Scholarships & News

စင်္ကာပူ၊ထိုင်းကျောင်းတွေကို အွန်လိုင်းမှ လျောက်ထားပြီး လေယဉ်ပျံလက်မှတ် အခမဲ့ တောင်းယူလိုက်ပါ

CROWN Education နှင့် နိုင်ငံတကာတက္ကသိုလ်များ ပူးပေါင်းစီစဉ်ဆောက်ရွက်မှုဖြင့် စင်္ကာပူနှင့် ထိုင်းနိုင်ငံရှိ (CROWN Education မှ တရားဝင်ကိုယ်စားလှယ်ယူထားသော) ကျောင်းများကို၊ CROWN Education Web Site မှတဆင့် လျောက်ထားသောကျောင်းသူကျောင်းသားများအတွက်၊ လေယဉ်ပျံလက်မှတ်အခမဲ့ ပေးအပ်သွားမည့်အစီအစဉ်ကိုစတင်လိုက်ပါပြီ။

(၁) www.crown-education.org Web Site သို့ဝင်ရောက်ပါ။
(၂) Menu မှ Course ကိုနှိပ်ပါ သို့မဟုတ် ပထမဆုံးပေ့ချ်တွင်ဖေါ်ပြထားသော၊ Course Search မှ မိမိတို့တက်ရောက်လိုသော၊ ဘာသာရပ်နှင့် ကျောင်းကိုရွေးချယ်ပါ။
(၃) ထိုမှတဆင့် ဆက်လက်ဝင်ရောက်ပါက၊ သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်၏ ဘာသာရပ်ဆိုင်ရာဖေါ်ပြထားသော့ ပေ့ချ်ကိုရောက်ရှိသွားမည်ဖြစ်ပြီး၊ ထိုမှတဆင့် Apply ကိုနှိပ်ပါ။
(၄) Apply နှိပ်၍ရောက်ရှိသွားသောပေ့ချ်တွင် အောက်ပါစာရွက်စာတမ်းများကိုပူးတွဲတင်ပြလျောက်ထားနိုင်ပါသည်။ မိမိတို့လိုအပ်ချက်၊ သိလိုသည်များကို Message Box တွင်ဖြည့်သွင်းအသိပေး/စုံစမ်းနိုင်ပါသည်။
တင်ပြရမည့်စာရွက်စာတမ်းများမှာ
(က) ပတ်စ်ပို့စ် မိတ္တူ
(ခ) ပညာရေးအထောက်အထားစာရွက်စာတမ်းများ (ဘွဲ့လက်မှတ်၊ iGCSE လက်မှတ်၊ အမှတ်စားရင်း စသည်)
(ဂ) အင်္ဂလိပ်စာ အရည်အချင်းအထောက်အထား (တင်ပြနိုင်ပါက IELTS/TOEFL) စသည့်စာရွက်စာတမ်းများဖြင့်တင်ပြလျောက်ထားနိုင်ပါသည်။

စည်းကမ်းသတ်မှတ်ချက်
သတ်မှတ်ထားသည့် လူဦးရည်အတွက်သာဖြစ်ပါသည်။
ကုမ္မဏီမှစီစဉ်ပေးသည့် လေကြောင်းလိုင်းကိုသာရွေးချယ်ခွင့်ရှိပါသည်။

Book Appointment >