ACT - GAC Program

Perfect Student Awardဆုရ ကျောင်းသူ မနေဝန်းလက်အနေနဲ့ CROWN Education ၏ Higher Secondary Schoolဖြစ်တဲ့ Royal Academic Instituteမှာ GAC Grade 12 program တက်ရောက်သင်ကြားခဲ့ပါတယ်။

ထို့နောက်တွင် ACT-GAC ရမှတ်များနှင့်အတူ အမေရိကန်ပြည်ထောင်စုရှိ Mount Holyoke College၏ Biochemistry ဘာသာရပ် လျှောက်ထားခဲ့ရာ Bachelor Degree ရရှိသည်အထိ 21st Century Scholarship (Merit) $40,000 + $15,000 Need-Based Scholarship ဖြင့် တစ်နှစ်လျှင် ပညာသင်ဆုပမာဏစုစုပေါင်း $ 55000 ရရှိခဲ့ပါတယ်။

အခုလို (၄) နှစ်ဆက်တိုက် Scholarship ချီးမြှင့်ခြင်း ခံရတဲ့ ကျောင်းသူ မနေဝန်းလက်အတွက် CROWN EDUCATION & ROYAL ACADEMIC INSTITUTE မိသားစုမှ အထူး ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။

GAC Grade 12 programမှ သူမရဲ့ အတွေ့အကြုံတွေကိုလည်း အောက်ပါအတိုင်း မျှဝေပြောကြားထားပါတယ်။

သမီးက March 2020 မှာ GAC Program ကနေ Graduated ဖြစ်ခဲ့ပါတယ်။ ငယ်ငယ်ကတည်းက Textbook Base Learning Style နဲ့ပဲ အသားကျနေတဲ့သူဆိုတော့ GAC Program မှာ မတူညီတဲ့ သင်ကြားမှုပုံစံအသစ်နဲ့ သင်ကြားရတာ သမီးအတွက်တော့ အများကြီးအထောက်အကူဖြစ်ပါတယ်။

သမီးအနေနဲ့ GAC Program မှာသင်ကြားပေးတဲ့ Modules တစ်ခုကို မယူခဲ့မိရင် အဲ့ဒီ Modules ကပေးတဲ့ အချက်အလက်တွေကို မရလိုက်မှာ၊ လစ်လပ်ခဲ့မှာ စိတ်ပူတာကတစ်ကြောင်း ဘာသာရပ်အားလုံးကို လေ့လာကြည့်ချင်၊ စူးစမ်းချင်တာကြောင့် Modules အားလုံး ယူဖြစ်ခဲ့ပါတယ်။

သမီး GAC တက်ခဲ့တဲ့ အတောအတွင်း အခက်အခဲရှိတဲ့အချိန်တွေမှာဆိုရင် ဆရာ၊ဆရာမတွေနဲ့ ကျောင်းကနေလည်း ပံ့ပိုးမှုတွေအများကြီးရခဲ့ပါတယ်။ နောက်ပြီး သမီးသိချင်တာတွေရှိတိုင်း အမြဲရှိနေပြီး ချက်ခြင်းဆက်သွယ်လို့ရတဲ့အတွက် အများကြီးအထောက်အကူဖြစ်ပါတယ်။ အဲ့ဒါကြောင့် သမီးအနေနဲ့ ဆရာ၊ဆရာမတွေအပြင် ကျောင်းက အကို၊အမတွေ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ GAC မှာ လေ့ကျင့်သင်ကြားပေးခဲ့တဲ့ ရလဒ်တွေကြောင့် အခုလို (၄) နှစ်ဆက်တိုက် scholarship ရရှိခဲ့တာအတွက်လည်း ကျေနပ်ဂုဏ်ယူမိပါတယ်။

Mount Holyoke College (MHC) ၏ ထူးခြားချက်များ-

#34 in National Liberal Arts Colleges (Best Colleges US News, 2021)

#30 in Best Undergraduate Teaching (Best Colleges US News, 2021)

#57 in Best Value Schools (Best Colleges US News, 2021)အစရှိတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားသလို၊

-နာမည်ကျော် Seven Sister collegesများအနက် ပထမဆုံး စတင်တည်ထောင်ခဲ့သည့် ကျောင်းဖြစ်ခြင်း၊

-2020ခုနှစ် MHC၏မှတ်တမ်းများအရ GPA 3.8နှင့်အထက်ရရှိသည့် နိုင်ငံတကာကျောင်းသူများ အနက်မှ 38.2%ကိုသာ ကျောင်းဝင်ခွင့်လက်ခံပေးခြင်း၊

-ဆေးပညာရပ်ဆိုင်ရာ Pulitzer Prize–winningဆုရ အမျိုးသမီးခေါင်းဆောင်များကို မွေးထုတ်ပေးထားနိုင်ခြင်း၊

-နိုင်ငံတကာမှ ကျောင်းသူများအားထားရာ research liberal arts college တစ်ခုဖြစ်ခြင်း စတဲ့ စတဲ့အချက်တွေကြောင့် လူသိများထင်ရှားတဲ့ ကျောင်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါတယ်။

Global Assessment Certificate (ACT-GAC, Grade 12 Program) တက်ရောက်ပြင်ဆင်ခြင်းဖြင့် –

မြန်မာဆယ်တန်း စနစ်ဟောင်း (သို့မဟုတ်) iGCSE / Grade 11 ပြီးမြောက်ထားတဲ့ ကျောင်းသူ၊ကျောင်းသားများအနေဖြင့် GAC Grade 12 Program တက်ရောက်ထားပါက ကနေဒါ-ယူကေ-သြစတြေးလျ-စင်ကာပူနိုင်ငံရှိ တက္ကသိုလ်များတွင် Foundation ပြန်တက်ရန် မလိုအပ်ဘဲ တက္ကသိုလ်ပထမနှစ်မှ စတင်တက်ရောက်နိုင်ခြင်း၊

အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်ကြီးများတွင် ဘာသာရပ်ကင်းလွတ်ခွင့်နှင့်အတူ ပညာသင်ဆုများ လျှောက်ထားနိုင်သည့်အတွက် အချိန်နှင့်ငွေကြေးကုန်ကျမှု သက်သာစေနိုင်ခြင်း၊

Global Assessment Certificate (ACT-GAC, Grade 12 Program) ကို CROWN Education တွင် (၁)နှစ် တက်ရောက်ပြင်ဆင်ခြင်းဖြင့် နိုင်ငံတကာရှိ Rankingမြင့် တက္ကသိုလ်များတွင် အခက်အခဲမရှိ ဆက်လက်သင်ယူနိုင်ခြင်း၊

မြန်မာဆယ်တန်း(စနစ်ဟောင်း)နှင့် iGCSE resultများတွင် ရမှတ်လိုအပ်ချက်ရှိသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့်လည်း GAC Grade 12 Program တစ်နှစ်တက်ရောက် သင်ယူပြီး GPA ရမှတ်ကောင်းများရရှိအောင် ပြင်ဆင်ကာ နိုင်ငံတကာတွင် ပညာသင်ဆုများဖြင့် ဆက်လက်သင်ကြားနိုင်ခြင်း၊

ACT နှင့် IELTS ရမှတ်ကောင်းများရရှိအောင် သင်ကြားပေးနေပြီး နိုင်ငံတကာ ဆယ့်နှစ်တန်းနှင့် ညီမျှသည့်အတွက် တက္ကသိုလ်ရွေးချယ်ရာတွင် အကန့်အသတ်မရှိဘဲ စိတ်ကြိုက်လျှောက်ထားနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မှာဖြစ်ပါတယ်။

အခုလိုကာလမှာ သင်ကြားမှု၊ သင်ယူမှုတွေ ရပ်တန့်မနေစေဖို့ GAC-Grade 12 Program သင်ယူလိုတဲ့ ကျောင်းသားတွေအနေနဲ့ မြန်မာဆယ်တန်း(သို့) iGCSE စာမေးပွဲ အောင်စာရင်းများ၊ အမှတ်စာရင်းများ မရှိထားသော်လည်း ဝင်ခွင့်စာမေးပွဲကို ကြိုတင်လာရောက် ဖြေဆိုထားနိုင်ပါတယ်။

ကလေးရဲ့ ဝါသနာနဲ့ အားသာချက် / အားနည်းချက်ပေါ် မူတည်ပြီး ဆက်လက်တက်ရောက်ရမယ့် နိုင်ငံနဲ့ ဘာသာရပ်ကို မိဘများနဲ့အတူ အသေးစိတ် တိုင်ပင်ဆွေးနွေး ပေးသွားမှာဖြစ်ပါတယ်။

နိုင်ငံတကာသို့ သွားရောက်သင်ကြားမည့် ကျောင်းသူ၊ ကျောင်းသားများ စနစ်တကျ ပြင်ဆင်စောင့်ဆိုင်းရင်း တိကျသေချာသော ပညာရေးလမ်းကြောင်း ရွေးချယ်ခြင်း၊ ဘာသာရပ်ရွေးချယ်ခြင်း၊ Scholarship အတွက် ပြင်ဆင်ခြင်းများ ပြုလုပ်ချင်တယ် ဆိုရင် GAC Grade 12 program မှာ တစ်နှစ်အတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချ ပြင်ဆင်နိုင်ပါပြီ။

2022 အတွက် အသစ်ဖွင့်လှစ်မည့် GAC Grade 12 programနှင့်ပတ်သက်၍ https://crown.edu.mm/gac/ လင့်ခ်တွင် အသေးစိတ်ဝင်ရောက်ဖတ်ရှုနိုင်သလို CROWN Education & Royal Academic Institute ရုံးဖုန်းနံပါတ်များဖြစ်သည့် 09 88-111-08-11, 09 88-111-01-22, 09 88-111-01-33, 09 88-111-01-44 သို့လည်း Monday – Saturday ရုံးချိန် (9am-4pm) အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Book Appointment >