Scholarships

ဘယ်အချိန်ကတည်းက နိုင်ငံခြားမှာ ကျောင်းတက်ဖို့ ဆုံးဖြတ်ခဲ့လဲ။ ဘယ်လိုပြင်ဆင်မှုတွေလုပ်ခဲ့လဲ…

နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ဆုံးဖြတ်ခဲ့တာကတော့ Myanmar High School ပြီးကတည်းကပါ။ ပြင်ဆင်မှုတွေအနေနဲ့ IELTS Classတွေတက်ခဲ့ပါတယ်။ ပြီးတော့ ကိုယ်သွားတက်မယ့် နိုင်ငံက ထိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့  ထိုင်းဘာသာစကားကိုလည်းလေ့လာခဲ့ပါတယ်။

ရွေးချယ်စရာနိုင်ငံနဲ့ တက္ကသိုလ်တွေအများကြီးထဲကမှ ထိုင်းနိုင်ငံက UTCCမှာ သင်ယူဖို့ ဘာကြောင့်ရွေးချယ်ခဲ့တာလဲ… 

ညီမအနေနဲ့ UTCCက Business Programတွေကို အရမ်းသဘောကျတယ်၊ နောက်ပြီးတော့ ထိုင်းနိုင်ငံလို ကိုယ့်အိမ်နဲ့မဝေးနဲ့ နေရာမှာ Global Education Systemကို ရနိုင်တဲ့အချက်ကြောင့်ရွေးချယ်ခဲ့တာပါ။

UTCCတက္ကသိုလ်၊ ထိုင်းနိုင်ငံနဲ့ပတ်သက်ပြီး သဘောအကျဆုံးအချက်က…

ထိုင်းနိုင်ငံမှာက ကုန်ကျစရိတ်အရမ်းသက်သာတယ်။ ပြီးတော့ မြန်မာနိုင်ငံနဲ့အိမ်နီးချင်းနိုင်ငံလည်းဖြစ် ယဉ်ကျေးမှုနဲ့ lifestyleလဲ တော်တော်များများတူတဲ့အတွက်ကြောင့်ပါ။ UTCCနဲ့ ပတ်သက်ပြီး သဘောအကျဆုံးကတော့ Two Degree Programsရှိလို့ပါ။

UTCC Two Degrees, One Programကိုသင်ယူဖို့ ဘာကြောင့်ရွေးချယ်ခဲ့တာလဲ… သဘောအကျဆုံးmodulesကိုပြောပြပါဆိုရင်…

UTCC+UON two degree programsကို ဘာကြောင့်ရွေးချယ်ခဲ့လဲဆိုတော့ ၄နှစ်နဲ့ UTCC Thailandကရော University of Newcastle UONက ပေးတဲ့ ဒီဂရီ (၂)ခုလုံးကိုရနိုင်တဲ့အတွက်ကြောင့်ပါ။ ပြီးတော့ Scholarship Opportunitiesတွေလည်းရှိလို့ပါ။

နိုင်ငံခြားမှာကျောင်းသွားတက်တာ(ပညာရေး)နဲ့ ပတ်သက်ပြီး မိဘ၊ဆွေမျိုးတွေဆီက ဘယ်လိုအကြံဉာဏ်တွေယူခဲ့လဲ…

မိဘတွေဆီက နိုင်ငံခြားမှာကျောင်းသွားတက်တာနဲ့ ပတ်သက်ပြီး အကြံဉာဏ်တွေပေးပါတယ်။ Supportingလဲ သေချာလေးလုပ်ပေးပါတယ်။

UTCCရဲ့ Gold Scholarshipရအောင် ဘယ်လိုပြင်ဆင်မှုအပိုင်းတွေလုပ်ခဲ့ရလဲ…

UTCC Scholarshipကို လျှောက်မယ်လို့ဆုံးဖြတ်တည်းက ပြင်ဆင်မှုတွေလုပ်ခဲ့ပါတယ်။ Portfolio ပြင်ဆင်တာတွေ၊ personal statementအတွက်ရယ်၊ interviewအတွက်ရယ်ကို သေချာလေး Prepareလုပ်ခဲ့ရပါတယ်။

ကျောင်းသွားမတက်ခင် ဘယ်လိုပြင်ဆင်မှုတွေလုပ်ထားလဲ

ပြင်ဆင်မှုအပိုင်းအနေနဲ့ ဟိုဘက်ကျောင်းသွားတက်တဲ့အခါ ဒေသခံတွေနဲ့ ပြောဆိုဆက်သွယ်ရတာ အဆင်ပြေအောင် ထိုင်းစာကိုလေ့လာနေပါတယ်။ UTCCရဲ့ Campus Locationတွေ၊ Campus Tourတွေကိုလည်း သေချာကြည့်ထားပါတယ်။ တခြားအရာတွေနဲ့ပတ်သက်ပြီးတော့ ထွေထွေထူးထူးပြင်ဆင်ရတာမျိုးတွေမရှိခဲ့ပါဘူး။

On Campusစတက်ရတာနဲ့ အရင်ဆုံးလုပ်ချင်တဲ့ Social Life or Communityက….

On Campusစတက်ရတာနဲ့ အရင်ဆုံးကျောင်းမှာရှိတဲ့ Student Clubတွေ joinချင်ပါတယ်။ School Excursionတွေလည်း သွားချင်ပါတယ်။

ကျောင်းဘက်ကနေ industrial placement/ internshipစီစဉ်ပေးတာတွေရှိလား…

UTCCက internshipတွေ၊ provideလုပ်ပေးပါတယ်။ Student Exchange Programsတွေလည်း ရှိလို့ အရမ်းသဘောကျပါတယ်။ အဲ့တာကလည်း UTCCကို ရွေးချယ်ခဲ့တဲ့ အကြောင်းအရင်းတွေထဲကတစ်ခုပါ။

မြန်မာကျောင်းသူ/သားတစ်ယောက်အနေနဲ့ ကျောင်းရဲ့ ဘယ်လိုactivityတွေမှာ ဝင်ပြီးလုပ်ဖြစ်မလဲ…

UTCCကျောင်းသူတစ်ယောက်အနေနဲ့ ကျောင်းရဲ့ activitiesတွေမှာ တတ်နိုင်သလောက်များများပါဝင်မယ်လို့ စိတ်ကူးထားပါတယ်။

ကျောင်းပြီးသွားတဲ့အခါ ကိုယ့်အနေနဲ့ ဘယ်အရာတွေမှာ သိသိသာသာတိုးတက်ပြောင်းလဲလာမယ်လို့ ယုံကြည်ထားလဲ….

ကျောင်းပြီးသွားတဲ့အခါ အရင်ကထက်ပိုပြီး လူတွေနဲ့ အဆင်ပြေပြေပေါင်းသင်းဆက်ဆံတတ်တာ၊ ကိုယ့်ကိုယ်ကိုယ်ပိုပြီး ယုံကြည်ချက်ရှိတာတွေနဲ့အတူ ပိုပြီးရင့်ကျက်လာမယ်လို့ ယုံကြည်ပါတယ်။ ကိုယ့်ဘာသာလည်း ပိုပြီးရပ်တည်လာနိုင်မယ်လို့ထင်ပါတယ်။

နိုင်ငံခြားမှာ ကျောင်းလာတက်ချင်တဲ့ သူငယ်ချင်းတွေ၊ ဂျူနီယာတွေကိုUTCCတက္ကသိုလ်က ကျောင်းသားတစ်ယောက်အနေနဲ့ ဘယ်လိုအကြံပေးချင်လဲ…

အဓိကကတော့ Englishစာပါ (IELTS, TOEFLတို့) နောက်ပြီးတော့ ကိုယ်တက်မယ့်နိုင်ငံရယ်၊ တက္ကသိုလ်ရယ်၊ မေဂျာအထူးပြု အဲ့(၃)ခုကို သေချာလေး အချိန်ယူပြီးရွေးပါလို့ အကြံပေးချင်ပါတယ်ရှင်။

Book Appointment >