Scholarships & News

University of the Thai Chamber of Commerce (UTCC)ရှိ Bachelor of Business Administration (UTCC), Bachelor of Business (University of Newcastle,UON)ပရိုဂရမ်တွေကို UTCC Gold Scholarshipနဲ့အတူ (၄)နှစ်စာ သင်ကြားခွင့်ရရှိသည့် မသံစဉ်စိုးမိုးသူအတွက် CROWN Education မိသားစုမှ အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

ထိုင်းနိုင်ငံပညာရေးကို စိတ်ဝင်စားတဲ့ ကျောင်းသူ၊သားတွေအတွက် UTCCမှာ ဘယ်လို Bachelor Degree Program တွေရှိလဲ။
ခေတ်နဲ့လိုက်လျောညီထွေမှုရှိတဲ့ –
•International Business Management,
•Hospitality Business Management,
•Accountancy ဘာသာရပ်တွေကို အင်္ဂလိပ်ဘာသာစကားနဲ့ သင်ယူနိုင်သလို တစ်ချိန်တည်းမှာ နိုင်ငံတကာအသိအမှတ်ပြု Bachelor Degree (၂)ခု ရယူချင်တဲ့ ကျောင်းသူ၊သားတွေအတွက်ကိုလည်း Bachelor of Business Administration (UTCC) | Bachelor of Business Innovation and Entrepreneurship (UON)အပြင် Bachelor of Accountancy (UTCC) | Bachelor of Commerce (UON)လို “Two Degrees, One Program”အစီအစဉ်တွေရှိပါတယ်။

UTCC ကျောင်းဝင်ခွင့်ရဖို့ ဘာတွေလိုအပ်လဲ။ ဘယ်လိုပညာသင်ဆုတွေရှိလဲ။
မြန်မာဆယ်တန်း၊GCE O’ levelပြီးထားတဲ့ကျောင်းသူ၊သားတွေအနေနဲ့ တက္ကသိုလ်ပထမနှစ်ကို တိုက်ရိုက်တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် CROWN Education & Royal Academic Instituteကနေ American Grade 12 Program (GAC) သို့မဟုတ် Canada Grade 12 Program (OSSD) ပြီးထားတဲ့ ကျောင်းသူ၊သားတွေဆိုရင် Credit Exemptionတွေနဲ့ သင်ကြားခွင့်ကိုလည်းရရှိနိုင်မှာဖြစ်ပါတယ်။

Bachelor Degreeအတွက် လျှောက်ထားနိုင်တဲ့ UTCC ပညာသင်ဆုတွေကတော့ –
•UTCC-GOLD Scholarship
•UTCC ASEAN Full Grantနဲ့
•Rattanamongkol Scholarshipတို့ပဲဖြစ်ပါတယ်။

UTCC Bachelor Degree Scholarshipsလျှောက်ထားဖို့ ဘာတွေပြင်ဆင်ထားရမလဲ။
၁။ ပညာရေးဆိုင်ရာ စာရွက်စာတမ်းများ (အမှတ်စာရင်း၊ အောင်လက်မှတ်)၊
၂။ အင်္ဂလိပ်စာအရည်အချင်း အထောက်အထား (IELTS Overall BandScore – 5.0 သို့မဟုတ် IELTS မရှိထားသူများအနေဖြင့်
UTCC English Placement Test ဖြေဆိုလျှောက်ထားနိုင်ပါတယ်)၊
၃။ Passport မူရင်း၊
၄။ UTCC Application Form
၅။ Statement of Purpose
၆။ မိမိကိုယ်တိုင်ဖန်တီးထားသည့် Portfolio (သို့မဟုတ်) Personal Statementနဲ့အတူ လျှောက်ထားရမှာဖြစ်ပြီး UTCCက စစ်ဆေးတဲ့ Interviewကိုလည်း ဖြေဆိုအောင်မြင်ဖို့လိုအပ်ပါတယ်။

(၂ဝ၂၁)ခုနှစ်အတွက် UTCCမှာသင်ယူလျှောက်ထားနိုင်တဲ့ Bachelor, Master Programတွေအကြောင်း၊ Scholarships နဲ့ ကျောင်းဝင်ခွင့်ဆိုင်ရာအချက်အလက်တွေကို အသေးစိတ်ထပ်မံသိရှိလိုပါက – CROWN Education၏ ရုံးဖုန်းနံပါတ်များဖြစ်သည့် 09 965 085 185, 09 445 566 701 သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းစကားပါးလိုက်ပါတယ်။

Book Appointment >