Scholarships & News

.
အမေရိကန် ဖလော်ရီဒါပြည်နယ်အတွင်းရှိ စတုတ္ထအကြီးဆုံး ပြည်သူပိုင်တက္ကသိုလ်ဖြစ်သည့် University of South Florida (USF) သည် အမေရိကန်ရှိ ကျောင်းလခအသက်သာဆုံး တက္ကသိုလ်များတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး နိုင်ငံတကာမှ ကျောင်းသူ၊ကျောင်းသားများအတွက် အရည်အချင်းအလိုက် နှစ်စဉ်ပညာသင်ဆုများကိုလည်း ပေးအပ်ချီးမြှင့်လျက်ရှိပါသည်။
.
Engineering, Business, Computer Science, Liberal Arts အစရှိသည့် ဘာသာရပ်များအပြင် စုစုပေါင်း ဘာသာရပ်(၁၈၀) ကျော်ကို USFမှာ သင်ကြားပို့ချပေးလျက်ရှိပြီး USFတွင် သွားရောက်သင်ကြားလိုပြီး ပညာသင်ဆုလျှောက်ထားလိုသူများအတွက် –
.
Scholarship Name: USF Green & Gold Presidential Award, 
Benefits: $48,000 (up to $ 12,000 per year)
.
Scholarship Name: USF Green & Gold Directors Award
Benefits: $36,000 (up to $ 9,000 per year)
.
Scholarship Name: USF Green & Gold Scholar Award
Benefits: $24,000 (up to $ 6,000 per year)
.
Scholarship Name: USF International Student Scholarship
Benefits: $4,000 (up to $ 1,000 per year)
.
Detail
For September 2021 Intake
The Scholarship is only for Bachelor Program
.
အကြောင်းကြောင်းကြောင့် University of South Floridaမှ သတ်မှတ်ထားသည့် ၀င်ခွင့်လိုအပ်ချက်များမပြည့်မီခဲ့ပါက INTO USF International Year Oneကို လျှောက်ထားနိုင်မည်ဖြစ်ပါသည်။
.
INTO USF International Year Oneလျှောက်ထားမည့် ကျောင်းသူ၊ကျောင်းသားများအနေဖြင့် INTO USF Regional Scholarshipလျှောက်ထားနိုင်မည်ဖြစ်ပြီး Semester ၁ခုစာလျှင် $ 500 မှ အများဆုံး $ 5,000 အထိပေးအပ်သွားမည်ဖြစ်ပါသည်။ 
.
ထူးချွန်ကျောင်းသူ၊ကျောင်းသားများအနေဖြင့် INTO USF Regional Scholarshipကို Semester ၂ခုစာ ရရှိနိုင်ပြီး Semester ၂ခုစာအတွက် $ 500မှ အများဆုံး $ 10,000 အထိရရှိနိုင်ပါသည်။
.
Pre-Master programများမှတဆင့် USFတွင် Master Degree Programလျှောက်ထားမည့် ကျောင်းသူ၊ကျောင်းသားများအတွက် Graduate Pathway Scholarshipကို Semester ၁ခုစာလျှင် $ 500 မှ အများဆုံး $ 4,000 အထိပေးအပ်သွားမည်ဖြစ်ပါသည်။ 
.
ထူးချွန်ကျောင်းသူ၊ကျောင်းသားများအနေဖြင့် Graduate Pathway Scholarshipကို Semester ၂ခုစာ ရရှိနိုင်ပြီး Semester ၂ခုစာအတွက် $ 500မှ အများဆုံး $ 8,000 အထိရရှိနိုင်ပါသည်။
.
အဆိုပါ USF scholarshipsများကို လျှောက်ထားလိုသူများအနေဖြင့် –
1.ပညာရေးစာရွက်စာတမ်းများ(မြန်မာဆယ်တန်းအောင်လက်မှတ်+အမှတ်စာရင်း သို့မဟုတ် IGCSE transcripts),  ဘွဲ့လက်မှတ်+အမှတ်စာရင်း (Graduate Programများအတွက်)
2.အနည်းဆုံး၆လသက်တမ်းကျန်ရှိသည့် Passport Copy၊ 
3.IELTS or TOEFL scores
4.မိဘ Bank Statement တို့ဖြင့် ယခု ဇူလိုင်လ (၃၀)ရက်နေ့ မတိုင်ခင် https://crown.edu.mm/apply မှ တဆင့် ပေးပို့လျှောက်ထားနိုင်ပါသည်။

Book Appointment >