ACT-GAC ဆိုတာဘာလဲ

  • အမေရိကန်ပြည်ထောင်စု Ivy League တက္ကသိုလ်ကြီးများအပါအဝင်၊ ပြည်နယ်အသီးသီးရှိ Ranking မြင့်မားသော တက္ကသိုလ်ကြီးများသို့ဝင်ခွင့်ရရှိရန်နှင့်၊ အမေရိကန်ပြည်ထောင်စုတစ်လွှားတက္ကသိုလ်များသို့ ပညာသင်ဆုများလျောက်ထားရာတွင် SAT သို့မဟုတ် ACT ရမှတ်ကိုတင်ပြရလေ့ရှိပါသည်။
  • (Covid-19 အခြေအနေကြောင့် အမေရိကန် တက္ကသိုလ်အများစုမှ SAT/ACT မပါပဲလျှောက်ထားခွင့်ပြုသည်။ သို့သော်ပညာသင်ဆုနှင့် Ranking ကောင်းသောတက္ကသိုလ်ဝင်ခွင့်မျှော်မှန်းသောကျောင်းသူကျောင်းသားများ၊ SAT/ACT ရမှတ်များပြင်ဆင်ပြီမှလျှောက်ထားသင့်သည်။)
  • မြန်မာနိုင်ငံကျောင်းသားအများစုအနေဖြင့် SAT စာမေးပွဲကိုသာရင်းနှီးကြပြီး၊ Exam Center ရရှိရန်ခက်ခဲသော ACT (American College Test) ကိုလူသိနည်းကြသေးသည်။ ACT -American College Test အောက်တွင် ACT-GAC ဟုခေါ်တွင်သည့် USA Grade 12 လက်မှတ်ရှိသည်။ ဆိုလိုသည်မှာ SAT ပြင်ဆင်ပါက သီးသန့် USA Grade 12 လက်မှတ် မပါဝင်ပဲ၊ ACT ပြင်ဆင်ပါက ACT-GAC အဖြစ် USA Grade 12 လက်မှတ်ပါတစ်ပါတည်းရရှိမည်။
အသေးစိတ်အချက်အလက်များကို ACT ဝက်ဆိုက် ဤနေရာတွင်နှိပ်၍  CLICK HERE ကြည့်ရှု့နိုင်သည်။
  • (၁၂)တန်း ပညာရေးစနစ်ဖြစ်သည့် American Grade 12 Program( ACT- Global Assessment Certificate) ကို အမေရိကန်ပြည်ထောင်စု IOWA ပြည်နယ်အခြေစိုက် ACT,INC. နှင့် မြန်မာနိုင်ငံမှ CROWN Education/Royal Academic Institute တို့နှင့် ပူးပေါင်းစီစဉ်ကာ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ဖွင့်လှစ်ခဲ့ပါသည်။ စတင်ဖွင့်လှစ်ခဲ့သော စက်တင်ဘာလ ၂၀၁၃ ခုနှစ်မှစပြီး ယခုလက်ရှိ စက်တင်ဘာ ၂၀၂၃ ခုနှစ်အထိ (၁၀)နှစ်ကျော် ကာလအတွင်း Yangon Campus – Batch (29) နှင့် Mandalay Campus – Batch (5) အထိ ဖွင့်လှစ်ထားနိုင်ခဲ့ပြီး ကျောင်းသားဦးရေ (650) ယောက်သင်ကြားမွေးထုတ်ကာ  ကမ္ဘာ့နိုင်ငံအသီးသီးတွင်၊ တက္ကသိုလ်တိုက်ရိုက်ဖြင့်လည်းကောင်း၊ ပညာသင်ဆုများနှင့် လည်းကောင်း၊ ပညာလေ့လာသင်ယူဆည်းပူးနေကြပြီး၊ အချို့ လုပ်ငန်းခွင်တွင်ဝင်ရောက်လုပ်ကိုင်နေကြသည့်အထိကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
ACT-GAC တက်ရောက်အောင်မြင်ပြီးကမ္ဘာအရပ်ရပ်တွင်ပညာသင်ကြားနေကြသည့်ကျောင်းသူကျောင်းသားများ၏ အကြောင်းကို ဤနေရာတွင်နှိပ်၍ CLICK HERE ကြည့်ရှု့နိုင်သည်။

American Grade 12 Program (ACT – Global Assessment Certificate) ကို ပြည်တွင်းတွင် (၁)နှစ် ကြာတက်ရောက်ရမည်ဖြစ်ပြီး အဆိုပါ ပရိုဂရမ်သည် အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်များအပါအဝင် သြစတြေးလျ၊ ကနေဒါ၊ စင်ကာပူ၊ အင်္ဂလန် တက္ကသိုလ်များမှ Foundation အဖြစ် အသိအမှတ်ပြုထားပါသည်၊၊ အဆိုပါ တက္ကသိုလ်များတွင် Foundationတက်ရောက်ရန် မလိုအပ်တော့ဘဲ တက္ကသိုလ်ပထမနှစ်(တစ်ချို့ တက္ကသိုလ်များတွင် ဒုတိယနှစ်အထိတိုက်ရိုက်) တက်ရောက်ခွင့်ရရှိမည့် ပရိုဂရမ်ဖြစ်ပါသည်၊၊

မြန်မာနိုင်ငံမှကျောင်းသူကျောင်းသားအများစုသည်အလွတ်ကျက်မှတ်သည့်စနစ်မှကြီးပြင်းလာသည့်အတွက်၊ မိမိဝါသနာကိုသိရှိရန်ခက်ခဲလေ့ရှိပါသည်။ မိမိတို့ဝါသနာ၊ ဗီဇကိုသိရှိနိုင်ရန်မှန်ကန်သော လေ့လာသင်ယူမှုနှင့်၊ ပြည့်စုံသောဘာသာရပ်များကိုလေ့လာသင်ကြားခွင့်ရမှသာ၊ ဆုံးဖြတ်ရန်လွယ်ကူနိုင်ပါသည်။

နိုင်ငံတကာ တက္ကသိုလ်များတွင် ကျောင်းသားများလိုအပ်မည့် Academic Knowledge, Academic English, Mathematics, Computing, Business,Science & Social Science, Psychology, Communication Skills နှင့် Study Skills for Independent Learning Skills များအပြင် IELTS သို့ TOEFL ဖြေဆိုနိုင်ရန် တစ်ပါတည်း ပြင်ဆင်ပေးမည့် ပရိုဂရမ်တစ်ခုဖြစ်ပါသည်၊၊

နိုင်ငံတကာ တက္ကသိုလ်များတွင် ဆက်လက်တက်ရောက်နိုင်ရန် Credit / GPA ဖြင့် အမှတ်စာရင်းထုတ်ပေးသဖြင့် မိမိတို့ တက်ရောက်လိုသည့် တက္ကသိုလ်များ၏ ၀င်ခွင့်သတ်မှတ်ချက်များကို ကြိုတင်သိရှိကာ တိကျစွာ ပြင်ဆင်နိုင်ပါသည်၊၊ သင်ရိုးညွှန်းတမ်းများမှာ အမေရိကန်ပြည်ထောင်စုမှ ရေးဆွဲသည့်သင်ရိုးညွှန်းတမ်း ဖြစ်ပြီး အမေရိကန်မှ စစ်ဆေးသော စာမေးပွဲကို ဖြေဆိုရမည်ဖြစ်သဖြင့် ကျောင်းသား ကျောင်းသူများ၏ အရည်အသွေးကို စဉ်ဆက်မပြတ် တိုင်းတာနိုင်ပါသည်၊၊

၄င်းပရိုဂရမ်သည် GCE’A’ အဆင့်နှင့်ညီမျှကာ SAT (Scholastic Assessment Test I/II) ထပ်မံပြင်ဆင်ရန်မလိုအပ်ပဲ ထူးချွန်သောကျောင်းသား ကျောင်းသူများအတွက် အမေရိကန်နှင့် အင်္ဂလန်တက္ကသိုလ်များတွင် ပညာသင်ဆု ဆက်လက်လျှောက်ပေးမည့် အစီအစဉ်ပါ၀င်ပါသည်၊၊ ကျောင်းသား ကျောင်းသူများအနေဖြင့် အမေရိကန်တက္ကသိုလ်များသို့ ပညာသင်ဆုများ လျှောက်ထားရာတွင် လိုအပ်သော ACT Assessment Test ကို ရွေးချယ်သင်ယူနိုင်ပါသည်၊၊

ACT-GAC တွင်သင်ကြားရမည့်ဘာသာရပ်များ

LEVEL I:

Module No. Module Name and Type
compulsory and co-requisite
Hours
Class Ind. Study Total
GAC001 Academic English I: Listening and Speaking Skills 40 20 60
GAC002 Academic English I: Reading and Writing Skills 40 20 60
GAC003 Study Skills for Independent Learning 40 20 60
GAC004 Mathematics I: Fundamentals 40 20 60
GAC005 Computing I: Introduction to Computing for Academic Study 40 20 60
GAC006 Communication Skills: Business, Science, Social Science, and Psychology 40 20 60

Total Hours Level I: 240 hours of classroom study, plus 120 hours of Independent Study. Modules 001-006 are compulsory.

LEVEL II:

Module No Module Hours
Class Ind. Study Total
GAC007 Academic English II: Listening and Speaking Skills 40 20 60
GAC008 Academic English II: Reading and Writing Skills 40 20 60
Students choose 4 of the 6 following specialization subject areas:
Specialization
GAC010 Mathematics II: Probability, Statistics and Finance 40 20 60
GAC011 Computing II: Data Management 40 20 60
GAC012 Business II: Business Studies 40 20 60
GAC013 Science II: Scientific Principles 40 20 60
GAC027 Social Science II: Identity and Interaction in Society 40 20 60
GAC029 Psychology II: Introduction to Psychology 40 20 60
Electives: Students may choose to study one of the following modules. Note: These modules do not contribute to the final qualification.
GAC019 IELTS™ Preparation Skills 40 20 60

Total Hours Level II: 240 hours of classroom study, plus 120 hours of Independent Study.

LEVEL III:

Module No Module Hours
Class Ind. St Total
GAC014 Academic English III: Listening and Speaking Skills 40 20 60
GAC015 Academic English III: Reading and Writing Skills 40 20 60
Students choose 4 of the 7 following modules:
GAC016 Mathematics III: Calculus and Advanced Applications 40 20 60
GAC017 Computing III: Digital Communication 40 20 60
GAC022 Business III: International Business Studies 40 20 60
GAC023 Science III: General Science 40 20 60
GAC024 Discrete Mathematics 40 20 60
GAC028 Social Science III: Research Skills and Global Issues 40 20 60
GAC030 Psychology III: Research Skills in Psychology 40 20 60
Electives: This module prepares students for the ACT Test which is an international standardized university admission test.
Note: This module does not contribute to the final qualification.
GAC026 ACT® Preparation Skills 40 20 60

Total Hours Level III: 240 hours of classroom study, plus 120 hours of Independent Study and an optional 40 hours of ACT Preparation Skills.

နိုင်ငံတကာသင်ယူမှုပုံစံပြောင်းလဲသင်ကြားခြင်း

မြန်မာနိုင်ငံမှကျောင်းသူကျောင်းသားများဖြတ်သန်းခဲ့ရသော ပညာရေးများသည်၊ စာမေးပွဲစစ်ဆေးခြင်းဖြင့် ကလေးပညာရေးကိုအကဲဖြတ်စစ်ဆေးသည်။ စာကျက်ဖတ်နိုင်စွမ်းရှိသည့်ကလေးများရှိသကဲ့သို့၊ စာမေးပွဲစနစ်ဖြင့်အံမဝင်၍ မိမိတို့အရည်အသွေးများကို မပြသနိုင်ကြသည့်ကလေးများလည်းရှိသည်။

ACT-GAC စနစ်တွင် ကလေးများ၏အရည်အသွေးကိုရှု့ထောင့်ပေါင်းစုံမှချဉ်းကပ်၊အကဲဖြတ်သည်။ မြန်မာဆယ်တန်းအမှတ်မကောင်းသည့်ကလေးများလည်း မိမိတို့စိတ်ဝင်စားသည့်ဘာသာရပ်တွင်ထူးချွန်နိုင်သည်။ မြန်မာဆယ်တန်းအမှတ်ကောင်းပြီး ဘာသာရပ်ရွေးချယ်မှုမမှန်ကန်ပါကလည်း၊ သူတို့ထူးချွန်မှုနှင့် မလိုက်ဖက်သည့်ပညာရေးစနစ်ကိုရွေးချယ်မိပါက၊ အောင်မြင်သင့်သလောက်မအောင်မြင်ဖြစ်နိုင်သည်။ အဆိုပါအချက်လက်များကိုသိရှိနိုင်စေရန် ACT-GAC ပရိုဂရမ်တွင်ပါဝင်သော Psychology ဘာသာရပ်မျိုးကို စနစ်တကျလေ့ကျင့်ခြင်းဖြင့်များစွာအကြိုးသက်ရောက်မှုရှိသည်။

 မြန်မာနိုင်ငံတွင်လေ့လာသင်ယူစဉ်အတွင်း၊ ဘာသာရပ်ဆုံးဖြတ်ရန်မလိုသေးပဲ၊ ဤပရိုဂရမ်ပြီးဆုံးမှ အင်ဂျင်နီယာ၊ စီးပွားရေး၊ကွန်ပျူတာ၊ အာခီ၊စသဖြင့် မိမိတို့ နှစ်သက်ရာနိုင်ငံအသီးသီး၏ တက္ကသိုလ်များတွင်လေ့လာသင်ယူနိင်ပါသည်။ မိဘများအနေဖြင့်လည်း ကုန်ကျစရိတ်များစွာ သက်သာနိုင်သည့်အပြင် မိမိတို့ကလေးများကိုလည်း မြန်မာနိုင်ငံတွင် နိုင်ငံတကာပညာရေးစံချိန်စံညွှန်း များအတိုင်း ကောင်းမွန်စွာပြင်ဆင်ပေးလိုက်နိုင်မည်ဖြစ်ပါသည်၊၊

ထို့အပြင် မြန်မာအစိုးရကျောင်းထွက်ကျောင်းသူကျောင်းသားများသည့် အင်္ဂလိပ်စာအားနည်းခြင်း၊ Presentation လုပ်သည့် အတွေ့အကြုံများမရှိခြင်း၊ စာကြိုးစား၊ တော်လေ့ရှိကြသော်လည်း မိကိုယ်ကိုယ်မိမိယုံကြည်အားနည်းခြင်း၊ မိဘများအပေါ်မှီခိုလွန်းခြင်းစသည့် အားနည်းချက်လေးများတွေ့ရလေ့ရှိသည်။ နိုင်ငံတကာတွင်ပညာလေ့လာသင်ယူရန် အဆိုပါအားနည်းချက်များကို ဤပရိုဂရမ်မှ အကောင်းဆုံးကြိုးစားပြင်ဆင်ပေးမည်ဖြစ်ပါသည်။

ACT-GAC ကျောင်းသူ/ကျောင်းသားလေးများ

ACT-GAC ကိုတက်ရောက်ပြီးကမ္ဘာတစ်ဝှမ်းတွင်ပညာသင်ကြားနေကြသောကျောင်းသားကျောင်းသားလေးများ၏ တက္ကသိုလ်များ/ဘာသာရပ်များ/ပညာသင်ဆုများကို ဤနေရာတွင်  CLICK HERE ကြည့်ရှု့လေ့လာနိုင်သည်။

ဆက်လက်လေ့လာသင်ယူနိုင်မည့် တက္ကသိုလ်နှင့်နိုင်ငံများစာရင်း

ဤပရိုဂရမ်ပြီးဆုံးပါက၊ စင်္ကာပူ၊ အင်္ဂလန်၊ သြစတြေးလျ၊ အမေရိကန်၊ ကနေဒါ၊ ထိုင်း၊ မလေးရှား၊ ဂျပန်နိုင်ငံတို့တွင် ဆက်လက်ပညာသင်လေ့လာနိုင်ပြီး၊ နိုင်ငံနှင့်တက္ကသိုလ်စာရင်းအသေးစိတ်ကို ကြည့်ရှုနိုင်ပါသည်။

For further information about Pathway Universities including their entry requirements and how to choose a suitable Pathway University.

# Top Universities in Thailand GAC Remark
1 Stamford University
2 Rangsit University
# Top Universities in Uk GAC Remark
1 University of Stirling
2 University of East Anglia
3 Newcastle University
4 University Academy 92
5 The University of NORTHAMPTON
6 INTO Manchester in partnership with The University of Manchester
7 University of Huddersfield London
8 Teesside University
9 Cardiff University
10 Cardiff Metropolitan University
11 Robert Gordon University Aberdeen
12 Queen’s University Belfast
13 MANCHESTER METROPOLITAN UNIVERSITY
14 UNIVERSITY OF LEICESTER
15 UNIVERSITY OF STRATHCLYDE
16 UNIVERSITY OF SUSSEX
17 ANGLIA RUSKIN UNIVERSITY
18 SWANSEA UNIVERSITY
19 University of Plymouth
20 UNIVERSITY OF SUNDERLAND
21 COVENTRY UNIVERSITY
22 Keele University
23 Kingston University
24 Leeds Beckett University
25 Royal Holloway University of London
26 INTO London World Education Centre
27 University of Exeter
28 INTO University of Stirling
29 University of Huddersfield
30 University of the West of England, Bristol
31 University of South Wales
32 Birmingham City University
33 Nottingham Trent University
34 Middlesex University London
35 University of Portsmouth
36 University of Hertfordshire
37 University of Essex
38 Birkbeck University of London
39 London South Bank University
40 University of Hull
41 Aston University
42 Bournemouth University
43 University of Birmingham
44 University of Brighton
45 University of Westminster
46 University of York
47 University of Aberdeen
48 University of Leeds
49 Liverpool John Moores University
50 Northumbria University
51 Sheffield Hallam University