်လာပါတယ်။ ပြီးတော့ Assignment တွေ Project တွေ အများကြီးကြားထဲမှာ အချိန်ကို သေချာ စီမံတတ်လာပြီး Referencing ဘယ်လို လုပ်ရမလဲ Plagiarism က ဘယ်လောက်ထိ အရေးပါလာလဲ ဆိုတာတွေပါ သိလာရပါတယ်’’

တစ်နှစ်ဆိုတဲ့အချိန်အတွင်းမှာ GACက ညီမတို့ကို SAT နဲ့ တူတဲ့ ACT (American College Test) နဲ့ IELTS ဖြေဖို့ အတွက်ကို တစ်ပါတည်း လေ့ကျင့်ပေးပါတယ်။ အဲဒီအတွက် GAC ပြီးတဲ့ အချိန် ACT နဲ့ IELTS စာမေးပွဲအတွက် အဆင်သင့် ဖစ်ခဲ့ပါတယ်။

‘‘GAC မှာက Harvard Style Referencingကို သုံးပါတယ်။ အဲဒီကနေ ဘယ်လို Reference လုပ်ရမယ်ဆိုတာရယ် မူလ ရေးသားသူနဲ့ထုတ်ဝေထားတဲ့စာဆောင်တွေကို ကိုယ်ယူသုံးထားရင် ဘယ်လိုဖော်ပြရမလဲ ဆိုတာရယ်ကို သိလာပါတယ်။ နောက်တစ်ခု လေ့လာခဲ့ရတာကတော့ နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့်သူတွေ အတွက် Plagiarism ဘယ်လောက်အရေးကြီးလဲဆိုတာပါ။ Plagiarism ဆိုတာ တစ်ခါတစ်လေ သတိမထားမိလိုက်ဘဲနဲ့ရော သိလျှက်နဲ့ပါ ဖြစ်နိုင်တဲ့အတွက် ဂရုတစိုက် ရှောင်ရှားဖို့ ဆရာ ဆရာမတွေက သေချာ သတိပေးပါတယ်’’

အခု လက်ရှိ GAC တက်နေတဲ့ သူတွေအနေနဲ့ အချိန်ကို သေချာ စီမံခန့်ခွဲပါ ။ Assignment တွေကို စောစောစလုပ်ပါ။ ဒါဆိုရင် Assignment တွေ များလာတဲ့အခါ စုပြုံတာမျိုး မဖြစ်တော့ပါဘူး။ ကိုယ်တက်မယ့် ကောလိပ် ဒါမှမဟုတ် တက္ကသိုလ်တွေကို သေသေချာချာ အချိန်ယူလေ့လာပါလို့ အကြံပေးချင်ပါတယ်။

GACနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုသည်များကို CROWN Education and Royal Academic Institute ရုံးဖုန်းနံပါတ်များဖြစ်သည့် 09 977 977 200 နှင့် 09 4455 66 701~2သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်သလို Zoom Video Conferenceဖြင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Book Appointment >