News

▣ ကနေဒါနိုင်ငံ ဟာ ကမ္ဘာ့နိုင်ငံအရပ်ရပ်မှ ကျောင်းသူ ကျောင်းသားများ လာရောက်သင်ကြားမှုများတွင် တတိယအများဆုံးသော နိုင်ငံဖြစ်ပါတယ်။ ကနေဒါနိုင်ငံရဲ့ U15 အဖွဲ့ဝင်တက္ကသိုလ်ဆိုတာကတော့ ကမ္ဘာ့အဆင့်မီ Intensive Research သုတေသနပိုင်းဆိုင်ရာလေ့လာမှုများအတွက် ၁၉၉၁ ခုနှစ်မှ စတင်တည်ရှိခဲ့တဲ့ ဂုဏ်သတင်းကျော်ဇောတဲ့ ထိပ်တန်းကနေဒါ အစိုးရတက္ကသိုလ် (၁၅) ကျောင်းကို စုပေါင်းပါဝင်ဖွဲ့စည်းထားတဲ့ U15 Group of Research Universities တစ်ခု ဖြစ်ပါတယ်။
.
▣ အဆိုပါတက္ကသိုလ်များရဲ့ နှစ်စဉ် Research ပိုင်းဆိုင်ရာလေ့လာမှုများအတွက် $8.6 billion အသုံးပြုလျက်ရှိပြီး ပိုမိုကောင်းမွန်တဲ့ တီထွင်ကောင်းမွန်မှုများပြုလုပ်နိုင်ရန်အတွက် အစဉ်ကြိုးပမ်းလျက်ရှိတဲ့တက္ကသိုလ်ကြီးများ ဖြစ်ပါတယ်။ ထိုသို့ ကြိုးပမ်းရာမှာ အစိုးရအဖွဲ့အစည်းများ၊ ပြင်ပ စက်မှုအလုပ်ရုံများနှင့် နီးနီးကပ်ကပ် ပူးပေါင်းချိတ်ဆက်လုပ်ကိုင်ကြလျက်ရှိပြီး လူမှုပတ်ဝန်းကျင်အတွက် လက်တွေ့အကောင်အထည်လုပ်ဆောင်ကြတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။
.
▣ U15 အဖွဲ့ဝင်တက္ကသိုလ်များဟာ 2014 ခုနှစ်မှ စတင်ကာ ကမ္ဘာနိုင်ငံအသီးသီးမှာတည်ရှိကြတဲ့ Top Research Universities တွေနဲ့ ပါဝင်ချိတ်ဆက်လာပြီး Global Networks Partners အဖြစ်
👉Association of American Universities (AAU)
👉Association of East Asian Research Universities (AEARU)
👉German U15
👉Group of Eight (Go8) Australia;
👉Hong Kong 3
👉League of European Research Universities (LERU)
👉RU11 (Japan)
👉Russell Group (UK) တို့ပါဝင်လာကြပါတယ်။
.
▣ ကနေဒါနိုင်ငံရဲ့ U15 Group of Universities မှာ ဘယ် တက္ကသိုလ်ကျောင်းတွေ ပါဝင်လဲ။
အဆိုပါ တက္ကသိုလ်ကြီးများဟာ ကနေဒါနိုင်ငံရဲ့ အထင်ကရမြို့ကြီးများတွင်တည်ရှိကြတဲ့ တက္ကသိုလ်ကျောင်းများ ဖြစ်ကြပြီး U15 Group of Research Universities တွင် ပါဝင်ဖွဲ့စည်းထားသော တက္ကသိုလ်ကျောင်းများကို ဖော်ပြရလျှင်
.
🇨🇦University of Alberta
🇨🇦University of British Columbia
🇨🇦University of Calgary
🇨🇦Dalhousie University
🇨🇦Université Laval
🇨🇦University of Manitoba
🇨🇦McGill University
🇨🇦McMaster University
🇨🇦Université de Montréal
🇨🇦University of Ottawa
🇨🇦Queen’s University
🇨🇦University of Saskatchewan
🇨🇦University of Toronto
🇨🇦University of Waterloo
🇨🇦Western University တို့ပါဝင်ကြပါတယ်။
.
▣ကနေဒါနိုင်ငံရဲ့ U15 Group of Research Universities ကျောင်းများဟာ ဘာကြောင့် လူသိများထင်ရှားကြတာလဲ။
.
✔️ကမ္ဘာ့အဆင့်မီ ကနေဒါ ထိပ်တန်း အစိုးရတက္ကသိုလ်များ ဖြစ်ခြင်း။
✔️နိုင်ငံတကာမှ မတူကွဲပြားမှုကိုအားပေးလျက်ရှိသော ဂုဏ်သိက္ခာရှိ တက္ကသိုလ်ကျောင်းများဖြစ်ခြင်း။
✔️U15 အဖွဲ့ဝင်တက္ကသိုလ်များသည် နိုင်ငံတကာထိပ်တန်း Research Universities များနှင့် Global Network Parters အဖြစ် ချိတ်ဆက်လုပ်ကိုင်လျက်ရှိသော တက္ကသိုလ်များဖြစ်ခြင်း။
✔️ကနေဒါနိုင်ငံအတွက် လိုအပ်တဲ့ အဖက်ဖက်မှ သုသေသနလုပ်ငန်းဆိုင်ရာများကို ကနေဒါအစိုးရအပါအဝင် ပြင်ပပုဂ္ဂလိက လုပ်ငန်းများနှင့် စက်ရုံအလုပ်ရုံများနှင့် နီးနီကပ်ကပ် ကူညီဆောင်ရွက်ပေးသော အဖွဲ့ဝင်တက္ကသိုလ်များ ဖြစ်ခြင်း။၊
✔️U15 အဖွဲ့ဝင်တက္ကသိုလ်များတွင် နိုင်ငံတကာ ကျောင်းသူ ကျောင်းသားများအတွက် သက်ဆိုင်ရာ နယ်ပယ် လေ့လာမှုတွင် ခေတ်မီသင်ရိုးညွှန်းတမ်းများအတွက် အထောက်အကူပြုမယ့် Facilities များဖြစ်သည့် Libraries များ၊ Research labs များ ထားရှိပေးခြင်း။
✔️မိမိစိတ်ဝင်စားသင်ယူလိုသည့် Undergraduate နှင့် Postgraduate Degree များအတွက် Research Programs အများအပြား ရွေးချယ်သင်ယူနိုင်ခြင်း တို့ကြောင့် ထင်ရှားကျော်ကြား ကြပါတယ်။
.
▣ကနေဒါ U15အဖွဲ့ဝင် တက္ကသိုလ်ကျောင်းများရဲ့ ဝင်ခွင့်ရဖို့ ဘာတွေလိုအပ်မလဲ။
မြန်မာဆယ်တန်း(သို့) IGCSE ဖြေဆိုအောင်မြင်ထားတဲ့ကျောင်းသူ ကျောင်းသားများအနေဖြင့် ကနေဒါနိုင်ငံအသိအမှတ်ပြု Grade 12 လက်မှတ်များဖြင့် လျှောက်ထားနိုင်ပြီး GPA Score များ ကောင်းမွန်မှုရှိရန် လိုအပ်ပါတယ်။ English Language Proficiency Test များဖြစ်သည့် IELTS/ TOEFL/ PTE Academic Score များနှင့်အတူ ပညာသင်ဆုများအတွက် လိုအပ်ပါက Standarized Test များ သီးသန့်ပြင်ဆင်လျှောက်ထားနိုင်ပါတယ်။ မိမိလျှောက်ထားသည့် တက္ကသိုလ် ကျောင်းဝင်ခွင့်အတွက် အသေးစိတ်ကို သက်ဆိုင်ရာ တက္ကသိုလ်ကျောင်း Website တွင် ဖော်ပြထားသည့် လိုအပ်ချက်များအတိုင်း ပြင်ဆင်လျှောက်ထားနိုင်ပါတယ်။ Master Program ကျောာင်းဝင်ခွင့်များအတွက် လျှောက်ထားရာတွင် 4 year Bachelor’s Degreee ရရှိထားရန်နှင့် IELTS/TOEFL Score များ နှင့် GMAT/GRE Scores များ အကြမ်းအားဖြင့် ကျောင်းဝင်ခွင့်အတွက် တောင်းခံလေ့ရှိကြပါတယ်။
.
▣CROWN Education အနေဖြင့် မိမိတို့ နှင့်ချိတ်ဆက်ထားသော ကနေဒါနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ တက္ကသိုလ်ကျောင်းများကို အခမဲ့ ကူညီလျှောက်ထားပေးလျက်ရှိပြီး ကနေဒါနိုင်ငံ ပညာရေးဆွေးနွေးမှုများအတွက် b.link/CrownMeet မှတဆင့် APPOINTMENT ရယူနိုင်ပါတယ်။

Book Appointment >