ACT - GAC Program

“မြန်မာနိုင်ငံမှာ အစိုးရအထက်တန်းကျောင်းပြီးတော့ ညီမဖေဖေက ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့အရွယ် အသက် (၁၈)နှစ် ပြည့်ပြီးတဲ့အထိစောင့်ပြီးမှ နိုင်ငံခြားမှာပညာသင်စေချင် ခဲ့ပါတယ်။ အဲ့ဒါကြောင့် CROWN Educationမှာ GAC Grade 12 Program ကို တစ်နှစ်တက်ခဲ့ပါတယ်။ ဒီ GAC Grade 12 Program ဟာ တက္ကသိုလ်ပညာရေး မသွားခင် Gap Year တက်ရတယ်ဆိုတာထက် အများကြီး ပိုခဲ့တဲ့အပြင် ပညာသင်ကြားခဲ့ရတဲ့ တစ်နှစ်ဆိုတဲ့အချိန်ကလည်း ညီမအတွက်တော့ တကယ့်ကို အကျိုးများတဲ့အပြင် စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

GAC Grade 12 Programကို CGPA (3.6)၊ IELTS (8.0)ရမှတ်တွေနဲ့ အောင်မြင်ခဲ့ပြီး ကယ်လီဖိုးနီးယား ပြည်နယ် Silicon Valley နားက College of San Mateo မှာ ညီမစိတ်ဝင်စားတဲ့ Computer Science ဘာသာရပ် သင်ကြားဖို့ ရွေးချယ်ခဲ့ပါတယ်။ ညီမအနေနဲ့ College of San Mateoက တစ်ဆင့် အမေရိကန် ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်ပြီး University Acceptance Rate (၁၇)% သာ ရှိတဲ့ UC Berkeley မှာ ကျန်ရှိတဲ့ တက္ကသိုလ်ပညာရေး (၂)နှစ်ကို ဆက်လက် သင်ကြားခွင့်ရခဲ့တာကြောင့် တော်တော်လေးကို ဝမ်းသာမိပါတယ်ရှင့်”

College of San Mateo မှာ တက်ရောက်နေစဉ်အတွင်း မဆုလဒ်ဘုန်း၏ ထူးခြားသည့် အောင်မြင်မှုများ

■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■

ပထမနှစ်မှာတင် အမေရိကန်မှာ ခေတ်စားတဲ့ comic စာအုပ် အကြောင်းကို Analysis Essay အနေနဲ့ စာလုံးရေ ၃ဝဝဝ (၁ဝ မျက်နှာ) ရေးသားခဲ့ပြီး ကျောင်းမှ ဆရာက မဆုလဒ်ဘုန်း၏ Essay ကို ကျောင်းစာစောင်အဖွဲ့ဆီကိုပို့ဖို့ recommend လုပ်ခြင်း ခံခဲ့ရပါတယ်။

ပထမနှစ်မှာ အမေရိကန်ရဲ့ အလွှာ အသီးသီးမှာ ရှိတဲ့ Honors Society ဆိုတဲ့ နှစ်ပေါင်းရာချီ သက်တမ်းရှိတဲ့ အသင်းကြီးမှာ အသင်းဝင်ဖြစ်ခဲ့ပါတယ်။ ကျောင်းရဲ့ အတော်ဆုံးကျောင်းသား (၁ဝ)% ကိုသာ လက်ခံတဲ့ အသင်းကြီးဖြစ်ပြီး အသင်းကြီးရဲ့ နှစ်ပတ်လည် Honors Symposium မှာ သူမ၏ စာတမ်းကို ဖတ်ကြားဖို့ ရွေးချယ်ခံခဲ့ရပါတယ်။

သူမ၏ ပထမဆုံး ဘာသာရပ်ဆိုင်ရာ research ” Wireless Security” ကို ကျောင်းမှာ ပြုလုပ်တဲ့ Google, Facebook, Apple စတဲ့ ကုမ္ပဏီကြီးတွေက Senior Engineer တွေ လာရောက် ဟောပြောတဲ့ပွဲမှာ Panelist Speaker တယောက်အနေနဲ့ ပါဝင်ပြီး စာတန်းဖတ်ခွင့်ရခဲ့ပါတယ်။

ဒုတိယမြောက် Literature စာတမ်းကို Honors Society ၏ တစ်နှစ်တစ်ကြိမ်ပြုလုပ်သော Honors Symposium Conference, Stanford University တွင် Presentationပြုလုပ်ဖို့ ရွေးချယ်ခံခဲ့ရပါတယ်။ ဒီလိုပွဲမျိုးမှာ ရွေးချယ်ခံရဖို့အတွက် California Bay Area တစ်ခုလုံးက အသင်းဝင် ကောလိပ်ကျောင်းသားတွေရဲ့ စာတမ်း (၂၆ဝ)ကျော်ထဲက ရွေးချယ်ခံရခြင်း ဖြစ်ပါတယ်။

၂၀၁၈ခုနှစ်မှ ၂၀၁၉ခုနှစ်အတွင်း College of San Mateo တွင် လေ့လာသင်ယူရင်း Computer Lab Assistant, Computer Science Tutorအဖြစ်လည်း တာ၀န်ယူဆောင်ရွက်ခဲ့ပါတယ်။

ကောလိပ် (၂) နှစ်ရဲ့ semester (၄) ခုလုံးမှာ GPA 4.0 ( A , A+, 93 & above)တွေရရှိခဲ့ပြီး ကျောင်းအားလပ်ချိန် တွေမှာတော့ ကျောင်းရဲ့ Library မှာ Tutor အဖြစ်နှင့် Computer Lab မှာ Teaching Assistant အဖြစ် အချိန်ပိုင်း ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။

Ma Su Latt Phone

University of California (UC Berkeley)

Electrical Engineering and Computer Science

Global Assessment Certificate (ACT-GAC, Grade 12 Program) တက်ရောက်ပြင်ဆင်ခြင်းဖြင့် –

မြန်မာဆယ်တန်း စနစ်ဟောင်း (သို့မဟုတ်) iGCSE / Grade 11 ပြီးမြောက်ထားတဲ့  ကျောင်းသူ၊ကျောင်းသားများအနေဖြင့် GAC Grade 12 Program တက်ရောက်ထားပါက ကနေဒါ-ယူကေ-သြစတြေးလျ-စင်ကာပူနိုင်ငံရှိ တက္ကသိုလ်များတွင် Foundation ပြန်တက်ရန် မလိုအပ်ဘဲ တက္ကသိုလ်ပထမနှစ်မှ စတင်တက်ရောက်နိုင်ခြင်း၊

အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်ကြီးများတွင် ဘာသာရပ်ကင်းလွတ်ခွင့်နှင့်အတူ ပညာသင်ဆုများ လျှောက်ထားနိုင်သည့်အတွက် အချိန်နှင့်ငွေကြေးကုန်ကျမှု သက်သာစေနိုင်ခြင်း၊

Global Assessment Certificate (ACT-GAC, Grade 12 Program) ကို CROWN Education တွင် (၁)နှစ် တက်ရောက်ပြင်ဆင်ခြင်းဖြင့်  နိုင်ငံတကာရှိ  Rankingမြင့် တက္ကသိုလ်များတွင် အခက်အခဲမရှိ ဆက်လက်သင်ယူနိုင်ခြင်း၊

မြန်မာဆယ်တန်း(စနစ်ဟောင်း)နှင့် iGCSE resultများတွင် ရမှတ်လိုအပ်ချက်ရှိသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့်လည်း GAC Grade 12 Program တစ်နှစ်တက်ရောက် သင်ယူပြီး GPA ရမှတ်ကောင်းများရရှိအောင် ပြင်ဆင်ကာ နိုင်ငံတကာတွင် ပညာသင်ဆုများဖြင့် ဆက်လက်သင်ကြားနိုင်ခြင်း၊

ACT နှင့် IELTS ရမှတ်ကောင်းများရရှိအောင် သင်ကြားပေးနေပြီး  နိုင်ငံတကာ ဆယ့်နှစ်တန်းနှင့် ညီမျှသည့်အတွက် တက္ကသိုလ်ရွေးချယ်ရာတွင် အကန့်အသတ်မရှိဘဲ  စိတ်ကြိုက်လျှောက်ထားနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို  ရရှိနိုင်မှာဖြစ်ပါတယ်။

အခုလိုကာလမှာ သင်ကြားမှု၊  သင်ယူမှုတွေ ရပ်တန့်မနေစေဖို့  GAC-Grade 12 Program သင်ယူလိုတဲ့ ကျောင်းသားတွေအနေနဲ့ မြန်မာဆယ်တန်း(သို့) iGCSE စာမေးပွဲ အောင်စာရင်းများ၊ အမှတ်စာရင်းများ မရှိထားသော်လည်း ဝင်ခွင့်စာမေးပွဲကို ကြိုတင်လာရောက် ဖြေဆိုထားနိုင်ပါတယ်။

ကလေးရဲ့ ဝါသနာနဲ့ အားသာချက် / အားနည်းချက်ပေါ် မူတည်ပြီး ဆက်လက်တက်ရောက်ရမယ့် နိုင်ငံနဲ့ ဘာသာရပ်ကို မိဘများနဲ့အတူ အသေးစိတ် တိုင်ပင်ဆွေးနွေး ပေးသွားမှာဖြစ်ပါတယ်။

 နိုင်ငံတကာသို့ သွားရောက်သင်ကြားမည့် ကျောင်းသူ၊ ကျောင်းသားများ စနစ်တကျ ပြင်ဆင်စောင့်ဆိုင်းရင်း တိကျသေချာသော ပညာရေးလမ်းကြောင်း ရွေးချယ်ခြင်း၊  ဘာသာရပ်ရွေးချယ်ခြင်း၊ Scholarship အတွက် ပြင်ဆင်ခြင်းများ ပြုလုပ်ချင်တယ် ဆိုရင် GAC Grade 12 program မှာ တစ်နှစ်အတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချ ပြင်ဆင်နိုင်ပါပြီ။

2022 အတွက် အသစ်ဖွင့်လှစ်မည့် GAC Grade 12 programနှင့်ပတ်သက်၍ https://crown.edu.mm/gac/ လင့်ခ်တွင် အသေးစိတ်ဝင်ရောက်ဖတ်ရှုနိုင်သလို CROWN Education & Royal Academic Institute ရုံးဖုန်းနံပါတ်များဖြစ်သည့် 09 88-111-08-11, 09 88-111-01-22, 09 88-111-01-33, 09 88-111-01-44 သို့လည်း Monday – Saturday ရုံးချိန် (9am-4pm) အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Book Appointment >