Scholarships & News

အသိအမှတ်ပြုဘွဲ့တစ်ခုရရှိထားသူများအနေဖြင့် QS World University Ranking 2021သတ်မှတ်ချက်အရ စင်ကာပူနိုင်ငံ၏ နံပါတ် (၁)အစိုးရတက္ကသိုလ်၊ ကမ္ဘာ့တက္ကသိုလ်အလိုက် အကောင်းဆုံး နံပါတ်(၁၁)အဖြစ် ရပ်တည်လျက်ရှိသည့် The National University of Singapore (NUS) တွင်  –

1.MSc in Industry 4.0
2.Master of Computing, Master of Computing (General Track for non-computing UG degrees)
3.Master of Science in Digital Financial Technology
4.MSc in Business Analytics
5.Master of Social Science (Communications)
6.MSc in Venture Creation
7.MSc Maritime Technology Management
8.Master of Laws
9.Juris Doctor
10.Master of Arts (Arts and Cultural Entrepreneurship)
11.Master of Landscape Architecture
12.MSc in Project Management
13.Master of Arts (Urban Design)
14.MSc Integrated Sustainable Design
15.MSc (Building Performance and Sustainable Design)
16.Master of Arts (Architectural Conversation)များကို မြန်မာနိုင်ငံအတွက် CROWN Education၏ အကူအညီဖြင့် စတင်လျှောက်ထား သင်ယူနိုင်သည့်အပြင်
17.MSc Biomedical Engineering 
18.MSc Computer Engineering
19.MSc. in Energy Systems
20.MSc. in Biomedical Informatics ပရိုဂရမ်များကိုပါ တိုးမြှင့်လျှောက်ထားနိုင်ပြီဖြစ်ပါသည်။

(1)

MSc in Industry 4.0 ပရိုဂရမ်ကို ဘယ်သူတွေလျှောက်ထားသင့်လဲ၊ ဘာတွေ သင်ကြားရမလဲ။

ယနေ့ခေတ် လုပ်ငန်းခွင်များတွင် လိုအပ်လျက်ရှိသည့် Digital Transformationကို မိမိတို့တာ၀န်ယူဆောင်ရွက်ရသည့် နယ်ပယ်အလိုက် စနစ်တကျ ဦးဆောင်စီမံခန့်ခွဲနိုင်လိုသူများ တက်ရောက်သင့်ပြီး

-Additive Manufacturing

-Data Mining and Interpretation

-Deep learning for Industry

-Digital Business

-Digital Supply Chain

-Intelligent Sensing Systems

-Internet of Things

-Pattern Recognition Systems

-Principles and Practice of Secure Systems

-Quality Assurance and Yield Optimisation

-Robotics and Automation များအနက်မှ ရွေးချယ်သင်ကြားနိုင်ပါသည်။

ကျောင်းလခနဲ့ အချိန်ဘယ်လောက်ကြာတက်ရောက်ရမလဲ၊ အနီးဆုံးကျောင်း၀င်ခွင့် ဘယ်အချိန်တွေရှိလဲ။

MSc in Industry 4.0 ပရိုဂရမ်တက်ရောက်လိုသူများအနေဖြင့် စင်ကာပူနိုင်ငံတွင် အချိန်(၁)နှစ်ကြာ တက်ရောက်ဖို့လိုအပ်ပြီး ကျောင်းလခအနေဖြင့် S$ 49,500 ကုန်ကျပါမည်။

MSc in Industry 4.0အတွက် အနီးဆုံး 2022 August intakeအတွက် လက်ခံသင်ကြားပေးမှာဖြစ်ပြီး လျှောက်ထားလိုသူများအနေဖြင့် 2022ခုနှစ် ဇန်န၀ါရီလ  (31)ရက်နေ့နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။

(2)

Master of Computing ပရိုဂရမ်ကို ဘယ်သူတွေလျှောက်ထားသင့်လဲ၊ ဘာတွေ သင်ကြားရမလဲ။

IT/Computer Science ဆက်စပ် အသိအမှတ်ပြုဘွဲ့တစ်ခုရရှိထားကာ လုပ်ငန်းခွင်အတွင်း မိမိတို့၏စွမ်းဆောင်ရည်ကို တဆင့်မြှင့်လုပ်ကိုင်ဆောင်ရွက်လိုသူများ တက်ရောက်လျှောက်ထားသင့်ပါသည်။

Computing/ ITဆက်စပ်ဘွဲ့မရရှိထားသော်လည်း Programmingအကြောင်း လေ့လာသင်ကြားဖူးသည့် ကျောင်းသူ၊ကျောင်းသားများဖြစ်ပါက Master of Computing (General Track)ပရိုဂရမ် တက်ရောက်သင်ကြားခွင့်ရရှိမည်ဖြစ်ပါသည်။

အဆိုပါ Master of Computing ပရိုဂရမ်တွင်

-Computer Science

-Infocomm Security

-Information Systems

-Artificial Intelligence ဘာသာရပ်များကို သင်ကြားရမည်ဖြစ်ပါသည်။ NUS၏ Computer Science and Information Systemဘာသာရပ်သည် QS World Ranking by Subject 2021အရ ranked #4 အဖြစ် ရပ်တည်လျက်ရှိပါသည်။

ကျောင်းလခနဲ့ အချိန်ဘယ်လောက်ကြာတက်ရောက်ရမလဲ၊ အနီးဆုံးကျောင်း၀င်ခွင့် ဘယ်အချိန်တွေရှိလဲ။

Master of Computing ပရိုဂရမ်တက်ရောက်လိုသူများအနေဖြင့် စင်ကာပူနိုင်ငံတွင် အချိန်(၁)နှစ်ခွဲကြာ တက်ရောက်ဖို့လိုအပ်ပြီး ကျောင်းလခအနေဖြင့် S$ 48,000 ကုန်ကျပါမည်။

Master of Computing (General Track)တက်ရောက်မည့်သူများအနေဖြင့် စာသင်ကာလ (၁)နှစ်ခွဲသာ တက်ရောက်ရမည်ဖြစ်ပြီး ကျောင်းလခအနေဖြင့် S$ 58,000 ကုန်ကျမည်ဖြစ်ပါသည်။

အနီးဆုံး 2022 August intakeအတွက် လက်ခံသင်ကြားပေးမှာဖြစ်ပြီး လျှောက်ထားလိုသူများအနေဖြင့် 2022ခုနှစ် မတ်လ (15)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။

၂၀၁၈ခုနှစ်မှစတင်ကာ စင်ကာပူနိုင်ငံရှိ ဘဏ်များအကြား Artificial Intelligenceနည်းပညာကို အမေရိကန်ဒေါ်လာ ၁၀သန်း ပထမဆုံးရင်းနှီးမြှုပ်နှံမှုများပြုခဲ့သည့် စင်ကာပူအခြေစိုက် OCBC Bankမှ National University of Singapore၏ Master of Computing AIပရိုဂရမ်အတွက် တက်ရောက်သင်ယူခွင့်ရရှိမည့် ထူးချွန်ကျောင်းသူ၊ကျောင်းသားများကို ကျောင်းလခ+ နေထိုင်စရိတ်+ စာအုပ်စာတမ်းကြေးတွေအတွက် အလုံးစုံပညာသင်ဆု အပြည့်အဝကင်းလွတ်ခွင့်ဖြင့် သင်ကြားနိုင်ရန် OCBC AI Scholarshipကိုလည်း ရွေးချယ်ပေးအပ်လျက်ရှိပါသည်။

အဆိုပါ OCBC AI Scholarshipအကြောင်းအရာအသေးစိတ်ကို – https://www.ocbc.com/group/careers/students/scholarships/postgraduate-ai-scholarship.html တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။

(3)

Master of Science in Digital Financial Technology ပရိုဂရမ်ကို ဘယ်သူတွေလျှောက်ထားသင့်လဲ၊ ဘာတွေ သင်ကြားရမလဲ။

ငွေကြေးပိုင်ဆိုင်ရာစီမံခန့်ခွဲမှုများ၊ဘဏ်လုပ်ငန်းများနှင့် FinTechအဖြစ် အသိများကြသည့် Financial + Technologyလုပ်ငန်းခွင်များတွင် FinTech security specialistများအဖြစ် ၀င်ရောက်လုပ်ကိုင်ဆောင်ရွက်လိုသူ များ တက်ရောက်သင့်ပါသည်။

အဆိုပါပရိုဂရမ်ကို 1 year capstone projectဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး စင်ကာပူနိုင်ငံရှိ FinTech Companyကြီးများတွင် လက်တွေ့ လုပ်ငန်းခွင်လေ့လာသင်ကြားနိုင်မည့်အခွင့်အရေး (internship)များကိုပါ ရရှိမည်ဖြစ်ပါသည်။

ကျောင်းလခနဲ့ အချိန်ဘယ်လောက်ကြာတက်ရောက်ရမလဲ၊ အနီးဆုံးကျောင်း၀င်ခွင့် ဘယ်အချိန်တွေရှိလဲ။

Master of Science in Digital Financial Technology ပရိုဂရမ်တက်ရောက်လိုသူများအနေဖြင့် စင်ကာပူနိုင်ငံတွင် အချိန်(၁)နှစ်ခွဲကြာ တက်ရောက်ဖို့လိုအပ်ပြီး ကျောင်းလခအနေဖြင့် S$ 58,000 ကုန်ကျမည်ဖြစ်ပါသည်။

အနီးဆုံး 2022 August intakeအတွက် လက်ခံသင်ကြားပေးမှာဖြစ်ပြီး လျှောက်ထားလိုသူများအနေဖြင့် 2022ခုနှစ် March (15)ရက်နေ့ နောက်ဆုံးထားလျှောက်နိုင်ပါသည်။

လျှောက်ထားလာသည့် ထူးချွန်ကျောင်းသူ၊ကျောင်းသားများအနက်မှ Master of Science in Digital Financial Technologyအတွက် ကျောင်းလခအပြည့်အဝကင်းလွတ်ခွင့်ဖြင့် သင်ကြားနိုင်မည့် အခွင့်အရေးများလည်း ရှိပါသည်။

(4)

Master of Science in Business Analytics ပရိုဂရမ်ကို ဘယ်သူတွေလျှောက်ထားသင့်လဲ၊ ဘာတွေ သင်ကြားရမလဲ။

အာရှနံပါတ် (၁)အကောင်းဆုံး စီးပွားရေးဘွဲ့လွန်ဘာသာရပ်သင် NUS business schoolနှင့် NUS school of computingမှ ပူးပေါင်းပို့ချသင်ကြားပေးမည့် Master of Science in Business Analytics (MSBA) ပရိုဂရမ်သည် မတူညီသည့်လုပ်ငန်းခွင်များတွင် Business analystsအဖြစ် စိတ်တိုင်းကျရွေးချယ်လုပ်ကိုင်လိုသူများနှင့် သင့်တော်ပါသည်။

အဆိုပါပရိုဂရမ်ကို 1 year capstone projectဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး Programmingအခြေခံ သိရှိထားရန် လိုအပ်ပါသည်။ ကျောင်းသူ၊ကျောင်းသားများအနေဖြင့် စင်ကာပူနိုင်ငံအခြေစိုက် နိုင်ငံတကာကုမ္ပဏီကြီးများတွင် analytics professionalအဖြစ် တာ၀န်ယူဆောင်ရွက်နေသည့်သူများထံမှ လေ့လာသင်ကြားခွင့်ရရှိနိုင်မည့်အခွင့်အရေးလည်းရှိပါသည်။

ကျောင်းလခနဲ့ အချိန်ဘယ်လောက်ကြာတက်ရောက်ရမလဲ၊ အနီးဆုံးကျောင်း၀င်ခွင့် ဘယ်အချိန်တွေရှိလဲ။

Master of Science in Business Analytics (MSBA) ပရိုဂရမ်တက်ရောက်လိုသူများအနေဖြင့် စင်ကာပူနိုင်ငံတွင် အချိန် (၁၃)လကြာ တက်ရောက်ဖို့လိုအပ်ပြီး ကျောင်းလခအနေဖြင့် S$ 58,000 ကုန်ကျမည်ဖြစ်ပါသည်။

အနီးဆုံး 2022 August intakeအတွက် လက်ခံသင်ကြားပေးမှာဖြစ်ပြီး လျှောက်ထားလိုသူများအနေဖြင့် 2022ခုနှစ် ဇန်န၀ါရီလ (31)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။

(5)

Master of Social Science (Communications)ပရိုဂရမ်ကို ဘယ်သူတွေလျှောက်ထားသင့်လဲ၊ ဘာတွေ သင်ကြားရမလဲ။

နှစ်စဥ်နဲ့အမျှ ပိုမိုဖွံ့ဖြိုးတိုးတက်လာသည့်နည်းပညာများကို မျက်ခြေမပြတ်လေ့လာနိုင်ရန်၊ လုပ်ငန်းခွင်များမှ လိုအပ်သည့် digital media landscape (websites, email, social networks, mobile devices, YouTubeအစရှိတာတွေကို ကောင်းမွန်စွာအသုံးချလိုသူများအတွက် သင့်တော်ပါသည်။

Master of Social Science (Communications)သင်ကြားမည့်သူများအနေဖြင့်

-Strategic Communication,

-Data and Communication,

-Global Media Communication အကြောင်းအရာများအလိုက် သင်ကြားရမည်ဖြစ်ပြီး ကျောင်းသူ၊ကျောင်းသားများအတွက် 20 weeks internshipအစီအစဥ်ပါရှိပါသည်။

ကျောင်းလခနဲ့ အချိန်ဘယ်လောက်ကြာတက်ရောက်ရမလဲ၊ အနီးဆုံးကျောင်း၀င်ခွင့် ဘယ်အချိန်တွေရှိလဲ။

Master of Social Science (Communications)ပရိုဂရမ်တက်ရောက်လိုသူများအနေဖြင့် စင်ကာပူနိုင်ငံတွင် အချိန် (၁)နှစ်ကြာ တက်ရောက်ဖို့လိုအပ်ပြီး ကျောင်းလခအနေဖြင့် S$ 35,831.50 ကုန်ကျမည်ဖြစ်ပါသည်။

2023 August intakeအတွက် လက်ခံသင်ကြားပေးမှာဖြစ်ပြီး လျှောက်ထားလိုသူများအနေဖြင့် 2022ခုနှစ် စက်တင်ဘာလ (1)ရက်နေ့မှ စတင်ကာ အောက်တိုဘာလ (31)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။

(6)

MSc in Venture Creationပရိုဂရမ်ကို ဘယ်သူတွေလျှောက်ထားသင့်လဲ၊ ဘာတွေ သင်ကြားရမလဲ။

စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်အဖြစ် ရပ်တည်လိုသူများနှင့် သင့်တော်ပါသည်။ လိုအပ်သည့် Business developmentအပိုင်းအတွက် mentorshipအစီအစဉ်များနှင့်အတူ NUS၏ နည်းပညာပိုင်းဆိုင်ရာသင်ကြားပို့ချမှုတို့ ပေါင်းစပ်ကာ အခွင့်အလမ်းသစ်များကို ချိတ်ဆက်ဖန်တီးနိုင်စေရန်ရည်ရွယ်ပါသည်။

Entrepreneurship and innovationကို အမှန်တကယ်စိတ်ပါဝင်စားသူများအနေဖြင့်

-Summer Programme in Entrepreneurship (2 weeks)

-Experiential Entrepreneur Internship + New Venture Creation (5 months)

-Lean Startup practicum (6 months)အစီအစဉ်များ ပါရှိပါသည်။

ကျောင်းလခနဲ့ အချိန်ဘယ်လောက်ကြာတက်ရောက်ရမလဲ၊ အနီးဆုံးကျောင်းဝင်ခွင့် ဘယ်အချိန်တွေရှိလဲ။

MSc in Venture Creationပရိုဂရမ်တက်ရောက်လိုသူများအနေဖြင့် စင်ကာပူနိုင်ငံတွင် အချိန် (၁)နှစ်ကြာ တက်ရောက်ဖို့လိုအပ်ပြီး ကျောင်းလခအနေဖြင့် S$ 49,500 ကုန်ကျမည်ဖြစ်ပါသည်။

အနီးဆုံး 2022 August intakeအတွက် လက်ခံသင်ကြားပေးမှာဖြစ်ပြီး လျှောက်ထားလိုသူများအနေဖြင့် 2022ခုနှစ် ဖေဖော်ဝါရီလ (28)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။

(7)

MSc Maritime Technology Managementပရိုဂရမ်ကို ဘယ်သူတွေလျှောက်ထားသင့်လဲ၊ ဘာတွေ သင်ကြားရမလဲ။

MSc of Science (MTM)ပရိုဂရမ်သည် ဘွဲ့ရပြီးစ ကျောင်းသူ၊ကျောင်းသားများအတွက် ဖွံ့ဖြိုးတိုးတက်လာသည့် ဆိပ်ကမ်းနည်းပညာများကဲ့သို့ ဆိပ်ကမ်းစီမံခန့်ခွဲမှုစွမ်းရည်များရရှိစေရန် အဓိက လေ့ကျင့်ပေးရန်နှင့် ပြင်ဆင်ပေးမည်ဖြစ်ပါသည်။

Singapore Maritime and Port Authority of Singapore and PSA Singaporeကဲ့သို့သော အဖွဲ့အစည်းများတွင် internship, job placementအစီအစဉ်များစီစဉ်ထားရှိပေးသည့်အတွက်

ကျောင်းပြီးသည့်အခါ အလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိစေနိုင်မည်ဖြစ်ပါသည်။

ကျောင်းလခနဲ့ အချိန်ဘယ်လောက်ကြာတက်ရောက်ရမလဲ၊ အနီးဆုံးကျောင်းဝင်ခွင့် ဘယ်အချိန်တွေရှိလဲ။

MSc Maritime Technology Managementပရိုဂရမ်တက်ရောက်လိုသူများအနေဖြင့် စင်ကာပူနိုင်ငံတွင် အချိန် (၁)နှစ်ကြာ တက်ရောက်ဖို့လိုအပ်ပြီး ကျောင်းလခအနေဖြင့် S$ 58,000 ကုန်ကျမည်ဖြစ်ပါသည်။ Maritime Technology Scholarship S$ 10,000 scholarship (Merit-based)လျှောက်ထားနိုင်ပါသည်။

အနီးဆုံး 2022 August intakeအတွက် လက်ခံသင်ကြားပေးမှာဖြစ်ပြီး application စတင်လက်ခံပေးမည့်နေ့ကို ထပ်မံကြေငြာပေးမည်ဖြစ်ပါသည်။

(8)

Master of Lawsပရိုဂရမ်ကို ဘယ်သူတွေလျှောက်ထားသင့်လဲ၊ ဘာတွေ သင်ကြားရမလဲ။

မြန်မာနိုင်ငံတွင် ဥပဒေဘွဲ့ရရှိထားပြီး စင်ကာပူနိုင်ငံရှိ ဥပဒေရေးရာနယ်ပယ်သို့ ရွှေ့ပြောင်းလုပ်ကိုင်လိုသူများ လျှောက်ထားသင့်ပါသည်။

-Asian Legal Studies,

-Corporate & Financial Services Law,

-Intellectual Property & Technology Law,

-International Arbitration & Dispute Resolution,

-International & Comparative Law and Maritime Law အကြောင်းအရာများအလိုက် သင်ကြားရမည်ဖြစ်ပါသည်။

ကျောင်းလခနဲ့ အချိန်ဘယ်လောက်ကြာတက်ရောက်ရမလဲ၊ အနီးဆုံးကျောင်းဝင်ခွင့် ဘယ်အချိန်တွေရှိလဲ။

Master of Lawsပရိုဂရမ်တက်ရောက်လိုသူများအနေဖြင့် စင်ကာပူနိုင်ငံတွင် အချိန် (၁)နှစ်ကြာ တက်ရောက်ဖို့လိုအပ်ပြီး ကျောင်းလခအနေဖြင့် S$ 30,000 မှ အများဆုံး S$ 35,600* ကုန်ကျမည်ဖြစ်ပါသည်။

အနီးဆုံး 2022 August intakeအတွက် လက်ခံသင်ကြားပေးမှာဖြစ်ပြီး လျှောက်ထားလိုသူများအနေဖြင့် 2021ခုနှစ် နို၀င်ဘာလ (15)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။

(9)

Juris Doctorပရိုဂရမ်ကို ဘယ်သူတွေလျှောက်ထားသင့်လဲ။

စင်ကာပူနိုင်ငံရှိ တရားဥပဒေများနှင့်စီရင်ထုံးများကို လေ့လာသင်ယူလိုသူများ လျှောက်ထားသင့်ပါသည်။

ကျောင်းလခနဲ့ အချိန်ဘယ်လောက်ကြာတက်ရောက်ရမလဲ၊ အနီးဆုံးကျောင်းဝင်ခွင့် ဘယ်အချိန်တွေရှိလဲ။

အသိအမှတ်ပြု ဥပဒေဘွဲ့တစ်ခုရရှိထားပြီး ဥပဒေရေးရာစီရင်ချက်များ ချမှတ်ရသည့် ဂျူရီအဖြစ်် တက်လှမ်းလိုသူများအနေဖြင့် စင်ကာပူနိုင်ငံတွင် အချိန် (၂)နှစ်သာတက်ရောက်ဖို့လိုအပ်ပြီး ဥပဒေဘွဲ့ရမဟုတ်သည့် ကျောင်းသူ၊ကျောင်းသားများအနေဖြင့် (၃)နှစ်ကြာ တက်ရောက်ဖို့လိုအပ်ပါသည်။ ကျောင်းလခအနေဖြင့် S$ 60,027* ကုန်ကျမည်ဖြစ်ပါသည်။

အနီးဆုံး 2022 August intakeအတွက် လက်ခံသင်ကြားပေးမှာဖြစ်ပြီး လျှောက်ထားလိုသူများအနေဖြင့် 2021ခုနှစ် နိုဝင်ဘာလ (15)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။

(10)

Master of Arts (Arts and Cultural Entrepreneurship)ပရိုဂရမ်ကို ဘယ်သူတွေလျှောက်ထားသင့်လဲ၊ ဘာတွေ သင်ကြားရမလဲ။

အုပ်ချုပ်ရေး၊ စီမံခန့်ခွဲမှုနှင့်အနုပညာနှင့်ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်းများတွင် ဦးဆောင်မှုပြုလုပ်လိုသူများ အတွက် မရှိမဖြစ်လိုအပ်သည့် strategic skillsများကို သင်ကြားလိုသူများတက်ရောက်သင့်ပါသည်။

-Arts and culture,

-Entrepreneurship and management,

-Emerging technologies and digital expertise အကြောင်းအရာများကို အဓိက လေ့လာသင်ကြားရမည်ဖြစ်ပါသည်။

ကျောင်းလခနဲ့ အချိန်ဘယ်လောက်ကြာတက်ရောက်ရမလဲ၊ အနီးဆုံးကျောင်းဝင်ခွင့် ဘယ်အချိန်တွေရှိလဲ။

Master of Arts (Arts and Cultural Entrepreneurship)ပရိုဂရမ်တက်ရောက်လိုသူများအနေဖြင့် စင်ကာပူနိုင်ငံတွင် အချိန် (၁)နှစ်ကြာ တက်ရောက်ဖို့လိုအပ်ပြီး ကျောင်းလခအနေဖြင့် S$ 40,000 ကုန်ကျမည်ဖြစ်ပါသည်။

အနီးဆုံး 2022 August intakeအတွက် လက်ခံသင်ကြားပေးမှာဖြစ်ပြီး လျှောက်ထားလိုသူများအနေဖြင့် 2021ခုနှစ် နိုဝင်ဘာလ (30)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။

(11)

Master of Landscape Architectureပရိုဂရမ်ကို ဘယ်သူတွေလျှောက်ထားသင့်လဲ။

အသိအမှတ်ပြု ဗိသုကာဘွဲ့တစ်ခုရရှိထားကာ အဆောက်အဦး Designအပိုင်းထူးချွန်မှုဆိုင်ရာ သင်ကြားမှုများတွင် နာမည်ကျော်ကြားသည့် NUS Landscape Architecureတွင် တက်ရောက်သင်ကြားခွင့်ရလိုသူများ၊ Singapore Institute of Landscape Architectsအဖြစ် အသိအမှတ်ပြု ဗိသုကာပညာရှင်ဖြစ်လိုသူများ လျှောက်ထားသင့်ပါသည်။

ကျောင်းလခနဲ့ အချိန်ဘယ်လောက်ကြာတက်ရောက်ရမလဲ၊ အနီးဆုံးကျောင်းဝင်ခွင့် ဘယ်အချိန်တွေရှိလဲ။

Master of Landscape Architectureပရိုဂရမ်တက်ရောက်လိုသူများအနေဖြင့် စင်ကာပူနိုင်ငံတွင် အချိန်(၂)နှစ်ကြာ တက်ရောက်ဖို့လိုအပ်ပြီး ကျောင်းလခအနေဖြင့် S$ 88,000 ကုန်ကျမည်ဖြစ်ပါသည်။

အနီးဆုံး 2022 August intakeအတွက် လက်ခံသင်ကြားပေးမှာဖြစ်ပြီး လျှောက်ထားလိုသူများအနေဖြင့် 2022ခုနှစ် ဇန်နဝါရီလ (15)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။

(12)

MSc in Project Managementပရိုဂရမ်ကို ဘယ်သူတွေလျှောက်ထားသင့်လဲ။

လုပ်ငန်းခွင်အတွေ့အကြုံအတန်သင့်ရှိထားသော်လည်း telecommunication, transport, oil and gas, construction, shipbuilding, property development, waste managementကဲ့သို့သော နယ်ပယ်များတွင် စိန်ခေါ်မှုအသစ်များနှင့်အတူ အလုပ်အကိုင်အသစ်တစ်ခုသို့ ပြောင်းရွှေ့လုပ်ကိုင်လိုသူများ တက်ရောက်သင့်ပါသည်။

ကျောင်းလခနဲ့ အချိန်ဘယ်လောက်ကြာတက်ရောက်ရမလဲ၊ အနီးဆုံးကျောင်းဝင်ခွင့် ဘယ်အချိန်တွေရှိလဲ။

MSc (PM)ပရိုဂရမ်တက်ရောက်လိုသူများအနေဖြင့် စင်ကာပူနိုင်ငံတွင် အချိန်(၁)နှစ်ကြာ တက်ရောက်ဖို့လိုအပ်ပြီး ကျောင်းလခအနေဖြင့် S$ 45,000 ကုန်ကျမည်ဖြစ်ပါသည်။

အနီးဆုံး 2022 August intakeအတွက် လက်ခံသင်ကြားပေးမှာဖြစ်ပြီး လျှောက်ထားလိုသူများအနေဖြင့် 2022ခုနှစ် ဇန်နဝါရီလ (15)ရက်နေ့မှ စတင်ကာ မတ်လ (15)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။

(13)

Master of Arts in Urban Designပရိုဂရမ်ကို ဘယ်သူတွေလျှောက်ထားသင့်လဲ။  ဘာတွေ သင်ကြားရမလဲ။

ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများတွင် မကြာခဏဆိုသလို ရင်ဆိုင်တွေ့ကြုံရလေ့ရှိသည့် economics, ecology, sociology, environmental psychology, technology, urban geography, cultural theory or real estate အကြောင်းအရာများကို နှံ့စပ်စွာသိရှိထားပြီး နည်းပညာအကူအညီဖြင့် မြို့ပြစီမံကိန်းများ၊ လမ်း၊ တံတားများနှင့် နိုင်ငံအတွင်း ပိုမိုတွင်ကျယ်စွာအသုံးပြုရန်လိုအပ်သည့် သယ်ယူပို့ဆောင်ရေးစနစ်များကို ကြိုတင်လေ့လာသင်ကြားထားကာ အလုပ်အခွင့်အလမ်းကောင်းရရှိလိုသူများနှင့် သင့်တော်ပါသည်။

ကျောင်းလခနဲ့ အချိန်ဘယ်လောက်ကြာတက်ရောက်ရမလဲ၊ အနီးဆုံးကျောင်းဝင်ခွင့် ဘယ်အချိန်တွေရှိလဲ။

MA (UD)ပရိုဂရမ်တက်ရောက်လိုသူများအနေဖြင့် စင်ကာပူနိုင်ငံတွင် အချိန်(၁)နှစ်ကြာ တက်ရောက်ဖို့လိုအပ်ပြီး ကျောင်းလခအနေဖြင့် S$ 41,000 ကုန်ကျမည်ဖြစ်ပါသည်။

အနီးဆုံး 2022 August intakeအတွက် လက်ခံသင်ကြားပေးမှာဖြစ်ပြီး လျှောက်ထားလိုသူများအနေဖြင့် 2022ခုနှစ် ဇန်နဝါရီလ (15)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။

(14)

MSc in Integrated Sustainable Designပရိုဂရမ်ကို ဘယ်သူတွေလျှောက်ထားသင့်လဲ။

architecture, engineering, landscape design, planning, urban design and biological science ပညာရပ်ဆိုင်ရာ အချိုးကျပေါင်းစပ်လေ့လာသင်ယူထားခြင်းမှတဆင့် ဆောက်လုပ်ရေးနှင့်မြို့ပြဆိုင်ရာ စိန်ခေါ်မှုများကို ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းနိုင်လိုသူများ တက်ရောက်သင့်ပါသည်။

ကျောင်းလခနဲ့ အချိန်ဘယ်လောက်ကြာတက်ရောက်ရမလဲ၊ အနီးဆုံးကျောင်းဝင်ခွင့် ဘယ်အချိန်တွေရှိလဲ။

MSc in Integrated Sustainable Designပရိုဂရမ်တက်ရောက်လိုသူများအနေဖြင့် စင်ကာပူနိုင်ငံတွင် အချိန်(၁)နှစ်ကြာ တက်ရောက်သင်ယူဖို့လိုအပ်ပြီး ကျောင်းလခအနေဖြင့် S$ 41,000 ကုန်ကျမည်ဖြစ်ပါသည်။

အနီးဆုံး 2022 August intakeအတွက် လက်ခံသင်ကြားပေးမှာဖြစ်ပြီး လျှောက်ထားလိုသူများအနေဖြင့် 2022ခုနှစ် ဇန်နဝါရီလ (15)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။

(15)

Master of Science in Building Performance and Sustainable Designပရိုဂရမ်ကို ဘယ်သူတွေလျှောက်ထားသင့်လဲ။

အသိအမှတ်ပြုဘွဲ့တစ်ခုရရှိထားပြီး အဆောက်အဦးအမျိုးအစားအလိုက် ရှိရမည့် ဖွဲ့စည်းမှုစနစ်များ၊ ဒီဇိုင်းအပိုင်းနှင့် ဆောက်လုပ်ရေး၊ တည်ဆောက်မှုနှင့်ရေရှည်တည်တံ့ခိုင်မြဲရေးတို့ကို စနစ်တကျလေ့လာသင်ကြားလိုသူများနှင့် သင့်တော်ပါသည်။

ကျောင်းလခနဲ့ အချိန်ဘယ်လောက်ကြာတက်ရောက်ရမလဲ၊ အနီးဆုံးကျောင်းဝင်ခွင့် ဘယ်အချိန်တွေရှိလဲ။

MSc in Building Performance and Sustainable Designပရိုဂရမ်တက်ရောက်လိုသူများအနေဖြင့် စင်ကာပူနိုင်ငံတွင် အချိန်(၁)နှစ်ကြာ တက်ရောက်သင်ယူဖို့လိုအပ်ပြီး ကျောင်းလခအနေဖြင့် S$ 45,000 ကုန်ကျမည်ဖြစ်ပါသည်။

အနီးဆုံး 2022 August intakeအတွက် လက်ခံသင်ကြားပေးမှာဖြစ်ပြီး လျှောက်ထားလိုသူများအနေဖြင့် 2022ခုနှစ် ဇန်နဝါရီလ (15)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။

(16)

Master of Arts in Architectural Conservationပရိုဂရမ်ကို ဘယ်သူတွေလျှောက်ထားသင့်လဲ။

မတူကွဲပြားသောအာရှနိုင်ငံများ၏ သမိုင်းဝင်အဆောက်အအုံများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့်ဆက်စပ်နယ်ပယ်များမှ တမူထူးခြားသောရှုထောင့်အမြင်များကိုပါ ပေါင်းစပ်ကာ လေ့လာသင်ကြားခွင့်ရလိုသူများအတွက် အဆင့်မြင့်ပရိုဂရမ်တစ်ခုဖြစ်ပါသည်။

ကျောင်းလခနဲ့ အချိန်ဘယ်လောက်ကြာတက်ရောက်ရမလဲ၊ အနီးဆုံးကျောင်းဝင်ခွင့် ဘယ်အချိန်တွေရှိလဲ။

Master of Arts in Architectural Conservationပရိုဂရမ်တက်ရောက်လိုသူများအနေဖြင့် စင်ကာပူနိုင်ငံတွင် အချိန်(၁)နှစ်ကြာ တက်ရောက်သင်ယူဖို့လိုအပ်ပြီး ကျောင်းလခအနေဖြင့် S$ 41,000 ကုန်ကျမည်ဖြစ်ပါသည်။

အနီးဆုံး 2022 August intakeအတွက် လက်ခံသင်ကြားပေးမှာဖြစ်ပြီး လျှောက်ထားလိုသူများအနေဖြင့် 2022ခုနှစ် ဖေဖော်ဝါရီလ (15)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။

(17)

Master of Science in Biomedical Informaticsကို ဘယ်သူတွေ လျှောက်ထားသင့်လဲ၊ ဘာတွေ သင်ကြားရမလဲ။

Yong Loo Lin School of Medicine (NUSMed), Department of Biomedical Informatics က သင်ကြားပေးသွားမယ့် အဆိုပါ ပရိုဂရမ်ကို Bachelor’s Degree (with Honours) in Quantitative Sciences (e.g. Mathematics, Applied Mathematics, Statistics and Physics), Engineering, Computer Science, Business or Health Sciences-related discipline, including M.B.,B.S စသည့် အသိအမှတ်ပြု ဘွဲ့တစ်ခုခုရရှိထားပြီး နိုင်ငံတကာဆေးသုတေသနနှင့် ဆေးသိပ္ပံကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်လိုသူများ တက်ရောက်ရန် သင့်တော်ပါသည်။

[Note: Alternatively, candidates with other qualifications may be considered on a case-by-case basis, subject to approval by the NUS Board of Graduate Studies]

Core/essential modules (20 MCs)အနေဖြင့်- Advanced Biomedical Informatics, Capstone Project, Medical Data and Data Processing, Advanced Agile Project Management, Software Development Fundamentals နှင့် Elective modules (20 MCs)တွင် Analytics သို့မဟုတ် Hospital Managementကို ရွေးချယ်သင်ကြားရမှာဖြစ်ပါသည်။

Elective modules (20 MCs)ကို Analytics ရွေးချယ်သင်ကြားမည့် ကျောင်းသူ၊ကျောင်းသားများအနေနှင့် – Health Sciences for Non-Clinicians* Not for clinicians, Advanced Scientific Research Methods, Molecular Informatics, Advanced Human Factors Engineering, Digital Agility & Change Leadership, Data Structures and Algorithms, Artificial Intelligence, Fundamentals of Data Analytics, Advanced Statistical Learning တို့ကို သင်ကြားရပါမည်။

Elective modules (20 MCs)တွင် Hospital Management ရွေးချယ်သင်ကြားလိုသူ ကျောင်းသူ၊ကျောင်းသားများအနေနှင့် – Health Sciences for Non-Clinicians* Not for clinicians, Clinical Decision Support Systems, Advanced Evidence, Based Patient Care, Advanced Value-Based Healthcare, Advanced Clinical Data Systems, Digital Agility & Change Leadership, Strategic Thinking and Digital Foresight, Managing Digitalisation Complexity, Software Development Fundamentals, Artificial Intelligence, The Ethics of Biotechnology and Innovation, Implementing Public Health Programmes and Policies, Economic Methods in Health Technology Assessment, Advanced Statistical Learning တို့ကို သင်ကြားကြရပါမည်။

Master of Science in Biomedical Informatics ဒီဂရီရရှိနိုင်ရန် Core/essential modules (20 MCs) + Elective modules (20 MCs) – စုစုပေါင်း 40-modular credit (MC) courseworkတို့ကို တက်ရောက်သင်ကြားကြရမှာဖြစ်ပါသည်။

ကျောင်းလခနဲ့ အချိန်ဘယ်လောက်ကြာတက်ရောက်ရမလဲ၊ အနီးဆုံးကျောင်းဝင်ခွင့် ဘယ်အချိန်တွေရှိလဲ။

Master of Science in Biomedical Informatics ပရိုဂရမ် တက်ရောက်လိုသူများအနေဖြင့် စင်ကာပူနိုင်ငံတွင် အများဆုံး အချိန်(၂)နှစ်ကြာ တက်ရောက်ရမှာဖြစ်ပြီး ကျောင်းလခအနေဖြင့် S$54,448 ကုန်ကျမည်ဖြစ်ပါသည်။

NUSကျောင်း၀င်ခွင့် လျှောက်ထားရန်အတွက် လိုအပ်သည့်အရာများ။

– Copy of Passport

– NUS Application Fees

ကျောင်းသူ၊ကျောင်းသားများအနေဖြင့် မိမိလျှောက်ထားလိုသည့် ပရိုဂရမ်အလိုက် S$ 50မှ S$ 100ကို  NUSသို့ ပေးသွင်းရန်လိုအပ်ပြီး application feesများကို waivedလုပ်ပေးမည်မဟုတ်ပါ။

သို့ရာတွင် မိမိတို့အနေဖြင့် အထက်ဖော်ပြပါ NUS Master Degree ပရိုဂရမ်များအနက် ၃ခုမှ ၅ခုအထိ လျှောက်ထားလိုပါက NUSမှ ကောက်ခံသည့် application feesအပြင် ထပ်မံပေးသွင်းရန်မလိုအပ်ပါ။

-Academic transcripts

ဘာသာရပ်တစ်ခုချင်းစီအလိုက် ရမှတ်အနေဖြင့် 75% ခန့်ရှိထားရန်လိုအပ်ပြီး အသိအမှတ်ပြု (၄)နှစ်နှင့်အထက် Bachelor Degreeရရှိထားသူများလျှောက်ထားနိုင်ပါသည်။ သို့ရာတွင် မိမိတို့ ရရှိထားသည့် Bachelor Degreeမှာ (၃)နှစ်နှင့် ဘာသာရပ်တစ်ခုချင်းစီ၏ရမှတ်မှာ 75% အောက်လျော့နည်းပါက အလုပ်အတွေ့အကြုံ (၂)နှစ်နှင့်အထက်ပေါင်းစပ် လျှောက်ထားခွင့်ရှိပါသည်။

-Resume with work experience

-Academic refree reports (၂စောင်)

academic referencesအတွက် လျှောက်ထားသူ၏ အချက်အလက်များကို ပူးတွဲဖော်ပြထားသည့် သက်ဆိုင်ရာဆရာ၊ဆရာမများထံမှ NUSမှ e-mailမှတဆင့် ဆက်သွယ်သွားမည်ဖြစ်ပါသည်။

-Motivation letter (စာလုံးရေ အများအပြားထည့်သွင်းရေးသားရန်မလိုပါ)

-English Proficiency (IELTS Overall 6.0 or TOEFL 85 internet-based or TOEFL iBT, Home Edition accepted)

-GMAT/GRE (ထည့်သွင်းလျှောက်ထားရန်လိုအပ်သည့် ပရိုဂရမ်များအတွက်သာ)

-Other supporting documents (eg. short courses, internship)

-Proof of Fund (Bank Statement)

S$ 40,000 နှင့်အထက်ညီမျှသည့် မိဘ/မိမိ၏ ဘဏ်စာရင်းရှင်းတမ်းတင်ပြပေးရန်လိုအပ်ပါသည်။

ရွေးချယ်နိုင်သည့် Student Accommodation

NUSတွင် တက်ရောက်ခွင့်ရရှိသည့်အခါ ကျောင်းသူ၊ကျောင်းသားများအနေဖြင့် On-Campus or Off-Campusအဖြစ် နေထိုင်ရန်လျှောက်ထားနိုင်ပါသည်။

On-Campusအနေဖြင့်

1.Prince George Park residence

2.UTown residence

3.College Green (Bukit Timah campus – Law students)

တို့တွင် တစ်ပါတ်လျှင် S$216မှ $446 ကျသင့်မည်ဖြစ်ပါသည်။ NUSမှ offer letterရရှိသည့်အခါ May 4ရက်နေ့မှ June 3ရက်နေ့အတွင်း accommondationလျှောက်ထားနိုင်မည်ဖြစ်ပါသည်။

Off-Campusအနေဖြင့်-

1.Student hostels – မိမိတို့ရွေးချယ်သည့်အလိုက် တစ်လလျှင် S$ 450မှ S$750နှင့်အထက် ကုန်ကျမည်ဖြစ်ပါသည်။

2.luxury living (1 room) with swimming pool, gym and facilities ပါရှိသည့် Private Condo များတွင် တစ်လလျှင် S$ 700နှင့်အထက်ကုန်ကျမည်ဖြစ်ပါသည်။

3.HDB flat – အိပ်ခန်း၁ခန်းပါရှိပြီး လုံခြုံစိတ်ချရသည့်အတွက် စင်ကာပူနိုင်ငံတွင် 80%အထိ အများဆုံးရွေးချယ်နေထိုင်ကြသည်။ ကုန်ကျစရိတ်အနေဖြင့် တစ်လလျှင် S$ 400နှင့်အထက်သာကုန်ကျပါသည်။

အလုပ်အကိုင်အခွင့်အလမ်း
National University of Singaporeတွင် တက်ရောက်မည့်ကျောင်းသူ၊ကျောင်းသားများအနေဖြင့်
ကျောင်းတက်နေစဉ် တစ်ပါတ်လျှင် (၁၆)နာရီ အချိန်ပိုင်းအလုပ်လုပ်ခွင့်ရှိပါသည်။ NUSတွင် တက်ရောက်ပြီးစီးသည့်အခါ မြန်မာနိုင်ငံသို့ချက်ခြင်းပြန်လာရန်မလိုဘဲ long term visit passအနေဖြင့် (၁)နှစ်ဆက်လက်နေထိုင်ခွင့် အလုပ်ရှာခွင့် ရရှိနိုင်မည်ဖြစ်ပါသည်။ 
.
National University of Singapore (NUS)မှ ကျောင်းသူ၊ကျောင်းသားများအနေဖြင့် ကျောင်းအပြီး အလုပ်အကိုင်ရရှိမှုအခွင့်အလမ်းတွင် 96.4% အထိ အမြင့်ဆုံးရရှိထားသည့်အပြင် တစ်လလျှင် S$ 4,080 နှုန်းထားဖြင့် ၀င်ရောက်လုပ်ကိုင်နိုင်မည့် အခွင့်အရေးများလည်းရှိပါသည်။ 
.
NUS၏ အဆိုပါ Master Degreeပရိုဂရမ်များကို 2022 August Intakeအတွက် စတင်ပြင်ဆင်လျှောက်ထားလိုသူများအနေနှင့် CROWN Education အကူအညီဖြင့် ပရိုဂရမ်အလိုက် သတ်မှတ်ထားသည့် deadlineများမတိုင်မီ ကျောင်းလျှောက်ရန်လိုအပ်သည့် စာရွက်စာတမ်းများနှင့်  လျှောက်ထား သင်ယူနိုင်မည်ဖြစ်ပါသည်။ 

အသေးစိတ်ထပ်မံသိရှိလိုပါက 09 8850-85-185, 09 26000-4050သို့ Viberမှ တဆင့် ဆက်သွယ်နိုင်ပါသည်။

Book Appointment >