News

Russell Group အဖွဲ့ဝင်ကျောင်းများကတော့ မြန်မာကျောင်းသူ ကျောင်းသားများအကြား ရင်းနှီး ကျွမ်းဝင်ပြီးသော တက္ကသိုလ်အဖွဲ့အစည်းတစ်ခုပဲ ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်တည်းက စတင်တည်ထောင်ဖွဲ့စည်းခဲ့တဲ့ Russell Group အဖွဲ့အစည်းဟာဆိုရင် အရင်ခေတ်ကာလကတည်းက ယူကေနိုင်ငံတွင်သာမက ကမ္ဘာမှာ ဂုဏ်သတင်းနာမည်ကျော်ဇောတဲ့ တက္ကသိုလ်ကြီးအများစု ပါဝင်ကြပြီး အဆိုပါ တက္ကသိုလ်ကျောင်းများ၏ Research Quality၊ Teaching Quality၊ Reputation အပိုင်းတွေမှာ စိစစ်အကဲဖြတ် ပူးပေါင်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
.
Russell Group တွင် တက္ကသိုလ်ကျောင်း (၂၄) ကျောင်းပါဝင် ဖွဲ့စည်းထားပြီး အဖွဲ့ဝင် တက္ကသိုလ်များကတော့ အပြောင်းအလဲမရှိပါ။ အဆိုပါ တက္ကသိုလ်ကျောင်းများဟာ Research အပိုင်းသင်ကြားပို့ချရာတွင် ပိုမို ဦးတည်သင်ကြားလျက်ရှိပြီး တက္ကသိုလ်ဝင်ခွင့် ပြင်ဆင်မှုအပိုင်းမှာလည်း မြင့်မားလျက်ရှိပါတယ်။
.
UK Russell Group တွင် ပါဝင်သော တက္ကသိုလ်ကျောင်းများကို ဖော်ပြရလျှင်_
✔️University of Birmngham
✔️University of Bristol
✔️University of Cambridge
✔️Cardiff University
✔️Durham University
✔️University of Edinburgh
✔️University of Exeter
✔️University of Glasgow
✔️Imperial College London
✔️King’s College London
✔️University College London
✔️University of Leeds
✔️University of Liverpool
✔️London School of Economics and Politcal Science
✔️University of Manchester
✔️Newcaste University
✔️University of Nottingham
✔️University of Oxford
✔️Queen Mary, University of London
✔️Queen’s University Belfast
✔️University of Sheffield
✔️University of Southampton
✔️University of Warwick
✔️University of York တို့ပါဝင်ပါတယ်။
.
Russell Group အဖွဲ့ဝင် တက္ကသိုလ်များမှာ တက်ရောက်သင်ကြားရတဲ့ ကျောင်းသူ ကျောင်းသားများအနေဖြင့်_
🚩Russell Group အဖွဲ့ဝင် တက္ကသိုလ်များသည့် ယူကေတွင်သာမက ကမ္ဘာ့ ထိပ်တန်းတက္ကသိုလ်များ ဖြစ်နေခြင်းကြောင့် တက္ကသိုလ် Ranking မြင့်များတွင် သင်ယူနိုင်ခြင်း၊
🚩Research Program များအတွက် နိုင်ငံတကာမှ ကျောင်းသား ကျောင်းသားများတွက် Study Grants ပညာသင်ဆု ထောက်ပံ့ ချီးမြှင့်ပေးမှုများခြင်း။ (အထူးသဖြင့် Postgraduate Degree/ Final Year တက်ရောက်သင်ကြားခွင့်ရရရှိသူများ)
🚩ကျောင်းသူ ကျောင်းသားများအတွက် လိုအပ်သည့် Academic Support၊ Career Advice, တခြားသော Personal Development Progroms များ Student Facilities များအတွက် ပံ့ပိုးမှု အားကောင်းခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။
.
 Russell Group တက္ကသိုလ်ကျောင်းများနှင့် ကျောင်းဝင်ခွင့်များ။
Russell Group အဖွဲ့ဝင် တက္ကသိုလ်ကျောင်းများအတွက် ကျောင်းဝင်ခွင့်လျှောက်ထားရာတွင် မြန်မာဆယ်တန်း(သို့) IGCSE ဖြေဆိုအောင်မြင်ထားပြီး UK တက္ကသိုလ်ပထမနှစ် တိုက်ရိုက်ဝင်ခွင့်အတွက် ပညာရေးဆိုင်ရာ လိုအပ်ချက်များလိုအပ်နေသေးတဲ့ ကျောင်းသူကျောင်းသားများအနေဖြင့် Foundation Program မှစတင် တက်ရောက်နိုင်ပါတယ်။
.
A level , OSSD, Foundation Program များပြီးမြောက် အောင်မြင်ပြီး ထားသော ကျောင်းသူ ကျောင်းသားများအနေဖြင့် International Year One တက္ကသိုလ် ဒုတိယနှစ် တိုက်ရိုက်ဝင်ခွင့်အတွက် ဆက်လက်သင်ယူ တက်ရောက်နိုင်ပါတယ်။။
.
CROWN Education အနေဖြင့် CROWN နှင့်ချိတ်ဆက်ထားသော Russell Group အဖွဲ့ တက္ကသိုလ်ကျောင်းများကို ကူညီလျှောက််ထားပေးလျက်ရှိပြီး UK ပညာရေးဆွေးနွေးမှုများအတွက် b.link/CrownMeet မှတဆင့် APPOINTMENT ရယူနိုင်ပါတယ်။
.
UK ပညာရေးကို စိတ်ဝင်စားသော ကျောင်းသူကျောင်းသားများနှင့် UK တွင် ပညာသင်ယူဖို့ ရည်ရွယ်ထားတဲ့ ကျောင်းသူ ကျောင်းသားများအနေဖြင့် UK နိုင်ငံမှ ထိပ်တန်းတက္ကသိုလ် (၂၄ ) ကျောင်း ပါဝင်ဖွဲ့ စည်းထားသည့် Russell Group အကြောင်းကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။

Book Appointment >