▣ UK Pathway Programs ဆိုတာကတော့ တနည်းအားဖြင့် “Preparatory Programs” ဟု လူသိများကြပြီး UK နိုင်ငံမှာ ပညာသင်ယူကြမယ့် နိုင်ငံတကာ ကျောင်းသူ ကျောင်းသားများအတွက် ရည်ရွယ်ထားတဲ့ Foundation Program များဖြစ်ကြပါတယ်။ အထူးသဖြင့် သက်ဆိုင်ရာ ဘွဲ့ဒီဂရီ (Bachelor/ Master) အတန်းများအတွက် ကျောင်းဝင်ခွင့် လျှောက်ထားတဲ့အခါ (Academic/ English Language Proficiency Level) သတ်မှတ်ချက်များကို မပြည့်မှီထားသည် ဖြစ်စေ၊ နိုင်ငံတကာ ပညာရေးသို့ ကူးပြောင်းတဲ့အခါ ပညာရေးစနစ်နဲ့ အသားမကျသေးတဲ့ ကျောင်းသူ ကျောင်းသားများ စနစ်တကျ ပြင်ဆင်နိုင်တဲ့ ပရိုဂရမ် တစ်ခုလည်း ဖြစ်ပါတယ်။
.
▣ အဆိုပါ Pathway Programs များကို တက္ကသိုလ်အဖွဲ့အစည်းကြီးများက ကိုင်တွယ်စီမံအုပ်ချုပ်ပြီး အဖွဲ့အစည်းတစ်ခုချင်းစီအောက်တွင် တက္ကသိုလ်များဖြင့် ပြန်လည်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ကျောင်းသူ ကျောင်းသားများအနေဖြင့် အဆိုပါ အဖွဲ့အစည်းများအောက်ရှိ ကျောင်းများတွင် မိမိစိတ်ဝင်စားသင်ယူချင်တဲ့ ဘာသာရပ်တော်တော်များများကို ရွေးချယ်နိုင်သလို လိုအပ်တဲ့ Foundation Program များအတွက် စာသင်နှစ် (၁) နှစ် တက်ရောက်ပြင်ဆင်ရပါတယ်။ (သက်ဆိုင်ရာ Bachelor (သို့) Master Program အပေါ်မူတည်ပြီး Foundation, International Year One, Graduate Diploma, Pre-masters, နဲ့ English Language Courses များစသဖြင့် ရှိတတ်ကြပါတယ်။ များသောအားဖြင့် စာသင်နှစ် (၁) နှစ်အောင်မြင်ပြီးဆုံးပါက အဆိုပါ တက္ကသိုလ်ကျောင်းများရဲ့ ပထမနှစ်/ဒုတိယနှစ်သို့ ဆက်လက်တက်ရောက်နိုင်ကြပါတယ်။)
.
UK Pathway Programs တွေကို ဘယ်လို အဖွဲ့အစည်းတွေက သင်ကြားပေးတာလဲ။
▣ UK Pathway Programs များကို တက္ကသိုလ်အဖွဲ့အစည်းကြီး (၅) ခု အောက်တွင်ရှိတဲ့ တက္ကသိုလ်ကျောင်းများတွင် တက်ရောက်နိုင်ပြီး ထိုအဖွဲ့အစည်းများကတော့ Kaplan International Pathway,INTO, Study Group, Navitas UK, နဲ့ OnCampus London တို့ပါဝင်ပါတယ်။ အဆိုပါ အဖွဲအစည်းအောက်တွင်ရှိတဲ့ တက္ကသိုလ်ကျောင်းများတွင် တစ်ခုမကသော ဘာသာရပ်မေဂျာများကို ရွေးချယ်သင်ကြားနိုင်ပါတယ်။
.
UK Pathway Programs အားသာချက်တွေက ဘာတွေလဲ။
.
UK Pathway Programs တွေရဲ့ အားသာချက်ကတော့_
UK ပညာရေးစနစ်၊ ယဉ်ကျေးမှုကို ထိတွေ့ရင်းနှီးခွင့်ရရှိစေခြင်း။
တက္ကသိုလ်မတက်ရောက်မှီ High School နဲ့ University ကြားရှိသင့်တဲ့ Academic၊ Knowledge၊ Skills ပိုင်း ဆိုင်ရာများကို လေ့လာပြင်ဆင်ခွင့်ရရှိခြင်း။ (အထူးသဖြင့် Academic Writing Skills, Research Skills, Presentation Skills, Analytical & Critical Thinking Skills များပါဝင်ခြင်း)
နိုင်ငံအရပ်ရပ် မှ လာရောက်သင်ကြားကြသော ကျောင်းသူ ကျောင်းသားများနှင့်အတူ သင်ကြားရခြင်းကြောင့် နိုင်ငံအလိုက် ပညာရေးစနစ်အပါဝင် လူမှုဆက်ဆံရေး မတူကွဲပြားခြင်းနားမှု အတွေ့အကြုံအသစ်များကို စတင် ကိုင်တွယ်လာနိုင်ခြင်း စတဲ့အကျိုးကျေးဇူးများရရှိစေပါတယ်။
.
▣ UK Pathway Program များကို လျှောက်ထားလိုသော ကျောင်းသူ ကျောင်းသားများအနေဖြင့် အောက်ဖော်ပြပါ တက္ကသိုလ်ကျောင်းများကို CROWN Education မှတဆင့် ကူညီ လျှောက်ထားပေးလျက်ရှိပါတယ်။
.
Kaplan International Pathway
Bournemouth University
City, University of London
Cranfield University
Nottingham Trent University
Queen Mary University of London
TEDI-London
University of Birmingham
University of Brighton
University of Bristol
University of Essex
University of Glasgow
University of Liverpool
University of Nottingham
University of Westminster
University of York
UWE Bristol
==================
INTO
University of Exeter
Queen’s University Belfast
Newcastle University
University of East Anglia
City, University of London
University of Stirling
INTO Newton A Level
INTO London
INTO Manchester
INTO Manchester in partnership with The University of Manchester
INTO Manchester in partnership with Manchester Metropolitan University
====================
Study Group
Cardiff University
Durham University
Kingston University London
Lancaster University
University of Leeds
Leeds Beckett University
Liverpool, John Moores University
Royal Holloway, University of London
Teesside University
University of Aberdeen
University of Huddersfield
University of Huddersfield, London
The University of Sheffield
University of Strathclyde
University of Surrey
University of Sussex
========================
Navitas UK
Anglia Ruskin University
Birmingham City University
Brunel University London
University of Hertfordshire
University of Portsmouth
Robert Gordon University
Keele University
Swansea University
University of Northampton
University of Leicester
University of Plymouth
================================
OnCampus London
University of Central Lancashire (UCLan)
University of Southampton
Aston University Birmingham UK
University of Hull
London South Bank University
University of Reading
Henley Business School
University of Sunderland
.
▣ နိုင်ငံတကာတွင် ကျောင်းတက်ရောက်လိုသော ကျောင်းသူကျောင်းသားများနှင့် ဘဏ္ဍာရေးပိုင်းဆိုင်ရာကိစ္စများတိကျစွာ သိရှိလိုသော မိဘများအတွက် ပိုမိုကောင်းမွန်သောအကြံပေးမှုများကို crown.edu.mm/appointment မှတဆင့် Free Consulting (သို့) Premium Consulting Service ရွေးချယ်ပြီး ပညာရေးဆွေးနွေးမှုများ ရယူနိုင်ပါတယ်။