သြစတြေးလျနိုင်ငံသက်တမ်းရင့်တက္ကသိုလ်တွေထဲက လေးခုမြောက်တက္ကသိုလ်ဖြစ်တဲ့ University of Tasmania (UTAS)အနေနဲ့ (၂ဝ၂၁)ခုနှစ် ဇူလိုင်လကျောင်းဝင်ခွင့်အတွက် “ASEAN Science & Technology Undergraduate 50% Merit Scholarship”ကို တက္ကသိုလ်(၁)နှစ်စာ စတင်ပေးအပ်သွားတော့မှာဖြစ်ပါတယ်။UTASမှာ “ASEAN Science & Technology Undergraduate 50% Merit Scholarship”နဲ့ လျှောက်ထားသင်ယူနိုင်တဲ့ ပရိုဂရမ်တွေကတော့ –Bachelor of Agricultural Science with Honours,Bachelor of Environmental Sciences with Honours,Bachelor of Architecture and Built Environments,Bachelor of Engineering with Honours (Civil, Electronics & Communications, Electrical & Electronics, Electrical Power, and Mechanical),Bachelor of Maritime Engineering (Specialization) with Honours,Marine and Offshore Engineering, Naval Architecture, Ocean Engineering,Bachelor of Global Logistics and Maritime Management,Bachelor of Information and Communication Technology,Bachelor of Marine and Antarctic Science,Bachelor of Science,Bachelor of Surveying and Spatial Sciences တို့ပဲဖြစ်ပါတယ်။University of Tasmania (UTAS)ရဲ့ အဆိုပါ “ASEAN Science & Technology Undergraduate 50% Merit Scholarship” လျှောက်ထားလိုသူများအနေနဲ့ –၁။ ပညာရေးဆိုင်ရာ စာရွက်စာတမ်းများ (အမှတ်စာရင်း၊ အောင်လက်မှတ်)၊၂။ အင်္ဂလိပ်စာအရည်အချင်း အထောက်အထား (IELTS Individual BandScore – 5.5 သို့မဟုတ် IELTS မရှိထားသူများအနေဖြင့် English Placement Test ဖြေဆိုလျှောက်ထားနိုင်ပါသည်)၊၃။ Passport မူရင်း၊၄။ မိမိ သက်ဆိုင်ရာကျောင်းမှ Principal ၏ Recommendation Letter၊၅။ ကိုယ်တိုင်ဖြည့်သွင်းထားသည့် University of Tasmania (UTAS) Application Form၊၆။ Personal Statement တို့ဖြင့် ၂ဝ၂၁ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်နေ့မှ မတ်လ (၃ဝ)ရက်နေ့ နောက်ဆုံးထားပြီး အမြန်ဆုံး လျှောက်ထားနိုင်ပါတယ်။University of Tasmania (UTAS) မှာ လျှောက်ထားနိုင်တဲ့ Bachelor Programတွေအကြောင်း၊ 50% Merit Scholarships နဲ့ ကျောင်းဝင်ခွင့်ဆိုင်ရာအသေးစိတ်အချက်အလက်တွေကို ထပ်မံသိရှိလိုပါက – CROWN Education၏ ရုံးဖုန်းနံပါတ်များဖြစ်သည့် 09 977 977 200, 09 965 085 185 သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းစကားပါးလိုက်ပါတယ်။
Releated Posts
အမေရိကန် ဖလော်ရီဒါပြည်နယ်အတွင်းရှိ စတုတ္ထအကြီးဆုံး ပြည်သူပိုင်တက္ကသိုလ်ဖြစ်သည့် University of South Florida (USF) သည် အမေရိကန်ရှိ ကျောင်းလခအသက်သာဆုံး တက္ကသိုလ်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး နိုင်ငံတကာမှ ကျောင်းသူ၊ကျောင်းသားများ၏ အရည်အချင်းအလိုက် နှစ်စဉ်ပညာသင်ဆုများကိုလည်း ပေးအပ်ချီးမြှင့်လျက်ရှိပါသည်။USFတွင် Engineering, Business, Computer Science, Liberal Arts အစရှိသည့် ဘာသာရပ်များအပြင် စုစုပေါင်း ဘာသာရပ်(၁၈ဝ) ကျော်ကို သင်ကြားပို့ချပေးလျက်ရှိပြီး မိမိတို့၏ ပညာရေးဆိုင်ရာထူးချွန်မှုများအလိုက် ပညာသင်ဆုလျှောက်ထားလိုသည့် ...
အသိအမှတ်ပြုဘွဲ့တစ်ခုရရှိထားသူများအနေဖြင့် QS World University Ranking 2021သတ်မှတ်ချက်အရ စင်ကာပူနိုင်ငံ၏ နံပါတ် (၁)အစိုးရတက္ကသိုလ်၊ ကမ္ဘာ့တက္ကသိုလ်အလိုက် အကောင်းဆုံး နံပါတ်(၁၁)အဖြစ် ရပ်တည်လျက်ရှိသည့် The National University of Singapore (NUS) တွင် -1.MSc in Industry 4.02.Master of Computing, Master of Computing (General Track for non-computing UG ...
❝We are very excited and happy to share our outstanding students' achievements❞GAC Grade 12 Program တက်ရောက်သင်ယူပြီး သြစတြေးလျအဆင့်မြင့် တက္ကသိုလ်တစ်ခုဖြစ်တဲ့ James Cook Universityက ပရိုဂရမ်တွေကို စင်ကာပူနိုင်ငံမှာ စာသင်နှစ် တစ်နှစ်တာ ကင်းလွတ်ခွင့် ရရှိခဲ့ကြသည့်အပြင် ပညာသင်ဆု 25%, 50%, 100% အသီးသီးနဲ့ သင်ကြားခွင့် ရရှိထားကြသည့် ...