RAI Grade 12 Program

ယူကေအဆင့်မြင့် York Universityတွင် LLB (Hons) Law ပရိုဂရမ်ကို Foundation Year တက်ရောက်ဖို့မလိုဘဲ (၃)နှစ်စာကျောင်းလခအတွက် 100% scholarshipအပြင် နေထိုင်စားသောက်စရိတ်အဖြစ် £50,000 ကိုပါ လက်ခံရရှိခဲ့သည့် မောင်ထူးအောင်မွန် အတွက် CROWN Education and Royal Academic Institute မိသားစုမှ အထူးဂုဏ်ယူဝမ်းမြောက်မိပါတယ်။

မောင်ထူးအောင်မွန်အနေနဲ့လည်း RAI Program မှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို အခုလို ဝေမျှပေးထားပါတယ်။

ကျွန်တော် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေပြီးသွားတော့ နိုင်ငံခြားတက္ကသိုလ်တွေမှာ ဆက်လက်သင်ကြားချင်လို့ pathway programတစ်ခုကို စဉ်းစားတဲ့အခါမှာ CROWN Education ရဲ့ consultant အမနဲ့ ဆက်သွယ်ပြီးတော့ OSSD, GACတို့ရဲ့ အားသာချက်တွေကို သေချာလေးဆွေးနွေးခဲ့ပြီး RAI Grade 12 Program -(၁၀)လတက်ဖို့ ရွေးချယ်ခဲ့ပါတယ်။

RAI Grade 12 program ရဲ့အားသာချက်က A level, IBတို့လို စာမေးပွဲတစ်ခုတည်းအပေါ်မှာပဲ အားလုံးကို ဆုံးဖြတ်တာမဟုတ်ပါဘူး။ ပုံမှန် assignment, projectတွေက 70%နဲ့ examက 30%ပဲဆိုတော့ တော်တော်လေးအဆင်ပြေပါတယ်။

Covidကာလအတွင်းမှာပဲ စတက်ခဲ့တာဆိုတော့ onlineကပဲသင်ကြားခဲ့ပါတယ်။ ဆရာ၊ဆရာမတွေရဲ့ အကူအညီတွေကြောင့် online learningဖြစ်ပေမယ့် စာတွေနားမလည်တာ၊မရှင်းတာတွေ မရှိသလို အခက်အခဲမရှိအဆင်ပြေပြေ‌‌ အောင်မြင်ခဲ့ပါတယ်။

RAI Grade 12 လက်မှတ်ဖြင့် သြစတြေးလျ၊ အင်္ဂလန်နိုင်ငံရှိတက္ကသိုလ်များတွင် Foundation Yearမလိုပဲ တက်ရောက်နိုင်မှာဖြစ်ပြီး၊ ကနေဒါအဆင့်မြင့်တက္ကသိုလ်တွေကိုပါ တိုက်ရိုက်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ အခြားသော နိုင်ငံတကာရှိ Rankingမြင့် တက္ကသိုလ်များတွင်လည်း Medicine, Engineering, Business, IT, Science, Arts ဆက်စပ်ဘာသာရပ်များကို စိတ်တိုင်းကျ ဆက်လက်ရွေးချယ်တက်ရောက်နိုင်သည့်အပြင် ထူးချွန်ကျောင်းသူ၊ကျောင်းသားများအတွက် ပညာသင်ဆုအခွင့်အရေးများ၊ပညာသင်ထောက်ပံ့ကြေးများလည်း (နိုင်ငံတကာမှ ဆေးကျောင်းများ မပါ၀င်) ရှိပါသည်။

မြန်မာဆယ်တန်းနှင့် IGCSE ဖြေဆိုအောင်မြင်ထားသည့် ကျောင်းသူကျောင်းသားများအနေဖြင့် RAI Grade 12 Program ကို မြန်မာနိုင်ငံတွင် အချိန် (၁၀)လမှ အများဆုံး(၁)နှစ်သာ တက်ရောက်သင်ကြားရန်လိုအပ်ပါသည်။ 2022 အတွက် အသစ်ဖွင့်လှစ်မည့် RAI Grade 12 programနှင့်ပတ်သက်၍ https://crown.edu.mm/ossd/ လင့်ခ်တွင် အသေးစိတ်ဝင်ရောက်ဖတ်ရှုနိုင်သလို 09 965-085-185, 09 885-085-185 (Viber) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Book Appointment >