ACT - GAC Program

ဆယ်တန်းအောင်စာရင်းတွေထွက်ပြီး တက္ကသိုလ်ဝင်ခွင့်တွေလျှောက်တဲ့အချိန်မှာ ဆေးတက္ကသိုလ်အမှတ်မီခဲ့တယ်၊ဒါပေမယ့် ဆေးကျောင်းမတက်ဘဲ နိုင်ငံခြားမှာပညာသင်ဖို့ကို ဆုံးဖြတ်ခဲ့ပြီးCROWN Educationရဲ့Grade 12 Programတက်ဖို့ရွေးချယ်ခဲ့ပါတယ်။ GAC Grade 12 Programတက်ခဲ့တဲ့၁နှစ်အတွင်းမှာ ရခဲ့တဲ့ အကျိုးကျေးဇူးတွေ တော်တော်များပါတယ်။

ကျောင်းသားတွေအတွက် အမှန်တကယ်လိုအပ်တဲ့ Time Management, Communication Skills, Academic Writing Skills, Presentations Skills, APA Referencing Stylesနဲ့ Critical Thinkingအပိုင်းမှာ သိသိသာသာတိုးတက်ခဲ့ပါတယ်။ Level ၁ခုချင်းစီရဲ့ Modulesတိုင်းကို စနစ်တကျသင်ယူပြီး ရလာတဲ့ GPA (3.0)ရမှတ်နဲ့ တက္ကသိုလ်လျှောက်ထားခဲ့ပါတယ်။ Simon Fraser Universityရဲ့ UTP Stage 1 ကိုကင်းလွတ်ခွင့်ရပြီး UTP Stage 2လို့ခေါ်တဲ့ တက္ကသိုလ်ပထမနှစ်ကို တိုက်ရိုက်ဝင်ခွင့်ရခဲ့လို့ ကုန်ကျစရိတ်တော်တော်လေးသက်သာခဲ့ပါတယ်။

ကနေဒါနိုင်ငံပညာရေးက ယူကေ၊ယူအက်စ်၊သြစတြေးလျနိုင်ငံက တက္ကသိုလ်တွေလိုပဲ အဆင့်အတန်းမြင့်မားတယ်။ကုန်ကျစရိတ်သက်သာတယ်။ဒေသခံတွေက ဖော်ရွှေတယ်၊ အခြားနိုင်ငံတွေထက် အေးချမ်းတဲ့ စာသင်ကြားမှုပတ်ဝန်းကျင်ရှိတာကြောင့် ကနေဒါမှာ ပညာသင်ဖို့ရွေးချယ်ခဲ့ပါတယ်။

Torontoနဲ့ Vancouverမြို့တွေက ထိပ်တန်းတက္ကသိုလ်အများဆုံးရှိပြီး Torontoရဲ့ရာသီဥတုက တော်တော်လေးအေးတဲ့ဘက်သွားတယ်။ Vancouverမှာက အာရှရာသီဥတုနဲ့ သိပ်မကွာလို့ Vancouverမြို့ကိုရွေးချယ်ခဲ့ပါတယ်။

Grade 12 Programမှာရရှိတဲ့ GPAရမှတ်တွေနဲ့ အမေရိကန်တက္ကသိုလ်ဝင်ခွင့်တွေလျှောက်ထားဖို့ အချိန်ယူစဉ်းစားခဲ့တယ်။ ဒါပေမယ့် ကနေဒါမှာက Co-Op Educationအပြင်ကျောင်းအပြီး PRလျှောက်ထားဖို့ အခွင့်အရေးများတာကြောင့်လည်း Simon Fraser Universityမှာ UTP Stage 2(First Year Direct Entry)တက်ဖို့ရွေးချယ်ခဲ့ပါတယ်။

ကနေဒါတက္ကသိုလ်ဝင်ခွင့်နဲ့ ဗီဇာလျှောက်ထားမှုအပိုင်းက ကျန်တဲ့နိုင်ငံတွေနဲ့ တော်တော်လေး ကွာခြားတယ်။ အရေးအကြီးဆုံးအချက်ကတော့ ရေရှည်လျှောက်ရမယ့် ပညာရေးလမ်းကြောင်း အရွေးမမှားဖို့နဲ့ ပညာရေးကို အမှန်တကယ်နားလည်တတ်ကျွမ်းသူတွေနဲ့သာ အစအဆုံးပြင်ဆင် လျှောက်ထားဖို့ အကြံပြုပါတယ်။

 

Kaung Si Thu

Simon Fraser University

Business Administration

Book Appointment >