News

(၁) Times Higher Education (THE) World University Rankings
.
Global Ranking သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ ကမ္ဘာ့တဝှမ်းရှိ တက္ကသိုလ်ပေါင်း (၁,၅၀၀) ကျော် တို့အပေါ် အခြေခံပြီး အဆိုပါ တက္ကသိုလ်တို့ရဲ့ စာသင်ကြားပို့ချမှု၊ research publications သက်ရောက်မှုတွေနှင့် သူတို့နဲ့ချိတ်ဆက်ထားတဲ့ Private companies တွေရဲ့ projects လုပ်ငန်းများမှ ရရှိတဲ့ ဝင်ငွေ အကျိုးသက်ရောက်မှုတွေကို အကဲဖြတ်စစ်ဆေးတာ ဖြစ်ပါတယ်။

(၂) QS World University Rankings

နောက်တစ်ခု လူသိများပြီး ယုံကြည်စိတ်ချရတဲ့ Global Ranking အဖွဲ့အစည်းကတော့ QS World University Rankings ဖြစ်ပါတယ်။ ကမ္ဘာ့တက္ကသိုလ်တွေကြားမှာ အလွှမ်းမိုးနိုင်ဆုံး Rankings သတ်မှတ်ပေးတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ QS Ranking သတ်မှတ်ပုံကတော့ စာသင်ကြားပို့ချမှုအပိုင်း၊ ကျောင်းသူ ကျောင်းသားတွေအပြင် လုပ်ငန်းရှင်တို့ရဲ့ တုံ့ပြန်မှု သဘောတရားများကိုအခြေခံအကဲဖြတ်တာ ဖြစ်ပါတယ်။ QS Intelligence Unit နည်းစနစ်အပေါ်အခြေခံပြီး Academic reputation၊ Employers reputation၊ နဲ့ Faculty အလိုက် အကျိုးသက်ရောက်မှု စတဲ့ အချက်များကိုပါဝင်ပါတယ်။ University Rankings အပြင် ဘာသာရပ်တစ်ခုချင်းစီအလိုက် ထုတ်ပြန်တဲ့ဖော်ပြချက်တွေကိုလည်း တွေ့နိုင်ပါတယ်။

(၃) Complete University Guide
.
ကျောင်းသူ ကျောင်းသားအများအစုနဲ့ ရင်းနှီးပြီးသား Ranking သတ်မှတ်ပေးတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။ Complete University Guide (သို့မဟုတ်) the UK’s Complete Guide ခေါ်ဆိုနိုင်ပါတယ်။ UK အစိုးအဖွဲ့အစည်းနဲ့အတူ Higher Education Statistics Agency၊ National Student Survey တို့ပူပေါင်းပါဝင်ပြီး ကျောင်းသူကျောင်းသားများ၊ တက္ကသိုလ်မှ အကြီးအကဲများ တွေရဲ့ အခြေအနေသဘောတရားများကို အကဲဖြတ်မှုများ ပါဝင်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာ ကျောင်းသူ ကျောင်းသားများအတွက် တက္ကသိုလ်မှဝင်ခွင့်သတ်မှတ်ချက်များ၊ ဘွဲ့ရရှိပြီး ကျောင်းသူ ကျောင်းများရဲ့ အနာဂတ်အလားအလာ စတဲ့အချက်များကို ပါဝင်အကဲဖြတ်မှုများပါဝင်ပါတယ်။

(၄)The U.S. News & World Report Best Colleges Rankings
.
အမေရိကန်နိုင်ငံရဲ့ နာမည်ကြီးထင်ရှားတဲ့ Media Company ကတော့ နှစ်စဉ် နှစ်တိုင်း Ranking ထုတ်ပြန်ပေးတဲ့ အဖွဲ့အစည်းပဲဖြစ်ပါတယ်။ Academic reputation, graduation, faculty resources, student selectivity, retention rates နဲ့ နယ်ပယ်အသီးသီးမှာ အောင်မြင်တဲ့ alumni များမွေးထုတ်ပေးနိုင်မှုအပေါ် အခြေခံအကဲဖြတ်မှုများ ပါဝင်ပါတယ်။ U.S News & Report မှ ဘာသာရပ်အလိုက် ဖြစ်စေ၊ နေရာဒေသအလိုက် ထုတ်ပြန်တဲ့ Ranking များလည်း ရှိပါတယ်။
.
The U.S. News & World Report Best Colleges Rankings ကတော့တက္ကသိုလ်ကျောင်းတစ်ခုချင်းစီရဲ့ အသေးစိတ်အကဲဖြတ်မှုများအတွက် နာမည်ကျော်ကြားတာကြောင့် အမေရိကန်ပြည်ထောင်စုတွင် သွားရောက်သင်ကြားမယ့် ကျောင်းသူ ကျောင်းသားများအနေနဲ့ ကျောင်းရွေးချယ်ရာတွင် နေရာဒေသ ရွေးချယ်ရာတွင် ဖြစ်စေ၊ ဘာသာရပ်ရွေးချယ်ရာတွင် ဖြစ်စေ အများဆုံးအသုံးပြုကြလေ့ရှိကြပါတယ်။

▣ တဖက်တွင်လည်း ကျောင်းသူ ကျောင်းသားများအနေနဲ့ တက္ကသိုလ်ကျောင်းတစ်ခုရဲ့ Ranking တစ်ခုတည်းကို ကြည့်ပြီးဆုံးဖြတ်မသင့်ဘဲ မိမိရဲ့ နောက်ခံပညာရေးနဲ့ ကိုက်ညီမယ့် ပညာရေးစနစ်ဖြစ်ဖို့လိုအပ်သလို သွားရောက်သင်ယူမည့် နိုင်ငံရဲ့ ယဉ်ကျေးမှု၊ Campus Culture၊ တက္ကသိုလ်အနေအထားနဲ့ ကျောင်းသားတစ်ဦး တစ်ယောက်ချင်းစီရဲ့ ပံ့ပိုးပေးနိုင်မှု အခြေအနေများ၊ နေရာဒေသ နှင့် ကျောင်းလခ နှင့် နေထိုင်ကုန်ကျစရိတ် စသည့်အချက်များကို လည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်လှပါတယ်။
.
▣ နိုင်ငံတကာတွင် ပညာသင်ယူဖို့ရည်ရွယ်ထားတဲ့ ကျောင်းသူ ကျောင်းသားများအတွက် လူသိများကြတဲ့ နိုင်ငံတကာ တက္ကသိုလ် Ranking သတ်မှတ်ပေးသည့် အဖွဲ့အစည်း (၄)ခုကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။
.
▣ CROWN Education အနေဖြင့် ကျောင်းသူ ကျောင်းသားများနှင့် မိဘများအတွက် လိုအပ်တဲ့ ပညာရေးဆိုင်ရာ လမ်းညွှန်မှုများ၊ ဘာသာရပ်ရွေးချယ်ခြင်း၊ နိုင်ငံ တက္ကသိုလ်ရွေးချယ်ခြင်းများ စတဲ့ ပညာရေးဆိုင်ရာ ဆွေးနွေးမှုအတွက် b.link/CrownMeet မှတဆင့် Appointment ရယူခြင်းဖြင့် ကျွမ်းကျင်သော ပညာရေးအတိုင်ပင်ခံများမှ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။

Book Appointment >