ACT - GAC Program

❝အမှန်အတိုင်းပြောရရင် ဒီကို စရောက်တုန်းက ကျွန်တော့်ပညာရေးအတွက် Royal Academic Institute (RAI)ဘက်ကနေ ဘာတွေကူညီပေးနိုင်တယ်၊ ဘယ်လိုအရာတွေကို ပြင်ဆင်ပေးမယ်ဆိုတာ မသိခဲ့ပါဘူး။ ဒါပေမယ့် နိုင်ငံခြားမှာကျောင်းဆက်တက်ဖို့ လိုအပ်တာတွေကို GAC Grade 12 Programက ကူညီပေးနိုင်မယ်လို့ ယုံကြည်ခဲ့တာကြောင့် RAIမှာ တက်ဖို့ရွေးချယ်ခဲ့ပါတယ်။

GACတက်ရတဲ့အချိန်တော်တော်များများက ပျော်ဖို့ကောင်းလိမ့်မယ်လို့ တကယ်ကို မထင်ခဲ့ပါဘူး။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဒီပရိုဂရမ်က မြန်မာကျောင်းသားတွေအတွက် နိုင်ငံခြားတက္ကသိုလ်တွေမှာ အဆင်ပြေပြေဆက်ပြီးသင်ယူနိုင်ဖို့ တကယ်ပြင်ဆင်ပေးခဲ့တယ်ဆိုတာကို ပိုပြီးသိလာခဲ့တယ်။

GAC programကပေးတဲ့ CGPA 4.0အပြင် Perfect Student Awardရခဲ့သလို GACရမှတ်နဲ့ ကျောင်းတွေ လျှောက်တဲ့အခါမှာလည်း USA-Singapore-Australia တက္ကသိုလ်တွေရဲ့ ပညာသင်ဆုတွေပါ ရခဲ့ပါတယ်။

GAC programသင်ကြားပို့ချပေးတဲ့ဆရာ၊ဆရာမတွေက အရမ်းကိုစေတနာကောင်း၊ဂရုစိုက်ပြီး supportive ဖြစ်တာကြောင့် စာသင်ကြားရေးအပြင် တခြားအရာတွေအတွက်ပါ အများကြီးအထောက်အကူဖြစ်စေခဲ့သလို အတန်းဖော်ကောင်း၊ သူငယ်ချင်းကောင်းတွေနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်၊ 

Royal Academic Instituteကို ဘာမှမသိဘဲရောက်လာခဲ့တဲ့ ကျွန်တော့်အတွက် အခုတော့ သူငယ်ချင်းကောင်းတွေရခဲ့တဲ့အပြင် နိုင်ငံခြားမှာ ဆက်လက်သင်ယူဖို့ လိုအပ်တာတွေကိုပါ ပြင်ဆင်နိုင်ခဲ့လို့ ကျွန်တော့်ရဲ့ရွေးချယ်မှုနဲ့ ပတ်သက်ပြီး အားရကျေနပ်ပါတယ်❞

Perfect Student Award ဆုရ GAC – Grade 12 ကျောင်းသား မောင်မာန်ဟိန်းခန့်အနေဖြင့် –

🇺🇸အမေရိကန် ပြည်ထောင်စုရှိ State University of New York, Oswego (SUNY Oswego)မှ 50% Destination Oswego Scholarship + 1,000 USD ၊  

🇦🇺သြစတြေးလျနိုင်ငံရှိ Western Sydney University မှ 20% Multi Years, Western Sydney International Scholarship၊ 

🇦🇺Griffith University (Queensland) ရှိ 25 % International Student Academic Excellence Scholarshipနှင့် 

🇸🇬စင်ကာပူနိုင်ငံရှိ James Cook University Singaporeတွင် 100% Merit Scholarship on ONE academic year စသည့်ပညာသင်ဆုများကို ချီးမြှင့်ခြင်းခံရသည့်အတွက် CROWN EDUCATION & ROYAL ACADEMIC INSTITUTE မိသားစုမှ အထူး ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ရှေ့ဆက်ရမယ့်ပညာရေးမှာလည်း အစစအရာရာ အဆင်ပြေချောမွေ့ဖို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

GAC Program၏ အသေးစိတ်အချက်အလက်များနှင့် တက်ရောက်ပြီးစီးသည့်အခါ ဆက်လက်သင်ယူနိုင်သည့် နိုင်ငံတကာ တက္ကသိုလ်များ၊ လျှောက်ထားနိုင်သည့် ပညာသင်ဆုများအကြောင်းကို https://crown.edu.mm/gac/ လင့်ခ်မှတဆင့်လည်း ဝင်ရောက်လေ့လာနိုင်ပါသည်။

GACနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုသည်များကို CROWN Education and Royal Academic Institute ရုံးဖုန်းနံပါတ်များဖြစ်သည့် 09 977 977 200 နှင့် 09 4455 66 701~2သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်သလို Zoom Video Conferenceဖြင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Book Appointment >