ACT - GAC Program

အရင်ဆုံး Onlineကနေ သင်ဖို့ ဘာကြောင့် ရွေးဖြစ်သွားတာလဲ။
On Campus သွားတက်ဖို့က အဆင်မပြေလို့ Onlineကနေပဲ အရင်တက်ထားတာပါ။ အဓိကကတော့ Covid -19 Pandemic ကြောင့်ပါပဲ။

Onlineကနေ သင်ယူရတဲ့အခါ အကျိုးကျေးဇူးတွေနဲ့ အခက်အခဲတွေရောရှိလား။
အကျိုးကျေးဇူးတွေကတော့ပုံမှန်ဒီအတိုင်းသွားတက်မယ်ဆိုရင် International Student တစ်ယောက်အနေနဲ့ နိုင်ငံခြားမှာ သူငယ်ချင်းအသစ်တွေများများရဖို့၊ ပြောရဲဆိုရဲဖြစ်ဖို့၊ လိုက်လျောညီထွေဖြစ်ဖို့နည်းနည်းခက်မယ်လို့ထင်တယ်ခင်ဗျ။ အခုလို Onlineက တက်ရတဲ့အခါ Learning Platform ကနေပဲဖြစ်ဖြစ်၊ Zoom class တွေထဲမှာ Breakout Room Activitiesတွေ လုပ်ရတာကြောင့်ပဲဖြစ်ဖြစ်၊ တစ်ယောက်နဲ့တစ်ယောက်အပြင်မှာ မျက်နှာချင်းဆိုင်မတွေ့ရပေမယ့် သူငယ်ချင်းတွေဖြစ်လာကြတယ်။

အဲ့တော့ On Campusအနေနဲ့ ကျွန်တော်သွားတက်လို့ရတဲ့အခါ သူငယ်ချင်းတွေရှိပြီးသားဖြစ်သလို ပြောဆိုဆက်သွယ်ရတာကလည်း တက္ကသိုလ်ကိုချက်ခြင်းရောက်သွားတာထက် အလွယ်တကူအသားတကျ ဖြစ်မယ်လို့ခံစားရပါတယ်။ နောက်တစ်ချက်က စာတွေအားလုံးကို Recorded လုပ်ပေးထားပြီး Online Learning Platform ပေါ်ပြန်တင်ထားပေးတဲ့အတွက် ကိုယ်နားမလည်လိုက်တဲ့ စာတွေရှိရင် အချိန်မရွေး နားမလည်မခြင်းပြန်ကြည့်လို့ရတာကတော့ တော်တော်လေးအဆင်ပြေပါတယ်။

အခက်အခဲတွေကတော့ ကိုယ်က Online Learning တစ်ခါမှမတက်ဖူးတော့ Learning Platform နဲ့အသားကျဖို့၊ ရင်းနှီးလာဖို့ အချိန်ယူရတာပါ။ နောက်ပြီး Online Learning က များသောအားဖြင့် ကိုယ်ပိုင်စာလေ့လာချိန်တွေများတော့ ပုံမှန်ထက်တော့ စာပိုလုပ်ရတယ်။ ဥပမာ-ကျွန်တော့်တက်နေတဲ့ Business Management က Accountingဘာသာရပ်ဆိုရင် ပုံမှန် Face to Face သင်ရတဲ့အခါတွေမှာ တစ်ရက်ကို အချိန်(၄)နာရီပေးပြီး သင်ရပါတယ်။

အခု Online Learning မှာတော့ ဆရာ၊ဆရာမတွေနဲ့ အွန်လိုင်းကနေတိုက်ရိုက်သင်ရတဲ့အချိန်က (၁)နာရီလောက်ပဲရှိပြီး ကျန်တဲ့အချိန်တွေမှာ Recorded Mini Lectures တွေ နဲ့ Assessments တွေလုပ်ရတဲ့အချိန်များတော့ နည်းနည်းပိုခက်ပါတယ်ခင်ဗျ။

အဲ့ဒါကတော့ ကျွန်တော်တို့တက်နေတဲ့ တက္ကသိုလ်က ဆရာ၊ဆရာမတွေ ကိုယ်တိုင်ပြောပြပေးတာပါ။ တကယ်လို့ ကိုယ့်အနေနဲ့ကလည်း Time Management Skillsမကောင်းဘူး။ Independent Learningနဲ့ Self-Studyကို တစ်ချိန်လုံး မမှီခိုချင်ဘူးဆိုရင်တော့ Online Learningက တော်တော်ကို ပျင်းဖို့ကောင်းပါလိမ့်မယ်ခင်ဗျာ။

Onlineကနေ သင်ရတာကိုရော ဘယ်လောက်ထိ စိတ်ကျေနပ်မှုရှိလဲ…ဆက်ပြီးတော့ရော ဘာတွေလေ့လာဖို့ အစီအစဉ်ချထားလဲ။
ကျွန်တော့်အနေနဲ့ကတော့ အကုန်လုံးကိုချုံပြီး ပြောရရင် Online Learningနဲ့ သင်ရတာကိုလည်း ကြိုက်ပေမယ့် ရာနှုန်းပြည့်တော့မဟုတ်ဘူးပေါ့။ တကယ်လို့သာ 1st Semester ကိုပဲ Online ကတက်ရပြီး Second Semesterရောက်တဲ့အခါ Campusမှာ Face-to-Face တက်နိုင်မယ်လို့ မျှော်လင့်ထားတဲ့အတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေကိုလည်း လုပ်ထားပါတယ်။ အခု ၂ဝ၂ဝ ဒီဇင်ဘာ ခရစ်စမတ် မတိုင်ခင်ပဲဖြစ်ဖြစ်၊ ၂ဝ၂၁ ဇန်နဝါရီမှာပဲဖြစ်ဖြစ် သွားနိုင်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ။

မြန်မာဆယ်တန်းအောင် ကျောင်းသူ/သားတွေ၊ GCE ‘O’ Level ဖြေဆိုအောင်မြင်ထားသူတွေအနေနဲ့ University of Sussexမှာ Foundation Programကစပြီး သင်ကြားရမှာဖြစ်သလို မောင်အောင်ပိုင်မိုးလို American Grade 12 Program – GAC (၁)နှစ် တက်ရောက်ထားသူတွေအနေနဲ့ Foundation Yearတက်စရာမလိုဘဲ International Year One (တက္ကသိုလ်ပထမနှစ်) ကနေ စတင်တက်ရောက်နိုင်မှာပဲ ဖြစ်ပါတယ်။

GAC Program၏ အသေးစိတ်အချက်အလက်များနှင့် တက်ရောက်ပြီးစီးသည့်အခါ ဆက်လက်သင်ယူနိုင်သည့် နိုင်ငံတကာ တက္ကသိုလ်များ၊ လျှောက်ထားနိုင်သည့် ပညာသင်ဆုများအကြောင်းကို https://crown.edu.mm/gac/ လင့်ခ်မှတဆင့်လည်း ဝင်ရောက်လေ့လာနိုင်ပါသည်။

GACနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုသည်များကို CROWN Education and Royal Academic Institute ရုံးဖုန်းနံပါတ်များဖြစ်သည့် 09 977 977 200 နှင့် 09 4455 66 701~2သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်သလို Zoom Video Conferenceဖြင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Book Appointment >