News

နိုင်ငံတကာ ကျောင်းသူ ကျောင်းသားများရဲ့ Dream School လို့ တင်စားခေါ်ဆိုကြတဲ့ အမေရိကန်နိုင်ငံရှိ ဂုဏ်သတင်းကြီးမားတဲ့ အဆိုပါ အထင်ကရတက္ကသိုလ်ကြီးများ စုပေါင်းဖွဲ့စည်းထားတဲ့ Ivy League Universities ကျောင်းများကို ပိုမိုရင်းနှီးသိရှိနိုင်စေရန် ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ရပါတယ်။

Ivy League ဆိုတာ ဘာလဲ။

အမေရိကန် အရှေ့မြောက်ဘက် က တစ်စုတစ်စည်းတည်းတည်ရှိတဲ့ ကျောင်းကြီး (၈) ကျောင်းဖြစ်ပါတယ်။. Academic သီးသန့်မဟုတ်ဘဲ လူမှု အသိုင်းအဝိုင်း Society မှာလည်း နာမည်ကြီးသလို ၁၉၄၀ခုနှစ် မှာ စတင်ဖွဲ့စည်း ဖြစ်ခဲ့တာဖြစ်ပါတယ်။ အစဉ်အလာကြီးမားပြီး အထင်ကရ တက္ကသိုလ်ကြီးများဖြစ်ပြီး သုတေသနပိုင်းဆိုင်ရာတွေမှာ သူမတူအောင် အားကောင်းကြတဲ့ ဂုဏ်သတင်းကြီးမားတဲ့ တက္ကသိုလ်ကျောင်းများ ပါဝင်ဖွဲ့စည်းထားကြတာပဲ ဖြစ်ပါတယ်

Ivy League တွင် ပါဝင်သော တက္ကသိုလ်ကျောင်းများ။

(1)Yale University
(2)Princeton University
(3)Brown University
(4)Columbia University
(5)Cornell University
(6)Dartmouth College
(7)Harvard University
(8)The University of Pennsylvania တို့ပါဝင်ဖွဲ့စည်းထားပါတယ်။
.
အဆိုပါ တက္ကသိုလ်ကျောင်းများဟာ “University”၊ “School”၊ “College” အသုံးအနှုန်းများဖြင့် ခေါ်တွင်ကြပေမယ့်လည်း အဓိပ္ပာယ်ကတော့ အတူတူပဲ ဖြစ်ပါတယ်။

Ivy League Schools များနှင့် ကျောင်းဝင်ခွင့်ဆိုင်ရာ အခြေအနေများ။

အမေရိကန်နိုင်ငံရှိ ကျောင်းသူ ကျောင်းသားများသာမက နိုင်ငံတကာ ကျောင်းသူ ကျောင်းသားများသည် နှစ်စဉ် အဆိုပါ Ivy Leagues ကျောင်းများ၏ဝင်ခွင့်အတွက် အပြိုင်အဆိုင် ကြိုးစားလျှောက်ထားကြလေ့ရှိပါတယ်။ အကြမ်းအားဖြင့် ဖော်ပြရသော် နိုင်ငံတကာ ကျောင်းသူ ကျောင်းသားများ တက္ကသိုလ်ဝင်ခွင့်အတွက် လျှောက်ထားကြရာမှာ Ivy League Schools များမှ လက်ခံတဲ့ Acceptance rate နှုန်းမှာ ရာခိုင်နှုန်း အနည်းငယ်သာ ရှိကြပြီး Princeton, Harvard,Brown, UofPen, Darmouth တက္ကသိုလ်တို့ရဲ့ International Students Acceptance Rate မှာ 18% ခန့်သာရှိပြီး Yales Univerisity မှတော့ 22% သာ အများဆုံးလက်ခံလျက်ရှိကြပါတယ်။
.
Ivy League တက္ကသိုလ်ကျောင်းများဟာ ကျောင်းသားများရဲ့ မတူညီတဲ့ Culture, Diversity ကိုအားပေးလက်ခံလျက်ရှိပြီး နိုင်ငံတကာမှ ကျောင်းဝင်ခွင့်အတွက် လျှောက်ထားရာမှာ အမေရိကန်နိုင်ငံရှိ ကျောင်းသူ ကျောင်းသာများသာမက တကမ္ဘာလုံးရှိ ဝင်ခွင့်လျှောက်ထားသူများနှင့် အပြိုင်အဆိုင်လျှောက်ထားကြရမှာ ဖြစ်ပါတယ်။
.
နိုင်ငံတကာ ကျောင်းသူ ကျောင်းသားများအတွက် ဝင်ခွင့်ဆိုင်ရာ ဖော်ပြချက်များ။
.
အဆိုပါ တက္ကသိုလ်ဝင်ခွင့်အတွက် လိုအပ်ချက်များဖော်ပြရာတွင် ယေဘုယျအားဖြင့်_
✔️ပညာရေးအမှတ်စာရင်း
✔️Mid Year Report
✔️Final Year Report
✔️Recommendation Letters
✔️Teacher Evaluations
✔️SAT or ACT Scores
✔️IELTS/TOEFL Scores of 7 and higher များကို အခြေခံအားဖြင့် တောင်းခံလေ့ရှိကြပါတယ်။

နိုင်ငံတကာ ကျောင်းသူ ကျောင်းသားများရဲ့ Dream School လို့ တင်စားခေါ်ဆိုကြတဲ့ အမေရိကန်နိုင်ငံရှိ ဂုဏ်သတင်းကြီးမားတဲ့ အဆိုပါ အထင်ကရတက္ကသိုလ်ကြီးများ စုပေါင်းဖွဲ့စည်းထားတဲ့ Ivy League Universities ကျောင်းများကို ပိုမိုရင်းနှီးသိရှိနိုင်စေရန် ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ရပါတယ်။

Book Appointment >