RAI Grade 12 Program

CROWN Educationအကူအညီနဲ့ စင်ကာပူမှာ ကျောင်းသွားတက်နေတဲ့ cousinဆီက တဆင့် RAI Grade 12 programကို သိခဲ့ပါတယ်၊ အားလုံးသိတဲ့အတိုင်း 2020ကစပြီး နိုင်ငံတကာမှာလည်း Covid အခြေအနေတွေကြောင့် ကျောင်းချက်ခြင်းသွားတက်ဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။

ဒီအတိုင်း အချိန်ကုန်သွားမယ့်အတူတူ UKမှာ Foundation Yearသွားတက်ရမယ့် ကုန်ကျစရိတ်သက်သာဖို့နဲ့ တက္ကသိုလ်တွေကပေးတဲ့ ပညာသင်ဆုတွေလည်း လျှောက်ကြည့်ချင်တာနဲ့ CROWN Educationမှာ RAI Program (၁၀)လ တက်ဖို့ ရွေးချယ်ခဲ့ပါတယ်။

Covidအခြေအနေတွေကြောင့် အွန်လိုင်းကပဲ တက်ခဲ့ရပေမယ့် ဆရာ၊ဆရာမ‌တွေက စိတ်ရှည်သလို စာအသင်အပြတော်တော်လေးကောင်းတယ်။ နောက်ပြီး RAI Grade 12 program က စာမေးပွဲဖြေရတဲ့စနစ်ကို အသားပေးတဲ့ ပညာရေးလမ်းကြောင်းမဟုတ်တော့ လွတ်လွတ်လပ်လပ်တွေးခေါ်နိုင်ပြီး Creative thinkingပိုင်းမှာ အရင်ကထက် တိုးတက်လာပါတယ်။

RAI Grade 12 လက်မှတ်ဖြင့် သြစတြေးလျ၊ အင်္ဂလန်နိုင်ငံရှိတက္ကသိုလ်များတွင် Foundation Yearမလိုပဲ တက်ရောက်နိုင်မှာဖြစ်ပြီး၊ ကနေဒါအဆင့်မြင့်တက္ကသိုလ်တွေကိုပါ တိုက်ရိုက်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ အခြားသော နိုင်ငံတကာရှိ Rankingမြင့် တက္ကသိုလ်များတွင်လည်း Medicine, Engineering, Business, IT, Science, Arts ဆက်စပ်ဘာသာရပ်များကို စိတ်တိုင်းကျ ဆက်လက်ရွေးချယ်တက်ရောက်နိုင်သည့်အပြင် ထူးချွန်ကျောင်းသူ၊ကျောင်းသားများအတွက် ပညာသင်ဆုအခွင့်အရေးများ၊ပညာသင်ထောက်ပံ့ကြေးများလည်း (နိုင်ငံတကာမှ ဆေးကျောင်းများ မပါ၀င်) ရှိပါသည်။

မြန်မာဆယ်တန်းနှင့် IGCSE ဖြေဆိုအောင်မြင်ထားသည့် ကျောင်းသူကျောင်းသားများအနေဖြင့် RAI Grade 12 Program ကို မြန်မာနိုင်ငံတွင် အချိန် (၁၀)လမှ အများဆုံး(၁)နှစ်သာ တက်ရောက်သင်ကြားရန်လိုအပ်ပါသည်။ 2022 အတွက် အသစ်ဖွင့်လှစ်မည့် RAI Grade 12 programနှင့်ပတ်သက်၍ https://crown.edu.mm/ossd/ လင့်ခ်တွင် အသေးစိတ်ဝင်ရောက်ဖတ်ရှုနိုင်သလို 09 965-085-185, 09 885-085-185 (Viber) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Book Appointment >