ACT - GAC Program


Perfect Student Award ဆုရ GAC – Grade 12 ကျောင်းသား မောင်အာကာဇော်အနေနဲ့ အမေရိကန် ပြည်ထောင်စုရှိ Georgia State University (GSU)တွင် Biomedical Science ဘာသာရပ်အတွက် Atlanta Campus  Scholarship 80%ဖြင့် တက္ကသိုလ် (၄) နှစ်စာ ပညာသင်ဆုပမာဏ စုစုပေါင်း $ 78,000 ကျော် ရရှိခဲ့ပါတယ်။ အခုလို (၄) နှစ်ဆက်တိုက် Scholarship ချီးမြှင့်ခြင်း ခံရတဲ့ ကျောင်းသား မောင်အာကာဇော်အတွက် CROWN EDUCATION & ROYAL ACADEMIC INSTITUTE မိသားစုမှ အထူး ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။

မောင်အာကာဇော်အနေဖြင့် GAC Program တက်ရောက်သည့် အတောအတွင်း GAC GPA (4.0)အပြင် ACT ရမှတ် – 25မှတ်နှင့် IELTS Band Score (7.0) ရရှိတာကြောင့် GSUရဲ့ Presidential Scholarship Award list အတွက် အသိအမှတ်ပြုခြင်းခံရသလို၊ Honor College Award စာရင်းဝင်သည့်အတွက်လည်း Internship Opportunity နဲ့ အလုပ်အကိုင်ရရှိမှုတွေမှာ တခြားသော နိုင်ငံတကာမှ ကျောင်းသူ၊ကျောင်းသားတွေထက် ပိုမိုလွယ်ကူသွားမှာဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ GSU University Assistant အဖြစ် Professor အနားတွင် သင်ကြားနိုင်ခွင့် အစရှိတဲ့ အထူးအခွင့်အရေးတွေကိုပါ ရရှိခဲ့ပါတယ်။

Georgia State University ၏ ထူးခြားချက်များနှင့် ရွေးချယ်တက်ရောက်မှုအများဆုံး ဘွဲ့ကြိုဘာသာရပ်များ –
#3 ranked in most innovative university in the U.S. 
#3 ranked institution in the U.S. for an unusually strong commitment to undergraduate teaching 
#3 ranked in fastest-growing research portfolio in the U.S. 
#6 ranked in the nation for best first-year experience 
#8 ranked as the most ethnically diverse university in the U.S. 
#9 ranked in the nation for advancing social mobility 
#1 ranked public university in the country for an unusually strong commitment to undergraduate teaching
#1 ranked public or nonprofit university in Georgia အစရှိတဲ့ မှတ်တမ်းကောင်းတွေအပြင် GSUမှာ သင်ကြားပေးပို့ချပေးလျက်ရှိတဲ့ ဘွဲ့ကြို ဘာသာရပ်ပေါင်း (၂၅ဝ)ကျော်အနက် Business, Management, Marketing, Social Sciences, Psychology, Computer and Information Sciencesနှင့် Biological and Biomedical Sciences ဘာသာရပ်တွေကို နိုင်ငံတကာကျောင်းသူ၊ကျောင်းသားအများဆုံး ရွေးချယ်တက်ရောက်လျက်ရှိပါတယ်။

Georgia State University (GSU)၏ အားသာချက်များ –
Atlanta ပြည်နယ်အတွင်း ဒုတိယအကြီးမားဆုံး ပြည်သူပိုင်တက္ကသိုလ်တစ်ခုဖြစ်သည့်အပြင် Researchအပိုင်းနှင့် နာမည်ကျော်ကြားခြင်း၊
အမေရိကန်ပြည်ထောင်စုရှိ စီးပွားရေးဆိုင်ရာ အချက်အချာအကျဆုံးနေရာတွင် GSU Main Campus တည်ရှိခြင်း၊
Campus ဝန်းကျင်တွင် နာမည်ကျော် Fortune 500 companiesများရှိသည့်အတွက် ကျောင်းတက်ရင်း internship programများမှ တဆင့် အလုပ်အတွေ့အကြုံများ ရယူနိုင်ခြင်း စသည့် အချက်များကြောင့် လူသိများထင်ရှားသည့် နာမည်ကျော်တက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါတယ်။

Global Assessment Certificate (ACT-GAC, Grade 12 Program) တက်ရောက်ပြင်ဆင်ခြင်းဖြင့် –

မြန်မာဆယ်တန်း စနစ်ဟောင်း (သို့မဟုတ်) iGCSE / Grade 11 ပြီးမြောက်ထားတဲ့  ကျောင်းသူ၊ကျောင်းသားများအနေဖြင့် GAC Grade 12 Program တက်ရောက်ထားပါက ကနေဒါ-ယူကေ-သြစတြေးလျ-စင်ကာပူနိုင်ငံရှိ တက္ကသိုလ်များတွင် Foundation ပြန်တက်ရန် မလိုအပ်ဘဲ တက္ကသိုလ်ပထမနှစ်မှ စတင်တက်ရောက်နိုင်ခြင်း၊

အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်ကြီးများတွင် ဘာသာရပ်ကင်းလွတ်ခွင့်နှင့်အတူ ပညာသင်ဆုများ လျှောက်ထားနိုင်သည့်အတွက် အချိန်နှင့်ငွေကြေးကုန်ကျမှု သက်သာစေနိုင်ခြင်း၊

Global Assessment Certificate (ACT-GAC, Grade 12 Program) ကို CROWN Education တွင် (၁)နှစ် တက်ရောက်ပြင်ဆင်ခြင်းဖြင့်  နိုင်ငံတကာရှိ  Rankingမြင့် တက္ကသိုလ်များတွင် အခက်အခဲမရှိ ဆက်လက်သင်ယူနိုင်ခြင်း၊

မြန်မာဆယ်တန်း(စနစ်ဟောင်း)နှင့် iGCSE resultများတွင် ရမှတ်လိုအပ်ချက်ရှိသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့်လည်း GAC Grade 12 Program တစ်နှစ်တက်ရောက် သင်ယူပြီး GPA ရမှတ်ကောင်းများရရှိအောင် ပြင်ဆင်ကာ နိုင်ငံတကာတွင် ပညာသင်ဆုများဖြင့် ဆက်လက်သင်ကြားနိုင်ခြင်း၊

ACT နှင့် IELTS ရမှတ်ကောင်းများရရှိအောင် သင်ကြားပေးနေပြီး  နိုင်ငံတကာ ဆယ့်နှစ်တန်းနှင့် ညီမျှသည့်အတွက် တက္ကသိုလ်ရွေးချယ်ရာတွင် အကန့်အသတ်မရှိဘဲ  စိတ်ကြိုက်လျှောက်ထားနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို  ရရှိနိုင်မှာဖြစ်ပါတယ်။

အခုလိုကာလမှာ သင်ကြားမှု၊  သင်ယူမှုတွေ ရပ်တန့်မနေစေဖို့  GAC-Grade 12 Program သင်ယူလိုတဲ့ ကျောင်းသားတွေအနေနဲ့ မြန်မာဆယ်တန်း(သို့) iGCSE စာမေးပွဲ အောင်စာရင်းများ၊ အမှတ်စာရင်းများ မရှိထားသော်လည်း ဝင်ခွင့်စာမေးပွဲကို ကြိုတင်လာရောက် ဖြေဆိုထားနိုင်ပါတယ်။

ကလေးရဲ့ ဝါသနာနဲ့ အားသာချက် / အားနည်းချက်ပေါ် မူတည်ပြီး ဆက်လက်တက်ရောက်ရမယ့် နိုင်ငံနဲ့ ဘာသာရပ်ကို မိဘများနဲ့အတူ အသေးစိတ် တိုင်ပင်ဆွေးနွေး ပေးသွားမှာဖြစ်ပါတယ်။

 နိုင်ငံတကာသို့ သွားရောက်သင်ကြားမည့် ကျောင်းသူ၊ ကျောင်းသားများ စနစ်တကျ ပြင်ဆင်စောင့်ဆိုင်းရင်း တိကျသေချာသော ပညာရေးလမ်းကြောင်း ရွေးချယ်ခြင်း၊  ဘာသာရပ်ရွေးချယ်ခြင်း၊ Scholarship အတွက် ပြင်ဆင်ခြင်းများ ပြုလုပ်ချင်တယ် ဆိုရင် GAC Grade 12 program မှာ တစ်နှစ်အတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချ ပြင်ဆင်နိုင်ပါပြီ။

2022 အတွက် အသစ်ဖွင့်လှစ်မည့် GAC Grade 12 programနှင့်ပတ်သက်၍ https://crown.edu.mm/gac/ လင့်ခ်တွင် အသေးစိတ်ဝင်ရောက်ဖတ်ရှုနိုင်သလို CROWN Education & Royal Academic Institute ရုံးဖုန်းနံပါတ်များဖြစ်သည့် 09 88-111-08-11, 09 88-111-01-22, 09 88-111-01-33, 09 88-111-01-44 သို့လည်း Monday – Saturday ရုံးချိန် (9am-4pm) အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Book Appointment >