သြစတြေးလျနိုင်ငံမှာ ပညာသင်ယူဖို့ရည်ရွယ်ထားပေမယ့် သြစတြေးလျရဲ့ ဘယ်နေရာ၊ ဘယ်မြို့ ဘယ်ဒေသမှာ တက်ရောက်သင်ယူနိုင်ဖို့ အတွက် မဆုံးဖြတ်ရသေးဘူး၊ ပညာသင်ယူဖို့ကတဆင့် ပြောင်းရွေ့နေထိုင်ဖို့ရည်ရွယ်ထားတဲ့ ကျောင်းသားတွေအတွက် ဆိုရင်တော့ သြစတြေးလျက Regional Universities အကြောင်းတွေနဲ့ ပတ်သက်ပြီး ဗဟုသုတအနေနဲ့ မျှဝေပေးချင်ပါတယ်။
သြစတြေးလျနိုင်ငံရဲ့ Sydney၊ Melbourne ၊ Brisbane မြို့တွေကလွဲပြီး ကျန်တဲ့ သြစတြေးလျရဲ့ နေရာဒေသတွေမှာ တည်ရှိနေတဲ့ တက္ကသိုလ်များကို “Regional Universities” ခေါ်ဆိုလေ့ရှိပါတယ်။ မြို့ကြီးပြကြီးတွေနဲ့နှိုင်းယှဉ်ရင် သိုက်မြိုက်စည်ကားမှု အများကြီးမရှိနိုင်ပေမယ့် Regional အခေါ်အဝေါ် နဲ့အညီ သက်တောင့် သက်သာ အေးအေး ဆေးဆေး သင်ယူနိုင်တဲ့ အစဉ်အလာရှိတဲ့ တက္ကသိုလ်ကျောင်းတွေရှိရာ နေရာတစ်ခုလို့လည်း ဖြစ်ပါတယ်။
.
သြစတြေးလျရဲ့ Regional Universities ထူးခြားချက်များ။
.
Regional University တွေကိုရွေးချယ်တက်ရောက်ခြင်းဖြင့် သြစတြေးလျနိုင်ငံတွင် အမြဲနေထိုင်ခွင့်ရရှိဖို့ (Permanent Visa) လျှောက်ထားရာတွင် တဖက်တလမ်း အထောက်အကူပြုခြင်း၊
တခြားသော မြို့ပြကြီးတွေထက် နေထိုင်ကုန်ကျစရိတ် သက်သာလေ့ရှိခြင်း၊
သြစတြေးလျရဲ့ Regional Universities တွေမှာ တက်ရောက်သင်ကြားတဲ့ နိုင်ငံတကာ ကျောင်းသူ ကျောင်းသားများအနေနဲ့ (၃) နှစ် အထိ Graduate ဗီဇာ ရရှိနိုင်ခြင်း၊
တချို့သော ဘာသာရပ်များကို သြစတြေးလျရဲ့ Regional Universities များတွင်သာ သင်ယူနိုင်ခြင်း (ဥပမာ-ရေကြောင်းဘာသာရပ်များ)
နိုင်ငံတကာ ကျောင်းသားများအတွက် သြစတေးလျအစိုးရ ကိုယ်တိုင်ကြေငြာထားတဲ့ “Destination Australia” ပညာသင်ဆုများ အခွင့်အလမ်းများပါရှိခြင်း။
.
အထက်ပါအကြောင်းအရာများကြောင့် သြစတြေးလျမှာ ပညာသင်ယူပြီး ပြောင်းရွေ့ နေထိုင်ချင်တဲ့ နိုင်ငံတကာ ကျောင်းသားများတွေကြား နာမည်ကြီးပြီး အများဆုံး ရွေးချယ်စဉ်းစားကြတာ ဖြစ်ပါတယ်။ နေထိုင်ကုန်ကျစရိတ်၊ လူနေမှုပတ်ဝန်းကျင်၊ တက္ကသိုလ်ဂုဏ်သတင်းကောင်းမွန်မှု၊ အလုပ် အကိုင် အခွင့်အလမ်း စတဲ့ အချက် အလက်တွေ အပေါ်မူတည်ပြီး သြစတေးလျနိုင်ငံရဲ့ Top Regional မြို့ဒေသများကိုဖော်ပြရရင်တော့
Perth
Gold Coast
Adelaide
Canberra
Hobart
Wollongong
Newcastle
Darwin
Cairns
Geelong မြို့များမှာရှိတဲ့ တက္ကသိုလ်ကျောင်းများကို ရွေးချယ်စဉ်းစားနိုင်ပါတယ်။
.
တဖက်တွင်လည်း သြစတြေးလျနိုင်ငံရဲ့ Regional Universities များရွေးချယ်တဲ့အခါ အားသာချက်များရှိသလို အားနည်းချက်များလည်း ရှိပါတယ်။ အထူးသဖြင့် အများသုံးသယ်ယူပို့ဆောင်မှုတွေဖြစ်တဲ့ ဘတ်စ်ကားများ အကန့်အသတ်ဖြင့်ထားရှိသွားလာနိုင်ခြင်း၊ ဖျော်ဖြေရေး ကဏ္ဍတွေမှာ မြို့ကြီးတွေထက် ရွေးချယ်မှု နည်းခြင်း၊ ကျောင်းသားအနည်းစု(Small Class)ကို အလေးထားသင်ကြားတာကြောင့် ကျောင်းအဆောက်အအုံ Facilities အပိုင်းဆိုင်ရာတွင် မြို့ကြီးတွေမှာရှိတဲ့ တက္ကသိုလ်ကျောင်းတွေလို မစုံလင်နိုင်ပါ။
.
အချုပ်အရပြောရရင် သြစတြေးလျနိုင်ငံမှာ ပညာသင်ယူမယ့် မြန်မာကျောင်းသူ ကျောင်းသားများအနေနဲ့ မြို့ပြကြီးတွေနဲ့ သတ်မှတ်ထားတဲ့ Regional University တည်ရှိရာနေရာတွေကို ရွေးချယ်မှုတွေနဲ့ပက်သက်ပြီး နှစ်ဖက်စလုံးတွင် အကျိုးအပြစ်များ ကိုသတိပြုချိန်ဆရန် လိုအပ်ပြီး မိဘထောက်ပံ့ပေးနိုင်တဲ့ ငွေကြေးပမာဏအခြေအနေ၊ သင်ယူချင်တဲ့ဘာသာရပ်၊ သွားရောက်သင်ယူတဲ့အခါ မိမိသင်ကြားချင်တဲ့ နေထိုင်မှုပုံစံနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် ပတ်ဝန်းကျင်အနေအထား၊ အလုပ်အကိုင်ခွင့်အလမ်း စတာတွေကို အလေးပေးစဉ်းစားဆုံးဖြတ်ပြီးမှသာ ရွေးချယ်နိုင်ဖို့ အကြံပြုလိုပါတယ်။
.
▣ CROWN Education အနေဖြင့် CROWN နှင့် ချိတ်ဆက်ထားသည့် အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ ယူကေ၊ ဆွစ်ဇာလန်၊ ဟန်ဂေရီ၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ထိုင်း စသည့်နိုင်ငံများရှိ တက္ကသိုလ်ကျောင်းများကိုလည်း (အခမဲ့) ကူညီလျှောက်ထားပေးလျက်ရှိပါသည်။ ပညာရေးဆွေးနွေးလျှောက်ထားမှုများအတွက် b.link/CrownMeet မှတဆင့် Premium Consulting Appointment ရယူပြီး One to One အကြံပေးဆွေးနွေးမှုများ ရယူနိုင်ပါတယ်။