News

ဆွစ်ဇာလန်နိုင်ငံဟာ နှစ်စဉ် နိုင်ငံတကာမှ လာရောက်လည်ပတ်အပန်းဖြေကြတဲ့ နိုင်ငံတစ်ခုဖြစ်ရုံသာမက Hospitality & Tourism ဘာသာရပ်များအတွက် နိုင်ငံတကာမှ ကျောင်းသူ ကျောင်းသားများ ရွေးချယ်သင်ယူမှုအများဆုံး နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံရဲ့ တက္ကသိုလ် တက်ရောက်ရတဲ့ ကုန်ကျစရိတ်မှာ မြင့်မားလှသော်လည်း လုပ်ခလစာပါဝင်တဲ့ Internship Program များနှင့်အတူ အလုပ်အတွေ့အကြုံ သင်ယူရရှိနိုင်ခြင်း၊ ဘွဲ့ရရှိပြီးပါက အလုပ်အကိုင်အခွင့်အလမ်းများပြားတာကြောင့် နှစ်စဉ် ဆွစ်ဇာလန်ကို အများအပြား လာရောက်သင်ကြားလျက် ရှိကြပါတယ်။

ဆွစ်ဇာလန်ပညာရေးစိတ်ဝင်စားသူတဲ့ ကျောင်းသူ ကျောင်းသားများအတွက် အခုပို့စ်ကတဆင့် ❝ဆွစ်ဇာလန်နိုင်ငံသို့ ပညာသွားရောက်သင်ယူရာတွင် အမေးများသော မေးခွန်းများ❞ ကို သိရှိနိုင်ရန် ဖြေကြားပေးလိုက်ပါတယ်။

(၁) ဆွစ်ဇာလန်နိုင်ငံမှာ ဘယ်ဘာသာရပ်တွေကို ရွေးချယ်သင်ယူမှု အများဆုံးလဲ။
ကမ္ဘာ့မှာ ဆွစ်ဇာလန်နိုင်ငံမှာရှိတဲ့ ကောလိပ်၊ တက္ကသိုလ်တွေမှာ သင်ကြားတဲ့ Hotel Management , Business Programs, Leisure, Hotel services and Event Management တွေမှာ ‌အကောင်းဆုံးနိုင်ငံအဖြစ် Global QS University Rankings မှာဖော်ပြခြင်းခံရတာ ဖြစ်ပါတယ်။နိုင်ငံတကာမှ ကျောင်းသူ ကျောင်းသားများ ဆွစ်ဇာလန်နိုင်ငံမှာ သင်ယူလေ့လာမှုအများဆုံး မေဂျာများကို ဖော်ပြပါဆိုရင် Hotel Management, Culinary Arts,Event Management, Global Business Administration တို့ဖြစ်ကြပါတယ်။ အခြားသော ဘာသာမေဂျာများဖြစ်တဲ့ Engineering and Technology, Life Sciences and Health Sciences, International Relations and Political Science, Environmental Sciences,Art and Designများလည်း တက်ရောက်သင်ကြားနိုင်ပါတယ်။

(၂)ဆွစ်ဇာလန်နိုင်ငံမှာ ပညာသင်သွားရောက်ဖို့ (၁) နှစ် စာကုန်ကျငွေ ဘယ်လောက်ရှိမလဲ။
ဆွစ်ဇာလန်နိုင်ငံတွင် သွားရောက်ပညာသင်ယူမယ့် ကျောင်းးသူ ကျောင်းသားများအနေနှင့် ‌(၁) နှစ်ကို ကျောင်းလခနဲ့ နေထိုင်စားသောက်စရိတ်အတွက် CHF 27,350 မှ 36,500 ထိ ခန့်မှန်းခြေကုန်ကျနိုင်ပါတယ်။

(၃) ဆွစ်ဇာလန်နိုင်ငံမှာ Undergraduate တက်ရောက်ဖို့ ဘယ်လိုပညာရေးလမ်းကြောင်းတွေရှိလဲ။
လျှောက်ထားသော ကျောင်းသူ ကျောင်းသားများအနေနဲ့ မြန်မာဆယ်တန်း (သို့) IGCSE ဖြေဆိုအောင်မြင်ပြီး သော တက္ကသိုလ် အမှတ်စာရင်းများ နှင့်အတူ သက်ဆိုင်ရာ တက္ကသိုလ်ကျောင်းများတောင်းခံသည့် Motivation Letter, TOEFL/ IELTS, Curriculum Vitae များပြင်ဆင်ပြီးလျှောက်ထားနိုင်ပါသည်။ ဘွဲ့ကြိုဒီဂရီအတွက် စာသင်နှစ် (၃) နှစ် (သို့) (၄) နှစ် အထိ သင်ယူတက်ရောက်ရန်လိုအပ်ပါသည်။

(၄) ဆွစ်ဇာလန်နိုင်ငံမှာ ဘွဲ့လွန်ဒီဂရီများ တက်ရောက်ဖို့ ဘာတွေလိုအပ်လဲ။
ဘွဲ့လွန် မာစတာများအတွက် လုပ်သက်အတွေ့အကြုံရှိထားရန်လိုအပ်ပြီး သက်ဆိုင်ရာ နဲ့ ဘာသာရပ်အပေါ်မူတည်ပြီး နှစ်အ‌ရေအတွက် ပြောင်းလဲနိုင်ပါသည်။ ပျမ်းမျှအားဖြင့် အချိန် (၁) နှစ်သာ တက်ရောက်သင်ကြားဖို့ လိုအပ်ပါသည်။

(၅) ဆွစ်ဇာလန်ကို တစ်နှစ်မှာ ဘယ် Intake အတွက် ကျောင်းလျှောက်ထားနိုင်မလဲ။
နှစ်စဉ် February , June Intake များအတွက် ဆွစ်ဇာလန်နိုင်ငံရှိ တက္ကသိုလ်များသို့ လျှောက်ထားနိုင်ပြီး ဘာသာရပ်များ၊ ဗီဇာလျှောက်ထားမှုများ၊ ကျောင်းဝင်ခွင့်လိုအပ်ချက်များပြည့်စုံနိုင်စေဖို့အတွက် လိုအပ်ပါက သက်ဆိုင်ရာ ပညာရေးတာဝန်ခံများနဲ့ ဆွေးနွေးအကြံပေးမှု ရယူသင့်ပါသည်။

(၆) ဆွစ်ဇာလန်နိုင်ငံကကျောင်းတွေမှာ နိုင်ငံတကာ ကျောင်းသူ ကျောင်းသားတွေအတွက် ပညာသင်ဆု အခွင့်အရေးနဲ့ ပတ်သက်ပြီး ဘယ်လိုရှိလဲ။ ဘယ်လို ပညာသင်ဆုတွေ လျှောက်ထားနိုင်မလဲ။
ဆွစ်ဇာလန်တက္ကသိုလ်များမှပေးအပ်ချီးမြှင့်သော ပညာသင်ဆုများအနက်မှ Ph.D. တက်ရောက်လိုတဲ့ကျောင်းသူ၊ကျောင်းသားများအတွက် Partial Funding အဖြစ် Swiss Government Excellence Scholarship, EPFL Excellence Fellowship, Institute for Peace and Dialogue Summer Programs, STAR Scholarship, Friedrich Naumann Foundation Scholarship. Fully Funded အဖြစ် Swiss Federal Institute of Technology Lausanne Fully Funded Scholarship, University of Geneva Excellence Faculty of Science Masters Fellowship, SIT STAR Scholarship များလျှောက်ထားနိုင်ပါတယ်။ Hospitality & Tourism Management, Culinary Arts School များတွင်လည်း ကျောင်းသူ၊ကျောင်းသားများ၏ ထူးချွန်မှုအလိုက် 15%, 20% ကဲ့သို့သော Partial Scholarshipများ လျှောက်ထားနိုင်ပါသည်။

CROWN Education အနေဖြင့် ဆွစ်ဇာလန်နိုင်ငံမှ ချိတ်ဆက်ထားသော ကျောင်းများအတွက် (အခမဲ့) အစအဆုံး ကူညီဝန်ဆောင်မှုပေးလျက်ရှိသလို အီတလီ၊ ဟန်ဂေရီ၊ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ ယူကေ၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဂျပန် စသည့်နိုင်ငံများရှိ ချိတ်ဆက်ထားသော တက္ကသိုလ်နှင့်ကျောင်းများကိုလည်း လျှောက်ထားပေးလျက်ရှိပါတယ်။ ပညာရေးဆွေးနွေးလျှောက်ထားမှုများအတွက် b.link/CrownMeet မှတဆင့် Premium Consulting Appointment ရယူပြီး One to One အကြံပေးဆွေးနွေးမှုများ ရယူနိုင်ပါတယ်။

Book Appointment >