News

▣ UK Pathway Programs ဆိုတာကတော့ တနည်းအားဖြင့် “Preparatory Programs” ဟု လူသိများကြပြီး UK နိုင်ငံမှာ ပညာသင်ယူကြမယ့် နိုင်ငံတကာ ကျောင်းသူ ကျောင်းသားများအတွက် ရည်ရွယ်ထားတဲ့ Foundation Program များဖြစ်ကြပါတယ်။ အထူးသဖြင့် သက်ဆိုင်ရာ ဘွဲ့ဒီဂရီ (Bachelor/ Master) အတန်းများအတွက် ကျောင်းဝင်ခွင့် လျှောက်ထားတဲ့အခါ (Academic/ English Language Proficiency Level) သတ်မှတ်ချက်များကို မပြည့်မှီထားသည် ဖြစ်စေ၊ နိုင်ငံတကာ ပညာရေးသို့ ကူးပြောင်းတဲ့အခါ ပညာရေးစနစ်နဲ့ အသားမကျသေးတဲ့ ကျောင်းသူ ကျောင်းသားများ စနစ်တကျ ပြင်ဆင်နိုင်တဲ့ ပရိုဂရမ် တစ်ခုလည်း ဖြစ်ပါတယ်။
.
▣ အဆိုပါ Pathway Programs များကို တက္ကသိုလ်အဖွဲ့အစည်းကြီးများက ကိုင်တွယ်စီမံအုပ်ချုပ်ပြီး အဖွဲ့အစည်းတစ်ခုချင်းစီအောက်တွင် တက္ကသိုလ်များဖြင့် ပြန်လည်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ‌ကျောင်းသူ ကျောင်းသားများအနေဖြင့် အဆိုပါ အဖွဲ့အစည်းများအောက်ရှိ ကျောင်းများတွင် မိမိစိတ်ဝင်စားသင်ယူချင်တဲ့ ဘာသာရပ်တော်တော်များများကို ရွေးချယ်နိုင်သလို လိုအပ်တဲ့ Foundation Program များအတွက် စာသင်နှစ် (၁) နှစ် တက်ရောက်ပြင်ဆင်ရပါတယ်။ (သက်ဆိုင်ရာ Bachelor (သို့) Master Program အပေါ်မူတည်ပြီး Foundation, International Year One, Graduate Diploma, Pre-masters, နဲ့ English Language Courses များစသဖြင့် ရှိတတ်ကြပါတယ်။ များသောအားဖြင့် စာသင်နှစ် (၁) နှစ်အောင်မြင်ပြီးဆုံးပါက အဆိုပါ တက္ကသိုလ်ကျောင်းများရဲ့ ပထမနှစ်/ဒုတိယနှစ်သို့ ဆက်လက်တက်ရောက်နိုင်ကြပါတယ်။)
.
🇬🇧UK Pathway Programs တွေကို ဘယ်လို အဖွဲ့အစည်းတွေက သင်ကြားပေးတာလဲ။
▣ UK Pathway Programs များကို တက္ကသိုလ်အဖွဲ့အစည်းကြီး (၅) ခု အောက်တွင်ရှိတဲ့ တက္ကသိုလ်ကျောင်းများတွင် တက်ရောက်နိုင်ပြီး ထိုအဖွဲ့အစည်းများကတော့ Kaplan International Pathway,INTO, Study Group, Navitas UK, နဲ့ OnCampus London တို့ပါဝင်ပါတယ်။ အဆိုပါ အဖွဲအစည်းအောက်တွင်ရှိတဲ့ တက္ကသိုလ်ကျောင်းများတွင် တစ်ခုမကသော ဘာသာရပ်မေဂျာများကို ရွေးချယ်သင်ကြားနိုင်ပါတယ်။
.
🇬🇧UK Pathway Programs အားသာချက်တွေက ဘာတွေလဲ။
.
UK Pathway Programs တွေရဲ့ အားသာချက်ကတော့_

🚩UK ပညာရေးစနစ်၊ ယဉ်ကျေးမှုကို ထိတွေ့ရင်းနှီးခွင့်ရရှိစေခြင်း။
🚩တက္ကသိုလ်မတက်ရောက်မှီ High School နဲ့ University ကြားရှိသင့်တဲ့ Academic၊ Knowledge၊ Skills ပိုင်း ဆိုင်ရာများကို လေ့လာပြင်ဆင်ခွင့်ရရှိခြင်း။ (အထူးသဖြင့် Academic Writing Skills, Research Skills, Presentation Skills, Analytical & Critical Thinking Skills များပါဝင်ခြင်း)
🚩 နိုင်ငံအရပ်ရပ် မှ လာရောက်သင်ကြားကြသော ကျောင်းသူ ‌ကျောင်းသားများနှင့်အတူ သင်ကြားရခြင်းကြောင့် နိုင်ငံအလိုက် ပညာရေးစနစ်အပါဝင် လူမှုဆက်ဆံရေး မတူကွဲပြားခြင်းနားမှု အတွေ့အကြုံအသစ်များကို စတင် ကိုင်တွယ်လာနိုင်ခြင်း စတဲ့အကျိုးကျေးဇူးများရရှိစေပါတယ်။
.
▣ UK Pathway Program များကို လျှောက်ထားလိုသော ကျောင်းသူ ကျောင်းသားများအနေဖြင့် အောက်ဖော်ပြပါ တက္ကသိုလ်ကျောင်းများကို CROWN Education မှတဆင့် ကူညီ လျှောက်ထားပေးလျက်ရှိပါတယ်။
.
🇬🇧 Kaplan International Pathway
🎓Bournemouth University
🎓City, University of London
🎓Cranfield University
🎓Nottingham Trent University
🎓Queen Mary University of London
🎓TEDI-London
🎓University of Birmingham
🎓University of Brighton
🎓University of Bristol
🎓University of Essex
🎓University of Glasgow
🎓University of Liverpool
🎓University of Nottingham
🎓University of Westminster
🎓University of York
🎓UWE Bristol

==================

🇬🇧INTO
🎓University of Exeter
🎓Queen’s University Belfast
🎓Newcastle University
🎓University of East Anglia
🎓City, University of London
🎓University of Stirling
🎓INTO Newton A Level
🎓INTO London
🎓INTO Manchester
🎓INTO Manchester in partnership with The University of Manchester
🎓INTO Manchester in partnership with Manchester Metropolitan University

====================

🇬🇧Study Group
🎓Cardiff University
🎓Durham University
🎓Kingston University London
🎓Lancaster University
🎓University of Leeds
🎓Leeds Beckett University
🎓Liverpool, John Moores University
🎓Royal Holloway, University of London
🎓Teesside University
🎓University of Aberdeen
🎓University of Huddersfield
🎓University of Huddersfield, London
🎓The University of Sheffield
🎓University of Strathclyde
🎓University of Surrey
🎓University of Sussex

========================

🇬🇧Navitas UK
🎓Anglia Ruskin University
🎓Birmingham City University
🎓Brunel University London
🎓University of Hertfordshire
🎓University of Portsmouth
🎓Robert Gordon University
🎓Keele University
🎓 Swansea University
🎓University of Northampton
🎓University of Leicester
🎓University of Plymouth
================================

🇬🇧OnCampus London
🎓University of Central Lancashire (UCLan)
🎓University of Southampton
🎓Aston University Birmingham UK
🎓University of Hull
🎓London South Bank University
🎓University of Reading
🎓Henley Business School
🎓University of Sunderland
.
▣ နိုင်ငံတကာတွင် ကျောင်းတက်ရောက်လိုသော ကျောင်းသူကျောင်းသားများနှင့် ဘဏ္ဍာရေးပိုင်းဆိုင်ရာကိစ္စများတိကျစွာ သိရှိလိုသော မိဘများအတွက် ပိုမိုကောင်းမွန်သောအကြံပေးမှုများကို crown.edu.mm/appointment မှတဆင့် Free Consulting (သို့) Premium Consulting Service ရွေးချယ်ပြီး ပညာရေးဆွေးနွေးမှုများ ရယူနိုင်ပါတယ်။

Book Appointment >